NyAlAy
အချိန်ပေး၍ လာရောက်ဖတ်ရှုသူများကို ကျေးဇူး အထူးတင်ရှိပါတယ်။ နှစ်သစ်မှာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ....

May 12, 2009

ဖြောင့်ချင်ဦးဟ

စနေနေ့ ညက ရုံးကအပြန်မှာ ဆံပင်ညှပ်ဆိုင်သွားပြီး ဆံပင်သွားဖြောင့်ပါတယ်။ ပထမဆုံး အိမ်နားနီးတဲ့ ဆိုင်မှာ ဖြောင့်မယ်ဆိုပြီး သွားပေမယ့် ရောက်တော့ ဆိုင်တံခါးကြီး ပိတ်နေမှ ဆိုင်မဖွင့်မှန်း သိရတယ်။ ဒါနဲ့ ဟိုဖက်က (ပထမညှပ်ဖူးတယ်) ဆိုင်ကို ရောက်အောင် သွားပြီး.....
“အစ်မရေ ဆံပင် ပြင်လို့ရသေးလား”
“ညီမက ဘာလုပ်မှာလဲ မသိဘူးနော်”
“ဆံပင် ဖြောင့်ချင်တာပါ”
“ဒါဆို ကြာလိမ့်မယ်၊ အစ်မတို့ ဆိုင်က (၈း၃၀) ပိတ်တာပါ၊ ခု (၉း၀၀)နာရီ ကျော်နေပြီ”
“မရတော့ဘူးလားဟင်”
“ဒီနေ့ ညှပ်ယုံညှပ်ပြီး နက်ဖန်မှ ထပ်လာခဲ့ပါလား၊ နက်ဖန် အချိန်ရမလား”
“ညီမက နက်ဖန်နားရက်ပါ ဒါပေမယ့် မြို့ထဲသွားမလို့ အချိန်ရမှာ မဟုတ်ဘူး”
“ဟုတ်လား ဒါဆိုလဲ ဆိုင်ရှင်ကို မေးလိုက်ဦးမယ်နော် ခဏ”
*****
“အိုကေ ညီမ ဆိုင်ရှင်က ရတယ်တဲ့”
“ဖြောင့်ရင် ဘယ်လောက် ကျမလဲဟင်”
“ဆံပင်ကို ဖြောင့်တာက ၁၈၀ ပါ၊ လအနည်းငယ်ပဲ ခံမယ့်ဆေးထည့်ရင်တော့ ၃၀ ထပ်ပေးရမယ်၊ ၁ နှစ်ကြာ ခံချင်တယ်ဆိုရင် ၆၀ ထပ်ပေါင်းမယ်၊ အားလုံး ၂၄၀ ကျမှာပါ”
“ဟုတ်လား အင်းးးး ဒါဆို... နှစ်ကြာခံမယ့် ဆေးပဲထည့်ပေးပါနော် ၂၄၀ ပေါ့”
“ဟုတ်တယ် ဆံပင်ကို ပြင်ပြီးပြီဆိုရင် ဆီပါတဲ့ ဆီထွက်တဲ့ Hair Coat တွေ မလိမ်းနဲ့တော့ အဲ့ဒါတွေက မကောင်းဘူး၊ အစ်မတို့သုံးတာက ဆီမပါဘူး ဒီမှာကြည့် ဆီမရှိဘူး ဟုတ်” ဆိုပြီး သူတို့ဆိုင်က ရောင်းတဲ့ Hair Coat ကို လက်ဖမိုးမှာ အနည်းငယ် လိမ်းပြပါတယ်၊ ဟုတ်ရဲ့ ဆီမရှိဘူး၊ မွှေးမွှေးလေး။
“ပြီးတော့ ညီမ ခေါင်းလျှော်ရည်နဲ့ ပေါင်းတင်ရည်ကိုလဲ အရင်ဟာတွေ မသုံးနဲ့တော့ အစ်မတို့ ဆိုင်မှာ ရောင်းတာက ကောင်းတယ်၊ ဒီ Hair Coat က (၆၂ ရင်းဂစ်) ခေါင်းလျှော်ရည် နဲ့ ပေါင်းတင်ရည်က တစ်ဗူးကို (ရင်းဂစ် ၃၀) စီ၊ ဆံပင်ပြောင်အောင် မှုတ်တာက (၄၂ ရင်းဂစ်)၊ တစ်ဗူးချင်းစီ ၀ယ်ရင်တော့ ဒီဈေးတွေပေါ့၊ ခေါင်းလျှော်ရည်ရယ် ပေါင်းတင်တာနဲ့ Hair Coat ဗူး ၀ယ်ရင် မှုတ်ဆေးကို အလကားပေးတယ်။ အားလုံးပေါင်းမှ (၁၂၂ ရင်းဂစ်) ပဲကျမှာ ယူမလား ညီမ”
“အင်းးး စဉ်းစားဦးမယ်နော်”
“မများပါဘူး ညီမရဲ့ ဈေးသက်သာတာ အပြင်တွေမှာဆို ပိုပေးရမှာ၊ လာညီမ တစ်ခါတည်း ခေါင်းလျှော်လိုက်ရအောင်”
ဒါနဲ့ပဲ ညလေး ဖြောင့်ဖြစ်သွားတယ်လေ...
ဒီလိုနဲ့ ညလေးတစ်ယောက် ပက်လက်လေးပေါ့၊ ခေါင်းလျှော်မယ့် အိပ်စင်ပေါ်မှာပါနော်။ ခေါင်းလျှော်တာက ဘာမှ မနှိပ်ပါဘူး၊ ပိုက်ကိုင်ထားတဲ့ လက်နဲ့ နဖူးကို လာထောက်ပြီး ရေလောင်းတာ အတော်လေး နာပါတယ်။ အလုပ်က ပင်ပန်းလာတော့ အိပ်ပျော်မသွားအောင် မနည်း ထိန်းထားရတယ်။ ပြီးတော့ သဘတ်နဲ့ ခေါင်းကိုပေါင်းပေးပြီး ထဖို့ တွန်းလွှတ်လိုက်တော့ မထချင် ထချင်နဲ့ ထလိုက်ရပါတယ်။

