NyAlAy
အချိန်ပေး၍ လာရောက်ဖတ်ရှုသူများကို ကျေးဇူး အထူးတင်ရှိပါတယ်။ နှစ်သစ်မှာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ....

Apr 27, 2009

တွေ့ချင်မိတဲ့ (၁၀) ယောက်

လင်းကြယ်ဖြူက ညလေးကို ဘလော့ဂါတွေထဲက အတွေ့ချင်ဆုံးသူ (၁၀)ယောက် ရေးပေးပါဆိုပြီး Tag လာပြန်ပါတယ်၊ ညလေးလဲ ဘလော့ဂ်ကို ဝေးနေတဲ့ချိန်တွေ ပြန်စနေရတဲ့ အချိန်တွေကြောင့် Tag Game နဲ့ ဝေးနေတာလဲ ကြာလှပေါ့။ လင်းကြယ်ဖြူကတော့ ညလေးကို ပထမဆုံး Tag တဲ့သူပါ။

ညလေးကတော့ ဘလော့ဂါတွေ အားလုံးကို တွေ့ဖူးချင်ပါတယ်၊ ဒီထဲမှာမှ ဟိုးးးး အရင် ဘလော့ဂါ ဘိုးဘိုးတွေ ဘွားဘွားတွေ ဖြစ်ကြတဲ့ သူတွေကိုတော့ အတွေ့ချင်ဆုံးပါ။ ကိုဖြိုးကိုတော့ အရင်တုန်းက တွေ့ဖူးတယ်၊ ခုတော့ သူလဲ အတော်လေး ပြောင်းလဲသွားပါပြီ၊ မိန်းမရသွားပြီလေ၊ ပျော်ရွှင်ပါစေ.. ကိုဖြိုး။ မနိုင်း မြန်မာချက်မှာတည်းက ခင်ခဲ့လို့ ခုထက်ထိလည်း မနိုင်းကို ချစ်နေဆဲ၊ မလေးမပန်မဂျစ် တို့နဲ့ အတူထိုင်ပြီး စကားတွေ ပြောချင်တယ်၊ သူတို့ရဲ့ စကားသံတွေ အတွေးတွေ ကိုယ့်စီများ ကူးစက်လာမယ်လို့ ထင်မိတယ်၊ စိတ်မကောင်းတာက မဂျစ်ကြီး ဘလော့ဂ်မရေးတော့ပါဘူး၊ အစ်ကိုသံလွင် (သူ့ကို အစ်ကိုသံလွင်လို့ ခေါ်ပါပြောလို့ ခေါ်ရတာ :P)၊ ကိုရန်လေး သူကတော့ မာနကြီးသွားတယ် ထင်တာပဲ တစ်ခါတစ်ခါ လာစေချင်ရင် သွားပင့်ရတယ်၊ ကျန်တာတွေလဲ များကြီးပါပဲ၊ ဆက်ရေးရင် ကုန်မှာ မဟုတ်တော့ဘူး။ ခုတော့ အသစ်တွေထဲကပဲ Tag လိုက်တော့မယ် အဟောင်းတွေကို ညလေး မတက်ခ်လဲ တစ်ပါတ်လည်ရင်း Tag ပြီးသားဖြစ်သွားလိမ့်မယ် ဟဲ ဟဲ။

ကိုလတ် နဲ့ ငွန်ငယ် ဆိုတဲ့ ပီနန်းက မောင်နှမနှစ်ယောက်နဲ့ တွေ့ချင်ပါတယ်။ ခင်မင်ခွင့်ရတဲ့ ကာလ တိုတောင်းပေမယ့်လဲ ညီမတစ်ယောက်လို ခေါ်ပြောပြီး ခင်ဖို့ကောင်းတဲ့ အစ်ကိုတစ်ယောက် ရသလိုပါပဲ။ ငွန်ငယ်နဲ့လဲ အွန်လိုင်းမှာ စကားလက်ဆုံ ကျချင်ပါသေးတယ်၊ သူကတော့ အတော်ဖမ်းရခက်တဲ့ ညီမပါ။

