NyAlAy
အချိန်ပေး၍ လာရောက်ဖတ်ရှုသူများကို ကျေးဇူး အထူးတင်ရှိပါတယ်။ နှစ်သစ်မှာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ....

May 20, 2009

အဲ့ဒီဗိုင်းရပ်စ်တွေကို ပြောပြလိုက်ပါ

ငါတို့မနက်ဖြန်ကို
(သူတို့) သိုဝှက်ပစ်လိုက်ကြတယ်..
မြို့ကြီးမှာ တိတ်ဆိတ်နေပေမယ့်
အတွင်းဘက်မှာ ပွက်လောညံလို့..
ပါးစပ်တွေ ပိတ်ထားရပေမယ့်
လက်သီးတွေ ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ကြ…
အကြောင်းမဲ့ အာဃာတ တရားတွေနဲ့
မိုက်ရူးရဲနေတဲ့ ကောင်တွေ
ကိုယ့်လိပ်ပြာကိုယ် မလုံစွာနဲ့
စည်းတွေ အထပ်ထပ် ခြားနားထားကြရဲ့..
ငါတို့ ပြက်ရယ်ပြုလိုက်ကြတယ်..
ပြီးတော့ မျက်ကွယ်ပြုလိုက်ကြတယ်
အဲ့ဒီတံတိုင်းတွေက..
ငါတို့ ခြေလှမ်းတွေကို မဆုတ်တွန့်သွားစေဘူး..
(၀မ်းနည်းပါတယ်….)
ဒါဟာ မင်းတို့ထင်သလို ဇာတ်သိမ်းခန်း မဟုတ်သေးဘူး
အခုမှ… ငါတို့ အာသီသတွေ ပိုပြီး နီစွေးလာတယ်
အခုမှ.. ငါတို့ ပို နိုးကြားလာကြတယ်..
အခုမှ.. ငါတို့တွေ အင်အားဖြစ်လာကြတယ်..
ညက မှောင်ပိန်းနေတာတောင်
ငါတို့ ခရီးဆက်ရဲကြပြီ…
ငါတို့အတွက် အလင်းတွေ ပြန်ရရှိဖို့
နီးကပ်လာပြီမှန်း ငါတို့ သိလိုက်ကြပြီ
ပြတင်းတံခါးတိုင်းဆီမှာ.. ငါတို့ခွန်အားတွေ အပြည့် ရှိလာခဲ့ကြပြီ
ငါတို့ ညှပ်ဖိနပ်သံတွေဟာ…
မင်းတို့ ရှူးဖိနပ်သံတွေကို ဖုံးလွှမ်းသွားကြတော့မယ်..
ခွေးလေခွေးလွင့်တွေရေ..
ဒါမှမဟုတ် ရူးနှမ်းနေတဲ့… သေချင်းဆိုး ဗိုင်းရပ်စ်တွေရေ..
ငါတို့.. မင်းတို့ဆီ.. ရဲရဲကြီး လျှောက်လာခဲ့ပါပြီ….။
*****
ဒီကဗျာကို မင်းယွန်း ဆီကနေ ယူပြီး တစ်ဆင့် ဖြန့်ဝေပါတယ်နော်...
*****

3 comments:

Unknown said...

ပင်လယ်နဲ့တူတယ် ဗျ ပင်လယ်ကြီးက ကြည့် လိုက်ရင် ငြိမ်နေပေမဲ့ မျက်နာ ပြင်လေး တင် ပါ အောက်မှာတော့ေ၇စီးကြောင်းတွေလေ။။

MoeThwayNge said...

ခံစားမှုတစ်ခုရသွားတယ်။ကဗျာ လေးကောင်းပါတယ်။
ဒီအချိန်မှာပေါ့................
ခင်တဲ့
အားလုံးကိုပျော်စေချင်သူ

မီးလေးဇာ said...

ချစ်မ ကဗျာလေးခံစားသွားတယ် ခဏခဏရောက်ပေမယ့် ကွန်ကြောင့်မန့်မရ ဆီးဗုံးလဲမပေါ်ဖြစ်နေတယ် မီးလေးဆီကိုမေးလ်ပို့လိုက်လေမမ မေးလ်လိပ်စာကဘလော့ဂ်မှာရှိတယ် အိုကေနော်

 
Looking for something? Try :::