NyAlAy
အချိန်ပေး၍ လာရောက်ဖတ်ရှုသူများကို ကျေးဇူး အထူးတင်ရှိပါတယ်။ နှစ်သစ်မှာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ....

Apr 16, 2009

အာလူးအစပ်ချက်

အာလူးကို ဘာမှ မပါပဲ ဆီပြန်အစပ်လေး ချက်စားပါတယ်။

အာလူးတွေကို အတုံးသေးသေးလေးတွေ တုံးပေးပါ၊ ကြက်သွန်နီ လှီးထား၊ ကြက်သွန်ဖြူနဲ့ ဂျင်း ထောင်းထားပါ၊ ကြိုက်တတ်ရင် ငရုတ်သီးစိမ်းလေး ထပ်ခြမ်းခွဲထားပါနော်။

ဆီပူထဲကို နနွင်း အနည်းငယ် ထည့်ပြီး ကြက်သွန်နီ ဆီသတ်ပါမယ်၊ အနည်းငယ် ညိုလာရင် အဖြူနဲ့ဂျင်း ထောင်းထားတာ ထည့်လိုက်ပါ၊ မွှေးပြီး ရဲလာရင် အရောင်တင်မှုန့် ထည့်ပေးပါ၊ ခဏမွှေပါနော်။ ပြီးတာနဲ့ တုံးထားတဲ့ အာလူးတွေ ရောမွှေပြီး ရေ လိုသလောက်ထည့်လို့ အဖုံး အုပ်ထားပေးပါနော်။ အာလူးတွေ နူးလောက်ပြီဆိုရင် ငရုတ်စိမ်း ထပ်ခြမ်းခွဲထားတာ ထည့်ပြီး မဆလာ ခတ်လိုက်ပါတယ်။ အပေါ့အငံ ထည့်ပြီးရင် စားလို့ရပါပြီနော်။
*****

1 comments:

သဇင်ဏီ said...

ဆားချက်တယ်.. ဆားချက်တယ်... ခွိခွိ =)

 
Looking for something? Try :::