ကိုခွပ်ဒေါင်း နဲ့လဲ တွေ့ချင်တယ်၊ သူလဲ အစ်ကိုလိုပဲ ခင်ဖို့ကောင်းတယ်။ ခုတစ်နိုင်ငံတည်း ဖြစ်နေပေမယ့် ဒီလူတွေလည်း မအားကြဘူးလေ။

သဇင် ကတော့ချွင်းချက်၊ သူနဲ့တစ်ခါတော့ တွေ့ပြီးပေါ့၊ ထပ်တွေ့ချင်သေးတယ်၊ ခင်စရာကောင်းပြီး စကားပြော သွက်လက်တဲ့ ညီမလေးပါ။

မီးလေးဇာ ကတော့ ထိုင်းမှာ နေပြီး ညလေးနဲ့ အွန်လိုင်းမှာ ခင်တဲ့ ညီမလေးပါ၊ သူနဲ့က ဓါတ်ပုံချင်း အလဲအလှယ် လုပ်ပြီးပေမယ့် လူချင်းမတွေ့ဖူးသေးတော့ တွေ့ချင်မိတယ်။ ၀၀ကစ်ကစ် လေးနဲ့ ပျော်တတ်တယ်၊ ခုနောက်ပိုင်း ဂျီမှာ ပျောက်နေတယ်၊ ဓါတ်ပုံတွေလဲ မပို့တော့ဘူး။

မေဒီ ကိုလဲ ခင်မိတယ်၊ သင်္ကြန်တွင်းမှာ သူပဲ ညလေးဘလော့ဂ်ကို ဗွက်ထအောင် လုပ်သွားခဲ့တာ၊ ညလေး ထိုင်ဝမ်ရောက်ရင် သွားရှာမိမှာပဲ။

ညခင်းနဲ့လမင်း ဒီနှစ်ယောက်ကိုလဲ တွေ့ချင်သပ၊ ညလေး စီဘောက်စ်ထဲ လာလာအော်တဲ့ လမင်းကိုရောပေါ့။ ညခင်းက အေးပြီး လမင်းကတော့ ပျော်တတ်ပုံပဲ။

အမရာ ဆိုတဲ့ တော်ဝင် မိန်းကလေးကိုလဲ တွေ့ချင်မိပေါ့။ ခင်တာ မကြာသေးပေမယ့် ရင်းနှီးနေသလိုပဲ။

ပူးကောင်လေး နဲ့လဲ တွေ့ချင်တယ်လေ၊ သူကတော့ လူမဟုတ်ပဲ တိရိစ္ဆာန်လေး အကြောင်း ရေးထားလို့၊ သူ့အကောင်လေးတော့ အတော်ချစ်ပုံပဲ။

စမ်းချောင်းလေး နဲ့လဲ တွေ့ချင်ပါတယ်၊ ညလေးနဲ့ သိတာ မကြာသေးပေမယ့် ခင်ဖို့ကောင်းတယ်။

ဆောင်းနှင်း ကိုလဲ တွေ့ချင်ပါတယ်နော်။
*****
ညလေးရဲ့ တွေ့ချင်မိတဲ့ (၁၀)ယောက်ကတော့ ဒီလောက်ပါပဲနော်... ကျန်သူများ ချစ်တယ်၊ ခင်တယ် ဆိုရင်တော့ ဆက်လက် ရေးသားပေးကြပါလို့... တောင်းဆိုပါတယ် နော်...
*****

6 comments:

MoeThwayNge said...

အဲ ..ညလေးရေ တက်ပြန်ပေါ့...။နင်နဲ့ ဆို ၂ယောက်ရှိပြီးဟ။အားနာ လာပြီး..ဒီ ..ခုရေးနေတဲ့..ပီနန်ပို့စ်လေး ပြီးတာနဲ့ ရေးပေးမယ်နော်..။စိတ်မဆိုးနဲ့ ..ဆိုးရင် KL ,, လာရင် မုန့်ဝယ်ကြွေးနော်...။မိငွန်..ကတော့ အွန်လိုင်းဖက်ခြေတောင် မလဲ အားရှာဘူး..။

Anonymous said...

