အဲ့လို ၀မ်းသာအားရ ဖြစ်နေတဲ့ ညလေးကို ကားဆရာကတော့ ခပ်ကြောင်ကြောင် ကြည့်နေမှာ သို့သော် သူ့ကို ဂရုမစိုက်အားဘူး ကားပေါ်က မီတာကို လှမ်းကြည့်လိုက်တော့ (ရင်းဂစ် ၁၃.၅၀) တဲ့ များလိုက်တာပေါ့။ ဒါပေမယ့်လဲ ဟိုကွေ့ ဒီကွေ့ ဟိုတက် ဒီတက် ဟိုရပ် ဒီရပ် ရှာနေရတဲ့ချိန်နဲ့ ဆိုတော့ တကယ်တမ်း (ရင်းဂစ် ၈၊ ၁၀) လောက်ပဲ ကျမယ့်ဟာ များသွားတာပေါ့လေ (No Problem) ပါနော်…။ ကားသမားကို (၁၄ ရင်းဂစ်) ထုတ်ပေးပြီး ကျေးဇူးတင်ပါတယ် ပြောရင်း ကားပေါ်က ဆင်းလိုက်တယ်။
တစ်ယောက်တည်း လမ်းလျှောက်လာရတာ ကြောင်တောင်တောင် လေးနဲ့ပေါ့ (ဒါ့ကြောင့် သူငယ်ချင်းတို့လဲ ညလေးနဲ့ တူတူ လိုက်ခဲ့ပေးဦးနော..... တူတူ သွားကြတာပေါ့ ဟုတ်ဘူးလား) လမ်းမမှာလဲ ဟိုဒီတစ်စုနဲ့ လူတွေရှိနေတယ်။ ညလေးကို ကြည့်နေကြတယ်လေ၊ သူတို့တွေက အဖွဲ့တွေနဲ့ ချည်းပဲလေ၊ လာတဲ့ လူတွေကတော့ အများကြီးပဲ၊ ခြံဝင်းထဲမှာ တစ်ချို့တွေ စားသောက် နေကြတယ်လေ။ ညီမလေးကို ခြံရှေ့ရောက်တော့ ဖုန်းထပ်ခေါ်ကြည့်သေး မကိုင်ပြန်ဘူးဟ၊ အဲ့ဒါနဲ့ ခပ်ကြောင်ကြောင်လေး လှမ်းဝင်လိုက်တယ်၊ ပထမတစ်ခေါက် ရောက်ပြီးသားဆိုတော့ စိမ်းမနေဘူးပေါ့။
တစ်ခါတည်း ဘုရားဆောင်ရှေ့ ရောက်အောင်သွားပြီး အရင်ဆုံး ဘုရားရှင်ကို ဦးတိုက်လိုက်တယ်၊ ဘုရား ဆင်းတုတော်ကိုလဲ ဖုန်းလေးနဲ့ ဓါတ်ပုံ ထပ်ရိုက်တယ်၊ ပြီးတော့ ညလေးတစ်ယောက် သူများတွေကို ဟိုကြည့် ဒီကြည့်နဲ့ပေါ့။ ကြည့်ရတာတော့ တရားပေးပြီး သွားပုံပါပဲ၊ ညလေး မမီတော့ဘူးပေါ့၊ အင်း ရောက်သွားတာပဲ (၁၁)နာရီ ထိုးတော့မယ်လေ၊ ဘုရားခန်း အလယ်မှာ စားပွဲတွေချပြီး ဆွမ်းပွဲတွေ ပြင်နေကြတယ်၊ အသိမရှိတော့ ဘာလုပ်ပေးရမှန်းမသိ။
