NyAlAy
အချိန်ပေး၍ လာရောက်ဖတ်ရှုသူများကို ကျေးဇူး အထူးတင်ရှိပါတယ်။ နှစ်သစ်မှာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ....

Apr 21, 2009

ငွေ.. ငွေ... ငွေ......

ငွေ.. ငွေကတော့ လူသားတွေရဲ့ သည်းခြေကြိုက်ပဲပေါ့ လူတိုင်းအတွက် မရှိမဖြစ် လိုအပ် နေတာကလဲ ငွေပဲလေ။ လူတစ်ယောက်ကို “မင်း သုံးချင်ရာ သုံးစမ်းဆိုပြီး ငွေတွေ ပုံအော ပေးထားကြည့်ပါလား၊ သုံးလောက်မယ် ထင်သလား”။ ချမ်းသာတဲ့ သူလဲ ဒီငွေပဲ သုံးတယ်၊ ဆင်းရဲတဲ့သူလဲ ဒီငွေပဲ ကိုင်တယ်၊ အမှိုက်ကောက်တဲ့ သူလဲ ဒီငွေနဲ့ပဲ စားဝတ်နေရေး ပြေလည်အောင် လုပ်ရတယ်၊ ဘယ်သူမဆို ဘယ်လူမျိုး၊ ဘယ်ဘာသာခြား မဆို ဒီ ငွေတွေပဲ သုံးကြတယ် (နိုင်ငံကွာလို့ ငွေကွာတာကို မပြောပါနော်)။ ငွေက ဘာလို့ လူတိုင်းအတွက် မရှိမဖြစ် အသုံး လိုနေရတာလဲ? လိုချင်တာတွေ၊ စားချင်တာတွေ၊ ၀တ်ချင်တာတွေ၊ လှူချင်တာတွေ၊ ပေးကမ်းချင်တာတွေ.. ဒီလို အလို ဆန္ဒ... ဆန္ဒတွေတိုင်းအတွက် ဖြည့်ဆည်းနိုင်ဖို့ ၀ယ်နိုင်ဖို့က သူ(ဒီငွေ)ပဲ လိုအပ်တာလေ။ ညလေးတို့တွေ လိုအပ်နေတာတွေကို ငွေနဲ့ လဲလှယ် ယူလိုက်ရတာပဲ မဟုတ်လား၊ စားချင်နေတာ အာသီသ ဖြစ်နေတာတွေက ငွေမရှိရင် ဘယ်သူက အလကား လာကျွေးမလဲ မဟုတ်ဘူးလား။ သူနဲ့ပဲ အလဲ အလှယ် လုပ်ရတာပေါ့ (တန်ရာတန်ကြေး ပေးပြီးတော့လေ)။ လူဖြစ်လာတဲ့အတွက် လူ့ဘ၀မှာ ငွေထက် အသုံးလိုတာတွေ ရှိနေတဲ့ အတွက်ကြောင့်လဲ ညလေးတို့တွေဟာ နေ့စဉ် ငွေနဲ့ လဲလှယ်ပြီး ၀ယ်နေကြရတာပါ။

ငွေမပါပဲ ငွေကလွဲလို့ ဖောဖောသီသီ သုံးနိုင်တာ ရှိလားဆိုတော့ ရှိပါတယ်။ ညလေးတို့တွေ (လူသားတွေ)ရဲ့ စိတ်ထဲမှာ ရှိနေနှင့်တဲ့ ဖြူစင်တဲ့ မေတ္တာ စိတ်လေးပါ။ ဖြူစင်တဲ့ စိတ်လေးနဲ့ လူတိုင်းအပေါ် မေတ္တာထားနိုင်ကြမယ် ဆိုရင် ကျန်တာတွေ ထည့်မတွက်ကြတော့ပါဘူး။ လူတစ်ယောက် အပေါ် မေတ္တာစိတ်လေး ထားရှိနိုင်မယ်ဆိုရင် ငွေက အရေးကြီးနေဦးမယ် မထင်ဘူး။ လှူချင် တန်းချင်တယ် ဆိုတာလဲ အဲ့ဒီ ဖြူစင်လှတဲ့ မေတ္တာစိတ်လေး အရင်းခံပါတယ်။ လူတစ်ယောက်အပေါ် မေတ္တာ မရှိတော့ဘူး မေတ္တာ ကုန်ခန်းသွားမယ် ဆိုရင် ဒီလူ ဘာလုပ်လုပ် ဘာကိုင်ကိုင် အပြစ် မြင်နေတော့မှာ အသေအချာပါ။ ဘယ်သူ့အပေါ်မဆို ဖြူဖြူစင်စင် လေးသာ ဆက်ဆံကြည့်ပါ၊ မကြာခင် ကိုယ်ကလဲ သူတစ်ပါးဆီက ဖြူစင်မှုကို ပြန်လည် ရရှိလာပါလိမ့်မယ်။ ကိုယ့်ဆီ စ ချည်းကပ်လာတည်းက လိမ်လည်ဖို့ ချည်းကပ်လာတဲ့ သူတွေကလွဲရင်ပေါ့။

