NyAlAy
အချိန်ပေး၍ လာရောက်ဖတ်ရှုသူများကို ကျေးဇူး အထူးတင်ရှိပါတယ်။ နှစ်သစ်မှာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ....

May 28, 2009

KLCC III

ဘာပဲပြောပြော ဒီပို့စ်ကို စလိုက်တာနဲ့ ပို့စ်တွေ အများကြီး ထွက်လာတယ် ခိခိ ဆားချက်လို့ ကောင်းမှကောင်း၊ ဓါတ်ပုံက တင်ရတာ ကြာတာရယ်၊ ညလေးက အချိန် သိပ်မရတာရယ်ကြောင့် ခုလို ပို့စ်များများ ထွက်လာခြင်း ဖြစ်ပါတယ်နော်.. ဆားချက်တာတော့ ဟုတ်ဘူး (ဒီလိုပဲ တစ်ယောက်တည်း စွဲလိုက် ပြန်ချေပလိုက် လုပ်နေရတာ)၊ သူငယ်ချင်းတို့ကို အချိန်မကုန်ပဲ တစ်ခါတည်း နှံ့သွားအောင် လိုက်ပြတာပါ စေတနာတွေပေါ့ (ဒါကတော့ အကြောင်းပြချက်)။
ရေပန်းက ရေရှိတဲ့ နေရာတိုင်းမှာ ရေပန်းတွေ ရှိတတ်ပါတယ်၊ ရေလွှတ်တဲ့ချိန်မှာ မတူညီတဲ့ ပုံစံနဲ့ ရေပန်းတွေကို မြင်တွေ့ရမှာပါ၊ ရေပန်းတွေ ကနေတာကို ညလေးတော့ တစ်ဝကြီး ထိုင်ကြည့်လာတယ်၊ ရုပ်သေ ဖမ်းယူတာထက်စာရင် ရုပ်အရှင်တွေက ပိုလှမယ်.. ထင်တယ်နော့...။
ဒီငါးကြီးကတော့ ကလေးရော လူကြီးတွေပါ ရေဆော့လို့ရတဲ့ ရေကန်နားမှာ အလှထားတဲ့ ငါးပါ၊ ရေဆော့တဲ့ နေရာက ပုံရဲ့ ညာဖက်ခြမ်းမှာ ဒီရေကန်ကတော့ ဆင်းဆော့လို့ မရပါဘူး၊ ငါးက တစ်ကောင်တည်း အထီးကျန်နေပါတယ်၊ ညလေး သူနဲ့ တွဲရိုက်တော့ ရှက်လို့တဲ့ တစ်ဖက် လှည့်သွားလေရဲ့ (ဟွန်းးး လူဆိုးးးးးးး)။
ဒါကတော့ ကုန်းလေးပေါ်က ရိုက်ထားတာပါ၊ ပုံထဲမှာ KLCC ကို ဓါတ်ပုံလှမ်းရိုက်နေတဲ့ ကောင်လေးက ညလေးရဲ့ မောင်ဝမ်းကွဲပါ (စိတ်ဝင်စားရင် ဆက်သွယ်လို့ရတယ်နော်)။ မောင်လေး မျက်နှာမူထားတဲ့ ဘက်က သွားရင် တံတားရဲ့အောက်ကို ရောက်ပါတယ်... အဲ့ဒီအောက်မှာ ထိုင်ပြီး ဓါတ်ပုံရိုက်လာတယ် biggrin
ခုနက ဟိုဖက်ခြမ်း ခုက ဒီဖက်ခြမ်းက ရိုက်တာ... ဒီငါးတစ်ကောင်ပဲ မော်ဒယ်လ်ရှိလို့ပါ၊ ကျန်တာ ဘာကောင်မှ မတွေ့ခဲ့ဘူး။ ပုံထဲမှာ ငါးရဲ့ ဟိုဖက်ခြမ်းက အစိမ်းရောင်နဲ့ ကာထားတာ ရေဆော့တဲ့ နေရာပါ၊ ပြင်နေတယ်လို့ ထင်တာပဲ၊ ဓါတ်ပုံ သွားမရိုက်ခဲ့ရဘူး၊ သူငယ်ချင်းတွေ ရေထဲ ဆင်းရိုက်လာကြတာ အဲ့နေရာပေါ့၊ နောက်တစ်ခါမှ သွားရိုက်ရမယ်။
ရေပန်းတွေကို ထောင့်မျိုးစုံကနေ ရိုက်လာပါတယ်... မလှရင်တော့ ညလေး ညံ့လို့ မှတ်ပါ.... ဒါက ရေပန်း အ၀ိုင်းသေးလေး။
ဒါကတော့ အလယ်မှာ ရေပန်း အကြီးပါတယ်၊ အမြင့်ကြီးပဲ တက်တယ်... ဘေးက ရေပန်း ပေါက်စလေးတွေကလဲ လိုက်ကနေကြတယ်၊ ညဘက်ဆို စလိုက်နဲ့ ပိုလှတယ်...
ရေလွှတ်ရင် တစ်စုစီလွှတ်တယ် ကြည့်လို့ အရမ်းကောင်းပါတယ်...
သည်းခံကြလော သဘောကျပြီဆိုရင် အများကြီး ရိုက်ဖြစ်သွားလို့ ရေပန်းတွေပဲ ဖြစ်နေတယ်... ခဏနေတော့ မိုးအုံ့လာပါတယ်၊ ရွာမယ်လို့တော့ ထင်သား... ဓါတ်ပုံရိုက်နေတုန်းမှာ လေတိုက်လိုက်တိုင်း ရေမှုန်တွေ လွင့်လွင့်လာပြီး ကိုယ့်စီ ရောက်လာတယ် မိုးရွာနေသလိုပဲ မွှမွှလေးတွေ တအား သဘောကျပါတယ်၊ ကင်မရာတော့ ရေစိုမှာ စိုးလို့ ခဏခဏ ရေသုတ်နေရတယ်...
KLCC ပုံတွေတော့ နောက်ပို့စ်မှပဲ ကြည့်ကြတော့နော်... ဒီနေ့တော့ မောသွားပြီ..
*****

1 comments:

သူရိန်မင်း said...

မရောက်ဘူးတဲ့နေရာကို အခုလိုတွေ့ခွင့်ရတာ ကျေးဇူး။ ညလေးပုံတွေ မတွေ့ရဘူး။ ဘယ်တွေပျောက် နေတာလဲ။ :)

 
Looking for something? Try :::