ခဏနေတော့ ဘုန်းဘုန်းတစ်ပါး (ကျောင်းထိုင်ထင်ပါတယ်) က “အပေါ်ထပ်က ကိုယ်တော်တွေ ပင့်တော့ ဆွမ်းစားမယ်” ပြောသံကြားတယ်။ ဘုန်းဘုန်းတွေလဲ ထိုင်နေကြပြီး အပေါ်ထပ်က ဦးဇင်းတွေ ကြွလာပြီး ထိုင်ကြတယ်။ ဆွမ်းဟင်းတွေက အများကြီးပဲ ညလေးတောင် သေချာ မကြည့်ခဲ့ရဘူး၊ မှတ်မိတာတော့ သီစုံဟင်းရည်၊ ငပိကြော်၊ ၀က်သားကင်၊ ကြက်၊ ဘဲဥချဉ်ရည်၊ ကော်ပြန့် ခွက်လေးတွေလဲ တွေ့တယ်၊ အရွက်ကြော်၊ စုံနေတာပဲ။
ဘုန်းဘုန်းတို့လဲ ထိုင်ပြီးကြရော လူတွေကို “လာကြလာကြ စားပွဲကို ၀ိုင်းကိုင်ကြ တစ်ခါတည်း ကပ်မယ်”ဆိုပြီး ခေါ်သံ ကြားလိုက်ရတယ်၊ လူတွေက ဘုန်းဘုန်းတို့ ကြားထဲကနေ လက်တွေ ထွက်ပြီး စားပွဲကို ၀ိုင်းမပေး ဘုန်းဘုန်းတို့က ဘုရားစာရွတ်နဲ့ ညလေးတောင် လူများတော့ တိုးမပေါက်တာနဲ့ စားပွဲကို မကိုင်တော့ပဲ ဓါတ်ပုံရိုက်ဖို့ပဲ လုပ်တော့တယ်။ တစ်ကလစ်....
ဘုန်းဘုန်းတို့ ဆွမ်းဘုဉ်းပေးနေပါတယ်....
ပန်းခြံလေးထဲ သွားပြီး လျှောက်ရိုက်ပါတယ်။ ဟိုကြည့် ဒီကြည့်ပေါ့... တစ်ကလစ်...
ဒီဘက်ခြမ်းက သင်္ကန်း ရောင်းနေသူနဲ့ ခြံထဲက သူတွေဆီ တစ်ကလစ်...
ဟင်းပွဲတွေ သိမ်းတဲ့ခါမှာ များလွန်းလို့ လူတွေ တန်းစီပြီး သိမ်းတာတောင် အတော်ကြာပါတယ်၊ မီးဖိုဆောင်ထိ ရောက်အောင် တစ်ယောက်တစ်လက် လင့်ဆင့်ကမ်းပေးကြတယ်။ ပြီးတော့ နောက်တစ်တန်းက အချိုပွဲတန်းပါ၊ ပျော်စရာကြီး ပန်းကန်ရေလှိုင်းတွေပေါ့။
ဘုန်းဘုန်းတို့ အချိုပွဲ ဘုဉ်းပေး နေတုန်းမှာပဲ ခြံထဲမှာ ၀ုန်းဝုန်း ၀ုန်းဝုန်းနဲ့ ရေပက်သံတွေ အော်ဟစ်သံတွေ ကြားရတော့ ညလေးလဲ အပေါက်ဝလေး ထွက်ကြည့်မိတယ်။ သူများတွေတော့ အတော်လေး ပျော်နေကြတယ်လေ၊ ရေတွေ လောင်းနေလိုက်ကြတာ ရွှဲရွှဲစိုနေကြပေါ့၊ ထမင်းစားနေတဲ့ စားပွဲခုံတွေကို တစ်နေရာ ကပ်ထားကြပြီး ဆော့နေလိုက်ကြပုံများးးးးးးး ညလေးကတော့ ဘေးကနေ အားပေးသူ သက်သက်ပါ၊ သူများတကာတွေလို အင်္ကျီအပို မပါလာတဲ့အတွက် (ထင်လဲထင်မထားဘူး) ၀င်မဆော့ဖြစ်ပါဘူး၊ တော်နေကြာ ပြန်တဲ့ချိန်ကျမှ တစ်ယောက်တည်း ကွက်ကျားမိုးရွာထားတယ် ဖြစ်မ စိုးလို့....
