NyAlAy
အချိန်ပေး၍ လာရောက်ဖတ်ရှုသူများကို ကျေးဇူး အထူးတင်ရှိပါတယ်။ နှစ်သစ်မှာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ....

Apr 20, 2009

ရေမုန်ညင်းရွက်ဟင်းရည် (၀ါ၊ စိမ်း၊ နီ ဟင်းရည်)း)

ဒီအရွက်ကို ဘယ်လိုခေါ်လဲ သိကြလား၊ ညလေးက တရုတ် ကွမ်တုံး(အိမ်)လိုပဲ သိပါတယ် (လှိုင်ယံထွယ်လို့ ခေါ်ပါတယ်)။ မြန်မာလို မသိဘူး၊ သိတဲ့သူများရှိရင် ပြောသွားပေးကြပါနော်။
သူက အပူကျပါတယ်၊ အိမ်မှာဆို ၀က်နံရိုး၊ ကျောက်ဖရုံသီး တို့နဲ့ ပြုတ်သောက်နေကျပါ။ သူ့ကို ဘယ်လိုခေါ်လဲ ခုချိန်ထိ မသိသေးပါဘူး။ ညလေးက ခု ကြက်ရိုး၊ မုန်လာဥနီ၊ ပြောင်းဖူးတို့နဲ့ ပြုတ်ပါမယ်။ “ရေမုန်ညင်းရွက်” ကို ရေဆေးပြီး လှီးထားပါနော်။ (ဟားးး ဟားးးးး သိသွားပြန်ပေါ့ တစ်ခု)
အရင်ဆုံး ရေနွေးအိုးတည်ပါတယ်၊ ပြောင်းဖူးကို အရွယ်တော်လေးတွေ လှီးထားပါ၊ မုန်လာဥနီကိုလဲ ကြိုက်ရာပုံစံနဲ့ လှီးထားပေးပါနော်။ ရေနွေးဆူလာရင် ကြက်သွန်ဖြူဂျင်း ထောင်းထားတာရယ် နဲ့ ကြက်သားကို အရင်တည်ပါတယ်။ ညလေးက ကြက်သွန်နီပါ လေးစိပ်ထိုးပြီး ထည့်ပါတယ်နော်၊ ကြက်သား တစ်ရည်ဆူရင် ပြောင်းဖူး၊ မုန်လာဥနီတို့ကို ရောထည့်ပြီး နူးအောင် ထပ် တည်ထားလိုက်ပါတယ်။

အရင် ထည့်ထားတာတွေ နူးအိလောက်မှ အသင့်ပြင်ထားတဲ့ အရွက်ထည့်ပြီး အချို၊ အငန်ထည့် ခဏ ထပ်တည်ထားပါတယ်။
မြည်းကြည့်လို့ အချိုအငန် အနေတော်ဆိုရင်တော့ အိုးပေါ်ကချလို့ သုံးဆောင်လို့ ရပါပြီနော်။ဘာအရွက်မှန်း မသိလို့ သူ့ကို “၀ါ၊ စိမ်း၊ နီး ဟင်းရည်” လို့ပဲ နံမည် ပေးလိုက်ပါတယ်နော်... မြည်းသွားကြပါဦးလား ညလေးရဲ့ လက်ရာ “ရေမုန်ညင်း၊ ပြောင်းဖူး၊ မုန်လာဥနီ” ဟင်းရည်။ :P
*****

4 comments:

စူးနွယ်လေး said...

အဲဒါ ရေမုန်ညင်းရွက်လေ။ အပူကျလို့ အိမ်မှာဆို ၀က်ရိုးနဲ့ ခဏခဏ ပြုတ်သောက်တယ်။

မယ့်ကိုး said...

...လုပ်စားကြည့်ဦးမယ်။ကျေးဇူး

ရဲဝင့်သူ said...

ရောက်တယ်ဗျ။စီပုံးမှာရေးမရလို့ ဒီမှာပဲရေးခဲ့တာ။
“ဘာသာမဲ့တေး” လာနားထောင်ပါဦး။

မဆုမွန် said...

နေမကောင်းဖြစ်ချင်သလိုဖြစ်နေတာ ညလေး တင်ထားတဲ့ မုန်ညင်းဟင်းချိုလေး အ၀သောက်သွားတယ် အိမ်ပါ ပါဆယ်ထုတ်သွားတယ်နော်..

 
Looking for something? Try :::