တွေ့ချင်တဲ့အထဲ ပါလို့ ရမ်းရမ်းကို ပျော်တယ် ညလေးရေ.. အဟိ.. သင်္ကြန်တုန်းက ဖွခဲ့တဲ့ ဗွက်ကို ခု သန့်ရှင်းရေး ပြန်လုပ်ပေးမယ်နော် :P နောက်နှစ်လည်း ခုလို ကဲချင်သေးတယ်။ တွေ့ချင်တဲ့သူတွေကို တွေ့ဖို့ဆို ဒီဒီ့ဆီ အရင်လာနော် သိလား။ ထာဝရ ကြိုဆိုနေမယ်... welcome to taiwan...

ဆောင်းနှင်းရွက် said...

အရမ်း စာရေးကောင်းဘူးလေ ..။ ကြုံရာ စုံရာ၊ တွေးမိ တွေးရာ ကို ပဲ ရေးတာ ဆိုတော့ ... ရေးပေးဖို့ က ..... ။ မရေးဖြစ်ခဲ့ရင် စိတ်မဆိုးပါနဲ့ နော် ..။

emayarKhin said...

အမရာလဲ ညလေးကိုတွေ့ချင်ပါတယ်....
ဒါနဲ့ကျန်သူများချစ်တယ်ခင်တယ်ဆို
ရေးပေ့းကြပါဆိုတာ.....သိပ်နားမလည်ဘူး....
ဘယ်သူတွေကိုပြောတာလဲဟင်?????:P

ညလေး said...

ကိုလတ်.. ရေးပေးဖို့က မှတ်ထားရင်ပြီးရော ဘယ်တော့ရေးရေး ရေးပြီးရင်သာ လာပြောလှည့်.. KL လာရင် ကိုလတ်က မုန့်ကျွေးမယ်ပေါ့။ ဒါလဲ ကောင်းတာပါပဲ၊ မှတ်ထားလိုက်မယ်နော်.. :P

မေဒီရေ ညလေးအစ်ကိုတွေလဲ ထိုင်ဝမ်မှာ ရှိတယ်၊ လာဖြစ်ရင်တော့ မေဒီ့ဆီ အရောက်လာဦးမှာ.. :)

ရပါတယ် ဆောင်းနှင်းရဲ့ ရေးတတ်သလိုပေါ့။ ညလေးတို့လဲ ဒီလိုပဲ...

အမရာတို့ကတော့ လုပ်တော့မယ် မေးလိုက်တာ ဟဲ ဘာဖြေရမှန်း သိတော့ဘူး။ သူငယ်ချင်းတွေကို ပြောတာ၊ သူငယ်ချင်းချစ် ခိခိ... :P

Yan said...

ညလေးရေ...

ကျွန်တော့်ကို တွေ့ချင်တဲ့ စာရင်းထဲတို့ထားလို့ ကျေးဇူးပါဗျာ. ကျွန်တော်လည်း ညလေးကို တွေ့ချင်ပါတယ်. ဘလော့ဂါဖိုရမ်မှာ စခင်ကတည်းက တော်တော်ခင်ဖို့ကောင်းတယ်လို့ မှတ်ပြီးသားပါ.း)

ကျွန်တော် မာနကြီးသွားတာ မဟုတ်ရပါဘူးဗျာ. အလုပ်တွေများ၊ စိတ်ဖိစီးမှုတွေများပြီး သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ပြတ်သွားသလို ဖြစ်သွားတာပါ.

ဒီလူဒီလူတွေ သတိမရဘဲနေမလားဗျ. ဟုတ်တယ်. ဘုတောပစ်လိုက်တော့မယ်. အဟတ်ဟတ်.

တိတ်ကဲဗျာ.

Y.

 
Looking for something? Try :::