အချိုပွဲဘုဉ်းပေးပြီး ဦးဇင်းတို့ ပြန်ကြွသွားပါတယ်။ ကြည့်ရတာ သင်္ကြန်တွင်း ဒုံလ္လဘရဟန်းခံတဲ့ ကိုယ်တော်တွေ ထင်ပါ့၊ လမ်းလျှောက်ပြီး ပြန်ကြွသွားကြလေရဲ့။ သံဃာတော် အားလုံး (၁၈)ပါး ရှိပါတယ်။ဓါတ်ပုံထဲမှာ အင်္ကျီအနက်နဲ့ အဖြူကျား ၀တ်ထားပြီး ကနေတဲ့သူ တွေ့တယ်ဟုတ်။ ညလေး အပေါက်ဝမှာ ဓါတ်ပုံရိုက်နေတုန်း အဲ့ဒီဝတ်စုံနဲ့ ထွက်ပြီး ကပါလေရောဗျာ... ဒီမျက်နှာ ခုနက ဘယ်နား တွေ့လိုက်ပါလိမ့်လို့ စဉ်းစားလိုက်ရတာ... အစကတော့ သူက ယောဂီဝတ်စုံနဲ့ ပုဆိုးနဲ့ ဘာနဲ့ အကျအနပေါ့ ခုမှ ဘယ့်နှယ် အသွင် ပြောင်းသွားပါလိမ့် ဆိုပြီး စဉ်းစားနေမိတယ်၊ မှတ်မိလိုက်တာက ပြုံးနေတဲ့ မျက်နှာနဲ့ ပါးနှစ်ဖက်မှာ ပါးချိုင့် ခွက်ဝင်နေလို့ (ချိုပြုံးတိုင်းပဲ) သတိထားမိတာပါ။ သူကတာ လှမှလှ ကွေးနေတာပဲ (နောက်မှ သိရတာက အခြောက်ကြီးတဲ့၊ သူများတွေက မာမီချိုလို့ ခေါ်ကြတယ် ခိခိ...)
အတို ချုံးလိုက်တော့မယ်နော် အတော်လေး ရှည်နေပေါ့၊ ဒါနဲ့ ညလေးလဲ ပြန် (အဲ.. အဲ.. ဟုတ်သေးဘူး) ညလေး ကြည့်ကောင်း နေတုန်းမှာပဲ ညီမလေးဆီက ဖုန်းလာပါတယ်..
“အစ်မ ဘယ်မှာလဲ” တဲ့
“ညလေးက ရှေ့ဖက် အပေါက်ဝနားမှာ”
“ညီမလဲ အပေါက်ဝနားမှာပဲလေ”
“အင်းလေ ညလေးလဲ ဒီမှာ” ဆိုပြီး ပြောရင်းနဲ့ တွေ့သွားပါတော့တယ် ခင်ဗျာ..... ခိ ချစ်ချာလေး (နောက်တစ်ခါတွေ့ရင် မုန့်ကျွေးတော့) သူနဲ့တောင် ဓါတ်ပုံ တွဲမရိုက်ခဲ့ရဘူး။ ခဏ စကားပြော သူက သူ့သူငယ်ချင်း ရှိရာ ပြန်သွား၊ ညလေးလဲ ဘုန်းဘုန်းကို ၀တ္ထုငွေ သွားကပ်နဲ့၊ သူကတော့ ဘုန်းကြီးရှေ့မှာ ပရိတ်ကြိုး လက်မှာ ချည်နေလေရဲ့။ ဘုန်းဘုန်းနဲ့ စကားပြောနေရင်း ညလေးအသိ ဦးလေးကြီးကို လှမ်းတွေ့လိုက်တော့ သူ့ကို သွားနှုတ်ဆက်တယ်၊ ညလေးကို တစ်ယောက်တည်းလား လို့မေးပြီး ပြန်ရင် ပြန်ပို့ပေးခဲ့မယ် ပြောတယ်။