လူတိုင်း လူတိုင်းဟာ ကိုယ့်ဘ၀နဲ့ ကိုယ် မင်းသားတွေ/ မင်းသမီးတွေ ချည်းပါပဲ၊ မယုံ စဉ်းစားကြည့်ပါလား။ တစ်ချို့တွေ ကိုယ့်အိမ်မှာ လိုချင်တာတွေ ဖြစ်ချင်တာတွေ လိုချင်တိုင်း တောင့်တတိုင်း ရနေကြတဲ့သူတွေ အပုံကြီးပါ။ ကိုယ်က အလုပ်နဲ့ အကိုင်နဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နေနိုင်ရင် ကိုယ့်ဘ၀မှာ ကိုယ်က မင်းသား/မင်းသမီးပဲ မဟုတ်လား။ အဲ့လို ဘ၀ကနေ ငွေနောက်လိုက်ကြပြီး သူများ ဘ၀တွေရဲ့ လူကြမ်းကြီးတွေ၊ ဇာတ်ပို့/ဇာတ်ရံတွေ၊ နောက်လိုက်တွေ ဖြစ်သွားတတ်ကြပါတယ်။

လူတိုင်းမှာ မွေးတည်းက ဦးဏှောက်ပါတယ်၊ စဉ်းစား ဆင်ခြင်တတ်ကြတယ်၊ စာတတ်တဲ့သူတွေက ပိုပြီး အသိဉာဏ် ရှိကြပါတယ် (ထင်တာပေါ့နော်)။ သို့သော် အဲ့ဒီ စာတတ် ပေတတ်သမားတွေ မိုက်ကန်းရင် ပိုဆိုးတတ်ပါတယ်။ ကိုယ်ပိုင် အသိဉာဏ်နဲ့ စဉ်းစား ဝေဖန် ပိုင်းဖြတ်ကြပြီး ဆုံးဖြတ်ချက် မှန်ကန်စွာ ချနိုင်ရင် လူတော် တစ်ယောက်ပါ။
*****
အဲလေ ညလေးတစ်ယောက် အစကတော့ ဒါတွေ ရေးဖို့ မဟုတ်ပါဘူး၊ ညလေး တစ်ယောက် အွန်လိုင်း တက်မလာရင် ဒါမှမဟုတ် ဂျီမေးလ်ထဲကနေ နှုတ်မဆက်ပဲ ပျောက်ပျောက် သွားတတ်တဲ့ ညလေးကို သူငယ်ချင်းတွေ အထင်မှားမှာ စိုးလို့ ဖြေရှင်းမလို့ဟာ ဟိ.. ဘာတွေ ရေးမိမှန်း မသိတော့ပါဘူး။

ညလေးတစ်ယောက် ပျောက်သွားရခြင်းကတော့.....
ငွေပုံကြားထဲ ပိတ်မိနေခြင်းကြောင့် သာ ဖြစ်ပါကြောင်းးးးးးးးးးးး
*****

7 comments:

Harry said...

ငွေ ဆိုတာကတော့ လောက်တယ်ကိုမရှိပါဘူး ညလေးရယ် .. ရလေလိုလေပါပဲ ...
ငွေပုံကြီးကြားထဲ ပိတ်မိနေရင်တော့ နည်းနည်းပေးဦးနော်

Anonymous said...

ထိုင်းပိုက်ဆံတွေနဲ့တူလို့ဘယ်ကလဲလို့မေးတော့မလို့း) ငွေလား သူကမရှိမကောင်း ရှိမကောင်း သူ့ကြောင့်ဆံပင်တွေကျွတ်တယ် ။

သဇင်ဏီ said...

ဂလိုကိုးးးးး
တစ်ထုပ်လောက်ပစ်လိုက်ပါဗျို့..
ကျပ်တန်ထုပ်မဟုတ်ဘူးနော်..
ခွိခွိ.. ဒီမှာရေခမ်းနေပါတယ်ဆိုမှ သူကပိုက်ဆံထုပ်ပြနေတယ်.. ဟွန့်.. လူဆိုး..

ခွပ်ဒေါင်းမြေ said...

ပထမဦးဆုံး မန့်ခွင့်ရတယ်ဟေ့!!!!

ဖတ်တယ်
ကောင်းတယ်




ဒါပေမဲ့ ကောင်းခန်းရောက်မှ အောက်က ဆက်လက်ဖတ်ရှုရန်...>>>> ကို နှိပ်တာ နှိပ်လို့ မရဘူး... လုပ်ပါဦး...

Welcome said...

မိုးလင်းက မိုးချုပ် သူ့နောက်ကိုပဲ တကောက်ကောက် လိုက်နေရတာကိုပဲ ကြည့်တော့ သူ့ရဲ့ အရေးပါမှုက တနေ့တခြား များများ လာတော့ ပိုပို မောရတာပေါ့နော်။

ခင်မင်လျက်

kiki said...

ဪ..ဒီငွေတွေကြောင့် ညလေးတယောက် နေ့ မြင်ညပျောက်ဖြစ်နေရတာလား ။အဟက်ဟက် ။
မရှိမကောင်း ရှိမကောင်းလေ ။ မရှိလဲပျက် ရှိလဲပျက် နေရတာလဲ ဒီငွေတွေကြောင့်ပေါ့။ ဒီတော့ ..ရှိရင် သုံးပစ်လိုက် ..ဗမာငွေဆို မှိုတက်မြန်တယ် ။ဘတ်ငွေဈေးကျနေပြီလား ။ဟိဟိ ခုဘယ်ဈေးပေါက်လဲ ။ :)

Co2zeиith said...

အဲ တော်တော်လေး သတ္တိတွေကောင်းနေတာပါလား မမညလေးတို့ က၊၊
ကုလားမကြောက် ရဲ မကြောက် နဲ့ ၊၊
သခိုးမကြောက် ဒါးပြ မကြောက် ပြောတာမှားတွားယို့၊၊
ဟိဟိ၊၊
ပရောဂျက် တွေက မလေးမှာနည်းလို့  ကြောငြာဝင်တာပေါ့၊၊
ဟုတ်လား...?

 
Looking for something? Try :::