NyAlAy
အချိန်ပေး၍ လာရောက်ဖတ်ရှုသူများကို ကျေးဇူး အထူးတင်ရှိပါတယ်။ နှစ်သစ်မှာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ....

May 8, 2009

ပေါ်တူဂီချိစ်ထမင်း

ပို့စ်ခေါင်းစဉ်ကြည့်ပြီး ညလေး ချက်တယ်လို့ မထင်ကြပါနဲ့နော်... အဲ့လောက်သာ ချက်တတ်ရင် ညလေး ဆိုင်ဖွင့်စားမှာပေါ့... ဟုတ်ဘူးလား။ ညလေး မနေ့က သူငယ်ချင်းနဲ့ ညစာ သွားစားဖြစ်တယ်လေ၊ သူက ညလေးကို ဘယ်နေ့ကျွေးမလဲ ခဏခဏ မေးနေတာနဲ့ စိတ်ဆိုးပြီး လိုက်ကျွေးဖြစ်တာ... ညလေးကို စိတ်ဆိုးအောင် စကြနဲ့နော်.. သိလား lol
ရုံးမှာလဲ နေ့လည်လောက် တည်းက ၀က်ရိုးနဲ့ ကြာစွယ် ဟင်းရည် ပြုတ်ထားတာကို ပြန်ခါနီးတော့ သောက်ချင်တာနဲ့ တစ်ပန်းကန် သောက်ခဲ့တယ်။ ထွက်လာတော့ သူငယ်ချင်းက ဖုန်းဆက်ပြီး အပြင်မှာ စောင့်နေပြီတဲ့၊ ပထမ ဘာစားမယ်ဆိုပြီး ရည်ရွယ်သွားတာ မဟုတ်တော့ ဘယ်သွားရမှန်း မသိသေးဘူး။ သူငယ်ချင်းကို “နင်သွားချင်တဲ့နေရာ သွားဟာ ငါက စားဖို့ပဲ၊ ဘယ်မှာ စားစား ကျွေးမယ်လို့” ပြောရသေးတယ်။
*****
ဒီလိုနဲ့ စဉ်းစားရင်း မောင်းရင်း ဒီဆိုင်ကို ရောက်သွားတယ် ဆိုပါတော့... မစားဖူးဘူး စားကြည့်မယ်ဆိုပြီး။
ဆိုင် အပြင်အဆင် ကတော့ ချစ်စရာလေး၊ ရှန်းကန်စာတွေ ရတဲ့ ဆိုင်လေးပါ။
နံရံတွေမှာ ရှန်းကန်စတိုင် ခြယ်ထားတယ်။
ဒီ Lucky ပင်ကတော့ ညလေးတို့ ထိုင်တဲ့ ဘေးမှာ တင်ထားတာပါ။ ကြီးလို့ လှလို့ ရိုက်လာတာ အပင်က အတော်လေး မြင့်တယ်။ ထိုင်ပြီး ခဏနေတော့ Waiter တစ်ယောက် Menu လာပေးတယ်၊ ဘာစားရမှန်း မသိဘူး တစ်ခါမှလဲ မလာဖူးဘူးလေ မကောင်းမှာလဲ စိုးရသေး၊ အရင်ဆုံး အချိုရည်ကို ရွေးဖြစ်တယ်၊ သီးစုံနဲ့ ချဉ်ပြုံးပြုံးအရည်။ ဘာစားမလဲ ရွေးကြတော့ သူငယ်ချင်းက ခေါက်ဆွဲစားတယ် (ဘာလဲမသိဘူး)။ ညလေးကတော့ ပင်လယ်စာနဲ့ ပေါ်တူဂီ ချိစ်ထမင်း ရွေးဖြစ်တယ်၊ အီမယ်ဆိုတာ သိပေမယ့် ကြိုက်တာကိုး (Cheese ပြောပါတယ်)၊ ပြီးတော့ Rice Ball ကို အထဲမှာ နှမ်းအနက်နဲ့ အစာသွပ်၊ အော်ကေ့ကျီ လို ကောက်ညှင်းပြား။

