NyAlAy
အချိန်ပေး၍ လာရောက်ဖတ်ရှုသူများကို ကျေးဇူး အထူးတင်ရှိပါတယ်။ နှစ်သစ်မှာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ....

Apr 24, 2009

ဝက်သားသုပ်

ဝက်သားကို နူးအောင်ပြုတ်ပြီး မွှာထားပါ။ ကြက်သွန်နီ ပါးပါးလှီး၊ ငရုတ်သီးစိမ်း ပါးပါးလှီး၊ ကြက်သွန်နီကြော်၊ ငရုတ်သီးမှုန့်၊ ပဲကျက်မှုန့်၊ သံပုရာရည် တို့နဲ့ သုပ်စားပါတယ်။ ခိ အသားများသွားလို့ ကျန်တာတွေ မမြင်ရတော့ဘူး၊ စားလို့ကောင်းလားတော့ မမေးနဲ့ ကောင်းမှကောင်း၊ အရသာကတော့ လိုသလို ချိန်ဆကြပါနော်...
ဒါက မနယ်ခင်ပုံ... ဇလုံကြီးနဲ့ကို အားရပါးရ သုပ်စားပါတယ်။
ဒါကတော့ နယ်ပြီးသားပုံ...
ကြက်သွန်နီ ဆီချက် ဖြူးဖို့ မေ့သွားလို့ စားလို့ ကုန်သွားတော့မှ သတိရတယ်၊ ရိုက်ပြီးမှ ထည့်လိုက်တာဆိုတော့ ကြက်သွန်ကြော် ထည့် မရိုက်လိုက်ရဘူး ဆိုတာကို သတိမထားမိဘူး ဖြစ်သွားတယ်၊ ခိ ရှုပ်ကုန်ပေါ့။
*****

5 comments:

မြစ်ကျိုးအင်း said...

ညလေးရေ ဆီချက်မပါလည်း စားလို့ကောင်းမှာပါ
သရေယိုသွား ကြောင်း...
ခင်မင်သောအားဖြင့်..(မြစ်ကျိုးအင်း)..

သဇင်ဏီ said...

အင်း.. အကောင်းစားဆိုတာ ဒါမျိုးနေမှာ...
အကောင်းတွေပဲလှိမ့်စားနေလို့လေ.. :D

flowerworld said...

စားချင်တယ်ဗျို့ သွားရေတောင်ကျတယ် တောက်တောက် ဟိဟိ
မပျောက်ပါဘူးချစ်မရေ ပျင်းနေတာလေးပါ ဟီးးးးး စိတ်လဲနည်းနည်းလေနေလို့ နေကောင်းပါကြောင်းအဆင်ပြေပါကြောင်း
ချစ်မသုပ်ထားတဲ့ ၀က်သားသုပ်လေး အပြတ်ဆွဲချင်ပါကြောင်း ဟီးးးးးးး

စူးနွယ်လေး said...

ဆီချက်ပါပါ မပါပါ ကောင်းရင်ပြီးတာပဲ။ ပဲမှုန့်နဲ့တခါမှ သုပ်မစားဖူးဘူး။ စမ်းကြည့်ဦးမယ်။

ညလေး said...

မင်္ဂလာပါ ကိုမြစ်ကျိုး... :P

သဇင်ရေ အကောင်းကြီးပဲ မစားပါဘူးနော်၊ နေ့တိုင်း ကြက်သားချည်း ဖြစ်နေလို့ အဲ့ဒီ ကြက်သားတွေ ချက်တိုင်းသာ ပို့စ်တင်ရရင် ညလေး ဘလော့ဂ်က တွန်သံတွေ အော်သံတွေ ထွက်လာမှာ စိုးလို့.. ကောင်းတာလေးတွေ လှိမ့်တင်ပေးတာ။

မပျောက်လို့ပါပဲ မီးလေးရယ်၊ အွန်လိုင်းမှာလဲ မတွေ့ဘူး၊ ဂျီမှာလဲ မတွေ့မိဘူး။

စူးနွယ်ရေ ညလေးက ညလေး ကြိုက်တဲ့အတိုင်း သုပ်စားတာ၊ တခြားလူ ကြိုက်မကြိုက်တော့ မသိဘူး..

 
Looking for something? Try :::