ထမင်း မစားရသေးဘူး ဆိုတော့ သွားစားချေဆိုပြီး သူလိုက်ပို့တယ်၊ နာရီကြည့်လိုက်တော့ (၁း၀၀)နာရီထိုးတော့မယ်။ ဆိတ်သား၊ ကြက်သား၊ ဘဲဥချဉ်ရည်၊ သီးစုံဟင်းရည်၊ ငပိကြော် နဲ့ ညလေး စားသောက်ခဲ့ပါတယ်။ စားသောက်ပြီးတော့ ဘုန်းဘုန်းကို ပြန်ဖို့လျောက်တယ်၊ ပရိတ်ကြိုးကို လက်မှာချည်ပြီး ပြန်ခဲ့ပါတယ်။ အပေါက်ဝမှာ ရေထိမှာကြောက်လို့ လစ်လာခဲ့ရသေးတယ်။ အပြင်ကနေ ဘုန်းကြီးကျောင်းကို ဓါတ်ပုံရိုက်ခဲ့တယ်။*****
အားလုံးပဲ နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများနဲ့ ပြည့်စုံကြပြီး လိုရာခရီးကို လျင်မြန်စွာ လျှောက်လှမ်း နိုင်ကြပါစေလို့ ညလေးက နှစ်သစ်ဆုမွန်ကောင်း တောင်းပါတယ်...နော်............
*****တစ်ယောက်တည်း လမ်းလျှောက်လာရတာ ကြောင်တောင်တောင် လေးနဲ့ပေါ့ (ဒါ့ကြောင့် သူငယ်ချင်းတို့လဲ ညလေးနဲ့ တူတူ လိုက်ခဲ့ပေးဦးနော..... တူတူ သွားကြတာပေါ့ ဟုတ်ဘူးလား) လမ်းမမှာလဲ ဟိုဒီတစ်စုနဲ့ လူတွေရှိနေတယ်။ ညလေးကို ကြည့်နေကြတယ်လေ၊ သူတို့တွေက အဖွဲ့တွေနဲ့ ချည်းပဲလေ၊ လာတဲ့ လူတွေကတော့ အများကြီးပဲ၊ ခြံဝင်းထဲမှာ တစ်ချို့တွေ စားသောက် နေကြတယ်လေ။ ညီမလေးကို ခြံရှေ့ရောက်တော့ ဖုန်းထပ်ခေါ်ကြည့်သေး မကိုင်ပြန်ဘူးဟ၊ အဲ့ဒါနဲ့ ခပ်ကြောင်ကြောင်လေး လှမ်းဝင်လိုက်တယ်၊ ပထမတစ်ခေါက် ရောက်ပြီးသားဆိုတော့ စိမ်းမနေဘူးပေါ့။
တစ်ခါတည်း ဘုရားဆောင်ရှေ့ ရောက်အောင်သွားပြီး အရင်ဆုံး ဘုရားရှင်ကို ဦးတိုက်လိုက်တယ်၊ ဘုရား ဆင်းတုတော်ကိုလဲ ဖုန်းလေးနဲ့ ဓါတ်ပုံ ထပ်ရိုက်တယ်၊ ပြီးတော့ ညလေးတစ်ယောက် သူများတွေကို ဟိုကြည့် ဒီကြည့်နဲ့ပေါ့။ ကြည့်ရတာတော့ တရားပေးပြီး သွားပုံပါပဲ၊ ညလေး မမီတော့ဘူးပေါ့၊ အင်း ရောက်သွားတာပဲ (၁၁)နာရီ ထိုးတော့မယ်လေ၊ ဘုရားခန်း အလယ်မှာ စားပွဲတွေချပြီး ဆွမ်းပွဲတွေ ပြင်နေကြတယ်၊ အသိမရှိတော့ ဘာလုပ်ပေးရမှန်းမသိ။
