NyAlAy
အချိန်ပေး၍ လာရောက်ဖတ်ရှုသူများကို ကျေးဇူး အထူးတင်ရှိပါတယ်။ နှစ်သစ်မှာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ....

May 9, 2009

ABC Soup

“နင်ဘာချက်လဲတဲ့” တစ်နေ့မှာ ညလေးကို သူငယ်ချင်းက မေးတယ်
“ABC ဟင်းရည်” လို့ဖြေတော့ သူက ရီတယ် (ဒီမှာနေကြပေမယ့် တစ်ချို့တွေလဲ မသိကြပါဘူး)
နောက်တစ်နေ့ကျ ညလေးက “နင် ဒီနေ့ ဘာဟင်းချက်လဲ” လို့ ပြန်မေးမိတယ်
“ကွန်ပျူတာဟင်း” တဲ့ eek။ ခွိခွိ
“ဟုတ်လို့လား ငါက တကယ် ABC Soup ဟ” ဆိုပြီး ဘာတွေ ဘာတွေ ပါပြီး ဘယ်လို ဘယ်လို တည်ရတယ်လို့လဲ ပြောရော.. သူက သဘောကျသွားတယ်။
“နင်ကရော ဘာဟင်းလဲ၊ ဘယ်လိုချက်လဲ ပြောပြ” ဆိုတော့မှ
“ဘာမှ မဟုတ်ဘူးဟေ့ နင် နောက်တယ်ထင်လို့ ငါပြန်နောက်တာ” တဲ့။ ကဲ ရှင်းရော
“ငါက နောက်နေတာ မဟုတ်ဘူးဟေ့ ရှေ့နေတာ” ကဲ အေးရော... rolleyes
*****
ABC Soup ဆိုလို့ ABC တွေ ထည့်ပြုတ်ထားတာတော့ မဟုတ်ပါဘူး၊ ဒီမှာရှိတဲ့ တရုတ်တွေ အင်ဒိုတွေ အသောက်များ၊ အချက်များတဲ့ ဟင်းရည်တစ်မျိုးပါ၊ သူတို့က ABC ခေါ်လို့ ညလေးတို့လဲ ABC ရတာပေါ့။ ရန်ကုန်မှာ တုန်းကတော့ သူငယ်ချင်း ကချင်မလေး ချက်တာ သောက်တာ မြင်ဖူးတယ်၊ သူကတော့ အာဟာရ ဆိုလားးးး။
ဒါကတော့ ရုံးမှာ ချက်တဲ့နေ့က ညလေး ယူသောက်တဲ့ ဟင်းရည်ပါ။ သူ့ထဲမှာ ပါဝင်တာ တွေကတော့ ကြက်သား၊ အာလူး၊ မုန်လာဥနီ၊ ခရမ်းချဉ်သီး နဲ့ ကြက်သွန်နီ တို့ပါပဲ။ အဲ့ဒါတွေ အားလုံးကို လိုအပ်သလို (ကြိုက်သလို) လှီးပြီး နူးအိနေအောင် အသီးတွေဆို ကြေလောက်အောင် ပြုတ်ထားတဲ့ အရည်ကို ခေါ်ပါတယ်နော်၊ ကြာကြာပြုတ်လေ ပိုကောင်းလေ ပါ။ နလန်ထစ လူမမာနဲ့ သင့်တော်မှာပါ။

ဒီမှာတော့ ဘာပဲချက်ချက် ညလေးတို့လို ကြက်သွန်ဖြူတို့ ဂျင်းတို့ မထည့်ပဲ သူ့သဘာဝတိုင်း အသားတွေ အသီးအရွက်တွေကို ပြုတ်စား ကြော်စားတာ မြင်ရပါတယ်။ ဒီမှာ အင်ဒို အစ်မကြီးက ဒိုင်ခံချက်ပြုတ်ပေးတယ်၊ သူချက်တိုင်း စစချင်းမှာ ဘာနံ့မှန်းကို မသိဘူး၊ နောက်မှ တဖြည်းဖြည်း အနံ့က မွှေးလာတာ ပြီးတော့ ဆားနဲ့ ဟင်းချိုမှုန့် မပါဘူး၊ ဘာလို့ အဲ့ဒါတွေ မထည့်လဲ မေးတော့ “Boss မကြိုက်ဘူး” တဲ့လေ ရှင်းရော။
“Dalam tak ada taruh Bawang Putih dan Haliyah, Kenapa?” ဒါလန်းမ် သာဒါ သာရို့တ် ဘာဝမ်ပူတေ့စ် ဒန် ဟာလီရာ့ရ်၊ ကနာ့ပါး? (အထဲမှာ ဘာဖြစ်လို့ ကြက်သွန်ဖြူ နဲ့ ဂျင်း မထည့်တာလဲ?)
“Tak ada apa-pa lah, Boss tak sukah!” သာဒါ အပါ့ပါ၊ ဘော့စ် သာစူကာ့! (ဘာမှ မဟုတ်ပါဘူး၊ ဘော့စ် မကြိုက်လို့ပါ) lol

ရန်ကုန်က သူငယ်ချင်း ပြုတ်တာတော့ ကြက်သား၊ အာလူး၊ မုန်လာဥနီ၊ ခရမ်းချဉ်သီး နဲ့ ကြက်သွန်နီ တို့အပြင် ပိန်းကြက်ဥလေး တွေပါ ထည့်ချက်ထားတာ တွေ့ရပါတယ်။ ဒီဟင်းရည်က ထည့်ထားတဲ့ အရာတွေကို နူးအောင် ပြုတ်လိုက်တဲ့ခါမှာ သူတို့ဆီက ထွက်လာတဲ့ အဆီအနှစ်တွေကို သောက်ရတဲ့လူက အားမရှိပဲ နေပါတော့မလား၊ ထည့်ထားတာတွေ အားလုံးကလဲ အားရှိတာတွေပဲ ဆိုတော့ ဒီဟင်းရည် သောက်မှတော့ အင်းးး ပြောတော့ဘူးနော်....

ညလေး အိမ်မှာ ပြုတ်ရင်တော့ ကြက်သွန်ဖြူနဲ့ ဂျင်း ထည့်ပါတယ်နော်၊ သောက်လို့ကောင်းတယ်၊ ချိုတာမှ တအားပဲ။ ကြိုက်မယ်ထင်ရင် စမ်းချက်ကြည့်ကြပါနော်၊ အမုန်းတော့ ပြုတ်နော်.... wink
*****

2 comments:

Anonymous said...

အင်း ... သောက်လို့ ကောင်းမယ့်ပုံလေး ... သောက်မယ်လုပ်တုန်း ပို့စ်လေးရဲ့ အောက်ဆုံးမှာက " ရှိတော့ဘူး ကုန်သွားပြီ " ဆိုတော့ ရင်နာသွားတယ် .... လူကြီးတွေကို နောက်ရဘူးလေ :D

MoeThwayNge said...

အော် ..ဒါကြောင့် နင် အားရှိနေတာ ကို ညီမလေးရ...။ဟဟဟ..ဝေါင်ဝေါင်ရွှေးမှပဲ
တော်ကြာ လိုက်“ကိုxx” နေမှ ဒုက္ခ ...

ခင်တဲ့
အားလုံးကိုပျော်စေချင်သူ

 
Looking for something? Try :::