မှာပြီးတော့ ညလေးလက်က အငြိမ်မနေဘူးလေ တစ်လွဲမတွေးပါနဲ့ ပါလာတဲ့ ဖုန်းနဲ့ ထိုင်နေရင်း ဟိုဒီ လျှောက်ရိုက်တယ် (ဓါတ်ပုံပါနော့)။ မှာထားတာ အတော်လေး ကြာပါတယ်၊ စောင့်နေရင်းက အတင်းတွေ ထိုင်တုတ်ပါတော့တယ် “မှာထားတာ ကြာလိုက်တာနော်၊ ဒါ့ကြောင့် လူမရှိတာ ဘာညာပေါ့”

အရင်ဆုံး အချိုရည် ရတယ်၊ သောက်ကြည့်တော့ မဆိုးပါဘူး၊ ဂျယ်ရီတုံးလေးတွေ၊ နာနတ်သီးလေးတွေ နဲ့ အရည်ကိုကျ (ဘာသီးပါလိမ့် ပုံစံပြောပြမယ် ညလေး နံမည် မေ့နေလို့) အသီးက အ၀ါရောင် အခွံ အနည်းငယ်မာတယ်၊ သူ့ကို ဓါးနဲ့ ထက်ပိုင်းလှီးပြီး သကြားထည့်လို့ မွှေစားလဲ ကောင်းတယ်၊ အလေ့ကျပေါက်တယ် ပြောတာပဲ (ရန်ကုန်မှာ သူငယ်ချင်းက ညလေး စားချင်တိုင်း ယူလာပေးတယ်) သူ့အစေ့က မဲမဲလေးတွေ သခွါးစေ့လိုမျိုး (သိကြလား)။ မသိရင်လဲ နောက်နေ့ ပြန်မေးပြီး ပြောမယ်နော်။
ဟုတ်ပါတယ်နော် ကိုသူရိန်နဲ့ စူးနွယ် Comment မှာပြောသွားတဲ့အတိုင်းပဲ၊ ပင်မှည့်သီးပါ။ ကျေးဇူးးးး

ပြီးတော့ အော်ကေ့ကြည် ရောက်လာပါတယ်၊ ကြော်ထားတာ သုံးပြားပဲပါတယ်၊ တစ်ယောက်ကို တစ်ခုနဲ့ တစ်ဝက်တိတိ၊ အချဉ်ရည်နဲ့ စားတယ် (စားကောင်းတယ်)။ ဓါတ်ပုံရိုက်ဖို့ မေ့သွားလို့။
ဒါကတော့ ညလေးစားခဲ့တဲ့ ပေါ်တူဂီစတိုင်လ် ချိစ်ထမင်း ပင်လယ်စာနဲ့ပါ၊ ကြက်သားနဲ့လဲရတယ်။
အထဲက ဘာပါလဲ သိရအောင် ချိစ်တွေ လှပ်ပြထားတာ၊ ချိစ်တစ်ထပ်ပြီးတော့ အရည်ပြစ်ပြစ် ချိုချိုတွေ နဲ့ မုန်ညင်းရွက် ပုဇွန်၊ ပြည်ကြီးငါး၊ မုတ်ကောင် အပြား တို့နဲ့ ကြည့်ရတာ မိုက်ခရိုဝေ့ဖ်ထဲ ထည့်ထားတဲ့ ပုံပါ၊ စားရတာတော့ မဆိုးဘူး (ကြိုက်ရင်ပေါ့)။
ဒီပုံထဲမှာ သူငယ်ချင်းစားတဲ့ ခေါက်ဆွဲရယ်၊ Rice Ball နဲ့ အာလူးချောင်းရယ်၊ ညလေးပန်းကန်ရယ်ပါ။ ဓါတ်ပုံရိုက်နေတာနဲ့ စတောင် မစားရသေးဘူး၊ သူငယ်ချင်းက ကုန်တော့မယ်လေ။ ငရုတ်သီးကြော်လေးလဲ ပေးပါတယ်၊ ပုံထဲတော့ ပါတော့ဘူး။ ထမင်းက အောက်အထိရော ချိစ်တွေနဲ့ပါ၊ အပေါ်ယံ အုပ်ထားတဲ့ အရည်ကို ထမင်းနဲ့မွှေ ချိစ်ကလဲ ဇွန်းနဲ့ကော်လိုက်တိုင်း အမျှင်တွေ အဖြစ် ပါလာတယ်၊ ချိစ်မျှင်တွေ မြင်တိုင်း ဒီမှာ နံမည်ကြီးနေတဲ့ Pizza ကို သွားသတိရပါတယ်။ တစ်ဆက်တည်းလဲ ပေါ်တူဂီတွေ ဒါတွေပဲ စားနေကြလားလို့ တွေးမိပါရဲ့ သူတို့အစားအစာတွေ ချိစ် လွတ်ပါ့မလားပေါ့။ ပုဇွန်က ၃ကောင်၊ ပြည်ကြီးငါးဖတ်က ၂ ဖတ်၊ မုတ်ကောင်က ၁ ကောင် နဲ့ စားရတာ မတန်ဘူးလို့တော့ တွေးမိပါရဲ့၊ မသိရင် ချိစ်ရောင်းစား သလိုပဲ။