ခဏနေတော့ ဘုန်းဘုန်းတစ်ပါး (ကျောင်းထိုင်ထင်ပါတယ်) က “အပေါ်ထပ်က ကိုယ်တော်တွေ ပင့်တော့ ဆွမ်းစားမယ်” ပြောသံကြားတယ်။ ဘုန်းဘုန်းတွေလဲ ထိုင်နေကြပြီး အပေါ်ထပ်က ဦးဇင်းတွေ ကြွလာပြီး ထိုင်ကြတယ်။ ဆွမ်းဟင်းတွေက အများကြီးပဲ ညလေးတောင် သေချာ မကြည့်ခဲ့ရဘူး၊ မှတ်မိတာတော့ သီစုံဟင်းရည်၊ ငပိကြော်၊ ၀က်သားကင်၊ ကြက်၊ ဘဲဥချဉ်ရည်၊ ကော်ပြန့် ခွက်လေးတွေလဲ တွေ့တယ်၊ အရွက်ကြော်၊ စုံနေတာပဲ။
ဘုန်းဘုန်းတို့လဲ ထိုင်ပြီးကြရော လူတွေကို “လာကြလာကြ စားပွဲကို ၀ိုင်းကိုင်ကြ တစ်ခါတည်း ကပ်မယ်”ဆိုပြီး ခေါ်သံ ကြားလိုက်ရတယ်၊ လူတွေက ဘုန်းဘုန်းတို့ ကြားထဲကနေ လက်တွေ ထွက်ပြီး စားပွဲကို ၀ိုင်းမပေး ဘုန်းဘုန်းတို့က ဘုရားစာရွတ်နဲ့ ညလေးတောင် လူများတော့ တိုးမပေါက်တာနဲ့ စားပွဲကို မကိုင်တော့ပဲ ဓါတ်ပုံရိုက်ဖို့ပဲ လုပ်တော့တယ်။ တစ်ကလစ်....
ဘုန်းဘုန်းတို့ ဆွမ်းဘုဉ်းပေးနေပါတယ်....
ပန်းခြံလေးထဲ သွားပြီး လျှောက်ရိုက်ပါတယ်။ ဟိုကြည့် ဒီကြည့်ပေါ့... တစ်ကလစ်...
ဒီဘက်ခြမ်းက သင်္ကန်း ရောင်းနေသူနဲ့ ခြံထဲက သူတွေဆီ တစ်ကလစ်...
ဟင်းပွဲတွေ သိမ်းတဲ့ခါမှာ များလွန်းလို့ လူတွေ တန်းစီပြီး သိမ်းတာတောင် အတော်ကြာပါတယ်၊ မီးဖိုဆောင်ထိ ရောက်အောင် တစ်ယောက်တစ်လက် လင့်ဆင့်ကမ်းပေးကြတယ်။ ပြီးတော့ နောက်တစ်တန်းက အချိုပွဲတန်းပါ၊ ပျော်စရာကြီး ပန်းကန်ရေလှိုင်းတွေပေါ့။
ဘုန်းဘုန်းတို့ အချိုပွဲ ဘုဉ်းပေး နေတုန်းမှာပဲ ခြံထဲမှာ ၀ုန်းဝုန်း ၀ုန်းဝုန်းနဲ့ ရေပက်သံတွေ အော်ဟစ်သံတွေ ကြားရတော့ ညလေးလဲ အပေါက်ဝလေး ထွက်ကြည့်မိတယ်။ သူများတွေတော့ အတော်လေး ပျော်နေကြတယ်လေ၊ ရေတွေ လောင်းနေလိုက်ကြတာ ရွှဲရွှဲစိုနေကြပေါ့၊ ထမင်းစားနေတဲ့ စားပွဲခုံတွေကို တစ်နေရာ ကပ်ထားကြပြီး ဆော့နေလိုက်ကြပုံများးးးးးးး ညလေးကတော့ ဘေးကနေ အားပေးသူ သက်သက်ပါ၊ သူများတကာတွေလို အင်္ကျီအပို မပါလာတဲ့အတွက် (ထင်လဲထင်မထားဘူး) ၀င်မဆော့ဖြစ်ပါဘူး၊ တော်နေကြာ ပြန်တဲ့ချိန်ကျမှ တစ်ယောက်တည်း ကွက်ကျားမိုးရွာထားတယ် ဖြစ်မ စိုးလို့....
