NyAlAy
အချိန်ပေး၍ လာရောက်ဖတ်ရှုသူများကို ကျေးဇူး အထူးတင်ရှိပါတယ်။ နှစ်သစ်မှာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ....

Apr 6, 2009

ဒေါသ

ဒေါသဆိုတာ ပူလောင်တဲ့ အရာမျိုးပါ၊ ဘယ်သောအခါမှ ကိုယ့်ဆီကို အလာမခံပါနဲ့။ အထူးသဖြင့် ကိုယ့်စိတ်ကို ဒေါသတွေနဲ့ ဖုံးလွှမ်းမသွားပါစေနဲ့။

ဘုန်းဘုန်း ဦးဆေကိန္ဒ ဟောသွားခဲ့တာက
“ဧည့်သည် ဆိုတာမျိုးက အိမ်ရှင်ဖိတ်မှ အိမ်ထဲကို ၀င်လာရဲတာပါ၊ ကိုယ်က လက်မခံရင် ဘယ်ဧည့်သည်မှ ကိုယ့်ဆီကို မလာရဲသလိုပဲ ဒေါသ ဆိုတာကိုလဲ ကိုယ့်ဆီကို အလာမခံပါနဲ့၊ ကိုယ့်စိတ်ကို ဒေါသတွေနဲ့ စွန်းထင်းအောင်၊ ပူလောင်အောင် မလုပ်ကြပါနဲ့။ ဒေါသဟာ ကိုယ့်စိတ်ကို နိုင်သွားပြီဆိုရင် ကိုယ်ကိုယ်တိုင် ပူလောင် လာသလို တစ်ပါးသူကိုလဲ ကူးစက် ပူလောင်စေပါတယ်။ ဒေါသစိတ်ကြောင့် တစ်ပါးသူကို ရိုက်နှက်မိတယ်၊ ကိုယ်ပိုင်ပစ္စည်းတွေ ရိုက်ခွဲ၊ လွှင့်ပစ်လိုက်တယ် ဆိုရင် ကိုယ်ပဲ ဆုံးရှုံးနစ်နာမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒေါသကို မိမိဆီ အလာမခံကြပါနဲ့”
*****

0 comments:

 
Looking for something? Try :::