စားပြီးတော့ ဆက် ထိုင်မနေတော့ပဲ ရှင်းကြတယ် (Bill)၊ ညလေးစားတာက ဈေးအကြီးဆုံးပါ lol။ ပိုက်ဆံရှင်းတော့ “နင့်မှာ သုံးဖို့ ကျန်သေးရဲ့လား” လို့ သူငယ်ချင်းက မေးတယ်၊ ညလေးဆိုတာ ဘယ်တော့မှ ပိုက်ပိုက် နဲ့ လက် ပြတ်တယ် မရှိဘူးလို့ ပြန်ပြောရ ပါသေးတယ်၊ တော်ကြာ အားနာနေမှာ စိုးလို့ပါ။ ရှန်းကန်ဆိုင်ဆိုပြီး စားဖြစ်တော့ ပေါ်တူဂီစာ ဖြစ်သွားတယ်။

သူငယ်ချင်း တွေတော့ ထင်ကြမယ် ညလေးတစ်ယောက် ကိုယ်တိုင်လဲ ချက်စားတဲ့အပြင် အပြင်စာတွေလဲ အလွတ်မပေးဘူးလို့။ အဲ့လိုဟုတ်ပါဘူးနော် ကြုံတုန်းလေး ဒီမှာရှိတဲ့ ရတတ်တဲ့ အစားအသောက်တွေရယ်၊ ဒီ့ပြင် တစ်ချို့တ၀က်ကို ထိတွေ့ ခံစားယုံလေးပါ။
*****

5 comments:

flowerworld said...

မီးမီးကချိစ် မကြိုက်တော့ ကြည့်ရင်းနဲ့ အီသွားတာပဲ ဗိုက်ချာပါတယ်ချိုမှ အဟင့်
ချစ်မကပိန်တယ်ဆိုတော့များများစားပေး......ဟီး
ညလေး မီးလေးကိုအက်ထားတာ မီးလေးမသိဘူး တွေ့လဲမတွေ့မိဘူး မေးလ်ပို့လာခဲ့လိုက်လေနော် အာဝါးးးးးးးးးးချစ်မ

သူရိန်မင်း said...

အရည်ကိုကျ (ဘာသီးပါလိမ့် ပုံစံပြောပြမယ် ညလေး နံမည် မေ့နေလို့) အသီးက အ၀ါရောင် အခွံ အနည်းငယ်မာတယ်၊ သူ့ကို ဓါးနဲ့ ထက်ပိုင်းလှီးပြီး သကြားထည့်လို့ မွှေစားလဲ ကောင်းတယ်၊ အလေ့ကျပေါက်တယ် ပြောတာပဲ (ရန်ကုန်မှာ သူငယ်ချင်းက ညလေး စားချင်တိုင်း ယူလာပေးတယ်) သူ့အစေ့က မဲမဲလေးတွေ သခွါးစေ့လိုမျိုး (သိကြလား)။ ပင်မှည့်ထင်ပါရဲ့။

စူးနွယ်လေး said...

အဲဒီအသီးဆိုတာက ပင်မှည့်သီးကို ပြောတာလားဟင်:P

မိုးကောင်းသူ said...

ကုန်သွားပြီလားဟင်။ ပင်မှည့်သီးတောင်စားချင်လာပြီ။ ဒီစလုံးမှာ အခွံက ပန်းရောင်လိုလိုပဲ။ အစ်မကတော့ ဆားထည့်စားတယ်။ :D

မြူးသျှရီ said...

ညလေးရေ.
မြူးလာလည်တယ်
လင့်ခ်ယူသွားတယ်နော်
မြူးကချိစ်အရမ်းကြိုက်တယ်
နည်းသိရင်ရှယ်လုပ်ပါလားနော်

 
Looking for something? Try :::