NyAlAy
အချိန်ပေး၍ လာရောက်ဖတ်ရှုသူများကို ကျေးဇူး အထူးတင်ရှိပါတယ်။ နှစ်သစ်မှာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ....

Apr 25, 2009

သေခါနီး

မေတ္တာဆိုတာ ရောင်ပြန်ဟပ်တယ်တဲ့
ဟုတ်ခဲ့လို့လား?
ငါ ပြန်မေးနေတာ မဟုတ်ဘူးနော်
သေချာကို မသိခဲ့လို့ပါ။
သက်ရောက်မှုတိုင်းသာ
တန်ပြန် သက်ရောက်ခဲ့မယ်ဆိုရင်
မကောင်းတဲ့သူတွေ
အသက်ရှင်နေရဲမယ်လို့ မင်းထင်လား။
ငါတို့ဘ၀တွေ စိမ်းလန်းနေရင်တောင်
လှပမယ်ဆိုတာ ယုံကြည်မှု မရဲလို့
ပက်ကြားအက်မြေပြင်ကို ငေးကြည့်ရင်း
မိုးစက်မိုးပေါက်ဆိုတာကို စိတ်နာလာတယ်။
မုန်တိုင်းကြီးပဲ တိုက်ခတ်နေတော့လဲ
လေပြည်ညင်းရဲ့ ရှိနေခြင်းကို
ငါမေ့လျော့သွားမိတာ ဆန်းလို့လားဟ။
အပုပ်နံ့ခံတာဟာ
ဠင်းတဆန်မှန်း သိပေမယ့်
အခါခါ သေချင်မိတဲ့ ငါ့စိတ်ကို
မပြုပြင်နိုင်တာရော ငါ မှားလား။
ငါဟာ....
လူတစ်ယောက်အတွက်
(ဒါမှ မဟုတ်)
အားလုံးအတွက်
နောက်ဆုံးရိက္ခာတော့
ဖြစ်ချင်ပါသေးတယ်ကွယ်…
*****

5 comments:

ဂျပန်ကောင်လေး said...

ညလေးရေ.. တိုတိုလေးနဲ့ မိတယ်ဟေ့...း)

လမင်း said...

ကဗျာလေး ကောင်းတယ် ညလေးရေ

ပြောအုံး လမင်းက ကောင်လေးဟာ

ညခင်း က သိပ်ချစ်ရတဲ့ တီတီကွာ မှတ်ထားနော်

နောက်လာမေးရင်ရိုက်လွတ်မယ်

Anonymous said...

ရှင်ရဲမှာပါကွာ မကောင်းတဲ့လူတွေလည်း မကောင်းတဲ့အလျောက် ကောင်းတဲ့လူလည်းကောင်းတဲ့အလျောက် ရှင်သန်နေမှာပါပဲ

တီချမ်း said...

လာလည်ပါတယ်အေ
ခုတလော ဘယ်မှမရောက်ဖြစ်တာပါ
အိမ်မလည်ဖြစ်ဘူး
တီ သိတာတော့ မေတ္တာရောင်ပြန်က ဟပ်မဟပ်တော့ သိဘူး
အဲတာ ဘလောခ်နာမည်ပဲ ခိခိ

ညလေး said...

မန့်တာ ကျေးဇူးပါ ဂျပန်ကောင်လေးရေ...

သြော် လမင်းက ကောင်လေးကိုးးးး
ညခင်းက သိပ်ချစ်ရတဲ့ တီတီဆိုတော့... ခိ ဘာပါလိမ့်..

ဟုတ်ပါတယ် ကိုအမည်မသိ၊ သို့သော် မကောင်းတာလုပ်တဲ့ခါ ခုချက်ချင်း မကောင်းကျိုး ခံစားရမယ်ဆိုရင်ရော... အနည်းငယ်တော့ မကောင်းတဲ့သူတွေ လျော့သွားနိုင်ပါတယ်။

လာတာလည်တာပါအေ..
တို့အန်တီချမ်းကို မတွေ့မိပါဘူးနော်.
အဲ့ဒီ မေတ္တာရောင်ပြန်ဆီ ညလေးရောက်ပြီးပေါ့.. :P

 
Looking for something? Try :::