NyAlAy
အချိန်ပေး၍ လာရောက်ဖတ်ရှုသူများကို ကျေးဇူး အထူးတင်ရှိပါတယ်။ နှစ်သစ်မှာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ....

Apr 27, 2009

တူလေးမွေးနေ့ (၂၀၀၉ ဧပြီ ၂၂ - ဗုဒ္ဓဟူးနေ့)

ညလေးရဲ့ အစ်မကြီး ဧပြီ ၂၂ ရက် (ဗုဒ္ဓဟူးနေ့) က ဒုတိယမြောက် သားယောက်ျားလေးကို အောင်မြင်စွာ မွေးဖွား သန့်စင်ပါတယ်နော်။ အစ်မကြီးတို့ မိသားစု ဘ၀တစ်လျောက်လုံး ပျော်ရွှင်မှုများစွာနဲ့ မိသားစု သိုက်သိုက်ဝန်းဝန်း ရှိပြီး သားများကို လူတော် လူကောင်းများ ဖြစ်အောင် သွန်သင်နိုင်တဲ့ မိဘများ ဖြစ်ကြပါစေ... သားနှစ်ယောက်ကလဲ မိဘကျေးဇူး သိတတ်ပြီး မိဘကို မငြူစူပဲ ပြန်လည် ရှာဖွေကျွေးမွေး ပြုစု စောင့်ရှောက်နိုင်တဲ့ သားကောင်း ရတနာများ ဖြစ်ကြပါစေလို့ ညလေးက ဆန္ဒပြု ဆုတောင်းပါတယ်နော်။
အပေါ်ပုံက အငယ်ကောင်ပုံဖြစ်ပြီး နံမည်က Drake တဲ့၊ အောက်ပုံရဲ့ နောက်ဖက်မှာ ညလေးရဲ့တူ လူချော ငပြောင် အကြီးကောင် ပုံပါ၊ သူ့နံမည်ကတော့ Darek ပါတဲ့။ နောက်များမှာတော့ အလျဉ်းသင့်သလို သူတို့ရဲ့ ဓါတ်ပုံလေးတွေကို တင်ပေးသွားပါမယ်နော်...
*****

5 comments:

kyawthame said...

THE same birthday of PhyPhyKyawThein,in 22th April.
Maharmay.blogspot.com

Unknown said...

Look,the same day of PyuPyuKyawThein's birthday (22thApril)
maharmay.blogspot.com

မိုးကောင်းသူ said...

ညလေး တူလေးတွေက ချစ်စရာလေး။ အိပ်နေလိုက်တာ။

MoeThwayNge said...

ညလေး ရဲ့ တူလေးတွေ ကျမ်းမာပျော်ရွှင်ဥာဏ်ရည်ထက်မြတ်သူများ ဖြစ်ကြပါစေလို့ ဆုတောင်းပေးရင် ညလေး လည်း တူလေးတွေနဲ့ အပြိုင်ကစားနိုင်ပါစေဗျာ.။
နုတ်ခမ်းကြီးစူ မနေနဲ့ နော်...ဟဟဟ။

ခင်မင်မှုဖြင့်အားလုံးကို ပျော်စေချင်သူ...။

ညလေး said...

Kyaw Thame နဲ့ မဟာမေ ရေ.. ညလေးက ဖြူဖြူကျော်သိန်း မွေးနေ့တော့ မသိပါဘူး၊ ပြောပြတာ ကျေးဇူး...

မမိုးရေ မန့်တဲ့အတွက် ကျေးကျူးးးးးးးးး

ကိုလတ် ဆော့လို့ရဘူးဟ၊ သူတို့က ညလေးနဲ့ အဝေးကြီးမှာ.. ဟွန့် အနားနီးလို့ကတော့ တူတွေတောင် အရှုံးပေးရမယ် မှတ်။ :P

 
Looking for something? Try :::