အချိုပွဲဘုဉ်းပေးပြီး ဦးဇင်းတို့ ပြန်ကြွသွားပါတယ်။ ကြည့်ရတာ သင်္ကြန်တွင်း ဒုံလ္လဘရဟန်းခံတဲ့ ကိုယ်တော်တွေ ထင်ပါ့၊ လမ်းလျှောက်ပြီး ပြန်ကြွသွားကြလေရဲ့။ သံဃာတော် အားလုံး (၁၈)ပါး ရှိပါတယ်။ဓါတ်ပုံထဲမှာ အင်္ကျီအနက်နဲ့ အဖြူကျား ၀တ်ထားပြီး ကနေတဲ့သူ တွေ့တယ်ဟုတ်။ ညလေး အပေါက်ဝမှာ ဓါတ်ပုံရိုက်နေတုန်း အဲ့ဒီဝတ်စုံနဲ့ ထွက်ပြီး ကပါလေရောဗျာ... ဒီမျက်နှာ ခုနက ဘယ်နား တွေ့လိုက်ပါလိမ့်လို့ စဉ်းစားလိုက်ရတာ... အစကတော့ သူက ယောဂီဝတ်စုံနဲ့ ပုဆိုးနဲ့ ဘာနဲ့ အကျအနပေါ့ ခုမှ ဘယ့်နှယ် အသွင် ပြောင်းသွားပါလိမ့် ဆိုပြီး စဉ်းစားနေမိတယ်၊ မှတ်မိလိုက်တာက ပြုံးနေတဲ့ မျက်နှာနဲ့ ပါးနှစ်ဖက်မှာ ပါးချိုင့် ခွက်ဝင်နေလို့ (ချိုပြုံးတိုင်းပဲ) သတိထားမိတာပါ။ သူကတာ လှမှလှ ကွေးနေတာပဲ (နောက်မှ သိရတာက အခြောက်ကြီးတဲ့၊ သူများတွေက မာမီချိုလို့ ခေါ်ကြတယ် ခိခိ...)
အတို ချုံးလိုက်တော့မယ်နော် အတော်လေး ရှည်နေပေါ့၊ ဒါနဲ့ ညလေးလဲ ပြန် (အဲ.. အဲ.. ဟုတ်သေးဘူး) ညလေး ကြည့်ကောင်း နေတုန်းမှာပဲ ညီမလေးဆီက ဖုန်းလာပါတယ်..
“အစ်မ ဘယ်မှာလဲ” တဲ့
“ညလေးက ရှေ့ဖက် အပေါက်ဝနားမှာ”
“ညီမလဲ အပေါက်ဝနားမှာပဲလေ”
“အင်းလေ ညလေးလဲ ဒီမှာ” ဆိုပြီး ပြောရင်းနဲ့ တွေ့သွားပါတော့တယ် ခင်ဗျာ..... ခိ ချစ်ချာလေး (နောက်တစ်ခါတွေ့ရင် မုန့်ကျွေးတော့) သူနဲ့တောင် ဓါတ်ပုံ တွဲမရိုက်ခဲ့ရဘူး။ ခဏ စကားပြော သူက သူ့သူငယ်ချင်း ရှိရာ ပြန်သွား၊ ညလေးလဲ ဘုန်းဘုန်းကို ၀တ္ထုငွေ သွားကပ်နဲ့၊ သူကတော့ ဘုန်းကြီးရှေ့မှာ ပရိတ်ကြိုး လက်မှာ ချည်နေလေရဲ့။ ဘုန်းဘုန်းနဲ့ စကားပြောနေရင်း ညလေးအသိ ဦးလေးကြီးကို လှမ်းတွေ့လိုက်တော့ သူ့ကို သွားနှုတ်ဆက်တယ်၊ ညလေးကို တစ်ယောက်တည်းလား လို့မေးပြီး ပြန်ရင် ပြန်ပို့ပေးခဲ့မယ် ပြောတယ်။
ထမင်း မစားရသေးဘူး ဆိုတော့ သွားစားချေဆိုပြီး သူလိုက်ပို့တယ်၊ နာရီကြည့်လိုက်တော့ (၁း၀၀)နာရီထိုးတော့မယ်။ ဆိတ်သား၊ ကြက်သား၊ ဘဲဥချဉ်ရည်၊ သီးစုံဟင်းရည်၊ ငပိကြော် နဲ့ ညလေး စားသောက်ခဲ့ပါတယ်။ စားသောက်ပြီးတော့ ဘုန်းဘုန်းကို ပြန်ဖို့လျောက်တယ်၊ ပရိတ်ကြိုးကို လက်မှာချည်ပြီး ပြန်ခဲ့ပါတယ်။ အပေါက်ဝမှာ ရေထိမှာကြောက်လို့ လစ်လာခဲ့ရသေးတယ်။ အပြင်ကနေ ဘုန်းကြီးကျောင်းကို ဓါတ်ပုံရိုက်ခဲ့တယ်။*****
အားလုံးပဲ နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများနဲ့ ပြည့်စုံကြပြီး လိုရာခရီးကို လျင်မြန်စွာ လျှောက်လှမ်း နိုင်ကြပါစေလို့ ညလေးက နှစ်သစ်ဆုမွန်ကောင်း တောင်းပါတယ်...နော်............
4 comments:
ဟဲ..ဟဲ..ဟဲ.. :P
ကနေတဲ့တစ်ယောက်ကို ချုးလို့ အများကသိကြတယ်။ ရင်းနှီးတဲ့သူတွေကတော့ ပြုံးချိုလို့လဲ ခေါ်ကြတယ်။ ဘာသာကြီး(၄)မျိုးလုံးရဲ့ ဘုရားရှိခိုးရတယ်။ :P
အခြောက်ဆိုပေမဲ့ တစ်ခြားအခြောက်တွေလိုတော့ အတင်းမတုတ်လို့ ခင်တဲ့သူပေါတယ်။ အဲ ဒီနေ့က ဖုန်းကင်မရာကြီးနဲ့ ပုံတွေမှတ်တန်းတင်နေတာ ညလေးကိုး ။
သဇင်ရေ “ဟဲ ဟဲ ဟဲ” က ဘာလဲ?
ချစ်ချာလေးလို့ ပြောလို့လား နောက်တစ်ခါတွေ့ရင် မုန့်ကျွေးရမယ်နော....
ကိုအမည်မသိရေ ညလေးဟုတ်ပါတယ်။ ပြောပြတာ ကျေးဇူးပါ၊ ညလေးကိုတော့ သိသွားပြီး ညလေးက မသိသေးဘူးဆိုတော့ မတရားဘူးပေါ့...
ညလေးရေးထားတာ ဖတ်ပြီး မလေးရှား ပြန်ရောက်သွားတယ်။ ဘလော့ ပြန်ရေးနေပြီလား။ ကောင်းတယ်။ ကောင်းတယ်။ အားပေးနေမယ်။
Post a Comment