ရေစိုနေတဲ့ ခေါင်းကို လူနှစ်ယောက် တစ်ပြိုင်နက် သုတ်ပေးပါတယ်၊ အချိန်လုပြီး လုပ်ရတာ မဟုတ်လား။ ပြီးတော့ လေမှုတ်တယ်၊ ၀ါးးး အတော်လေး ပူတာပါလား၊ သူတို့ကပဲ မြန်ချင်တာလား ကိုယ်ကပဲ အပူမခံနိုင်တာလား မသိဘူး၊ ခေါင်းတစ်ခုလုံး ငရဲမီးနဲ့ မြှိုက်နေတယ်လို့ ခံစားရတယ်။ “အားးးးး ပူလိုက်တာ” လို့ အော်ချင်စိတ်ကို မနည်း ထိန်းထားရတယ်။ Dryer က အကြီးစားကြီးနဲ့လေ ဆံပင်တွေ ဖွ ဖွပြီး မှုတ်ပေးတာ၊ ဆံပင်တွေ ရှုပ်ကုန်တာလဲ ဘီးနဲ့ ပြန်မဖီးပေးဘူး၊ ဒီတိုင်းကြီးပဲ...။ ပြီးတော့ ဆေးတွေနဲ့ စလိမ်းပါတယ်၊ သူတို့တွေက လက်အိတ်စွပ်ပြီး လိမ်းပေးပါတယ်၊ ဆံပင်ဆိုးတဲ့ ဘီးနဲ့ နှစ်ယောက်ပါပဲ။ ဆေးက နံလိုက်တာ မပြောနဲ့၊ မျက်နှာကို ညာဖက်လှည့်လိုက်ရင် မျက်လုံးကို လာဟပ်တယ်၊ ပူသွားတာပဲ ဘယ်ဘက်လဲ ဒီတိုင်းပဲ၊ ဒါနဲ့ ခေါင်းကို ဘယ်မှ မလှည့်ရဲဘူး တည့်တည့်လေးပဲ နေရတာ၊ ညောင်းလိုက်တာ။ ညလေးခေါင်းကို လိမ်းရတာ အတော်လေး ကြာပါတယ်၊ သြော် သူများတွေလို ကော်ပြားကြီးနဲ့ ဆံပင်တွေမှာ ကပ်မလားဆိုပြီး စောင့်နေပေမယ့် မကပ်ပါဘူး၊ ညလေးဆံပင်က နဂိုဖြောင့်မို့ ထင်ပါတယ်၊ လိမ်းပြီးတော့ ဆေးကို ခြောက်တဲ့ထိ ထားပါတယ်။

ဆေးခြောက်ဖို့ကို အတော်လေး ထိုင်စောင့်ရပါတယ်၊ ဆေးနံ့ကြောင့် အိပ်ချင်နေတာလဲ မအိပ်ရ စာဖတ်ပြန်တော့လဲ ခေါင်းကို ရှေ့ငိုက်လို့မရနဲ့ အတော်လေး ဒုက္ခများပါတယ်။ ခေါင်းလှည့်ချင်ရင် အောက်က ထိုင်ခုံပါ တစ်ခါတည်း လှည့်နေရပါတယ်။ ခြောက်လောက်ပြီဆိုတော့ စက်တစ်ခု တွန်းလာပြီး ခေါင်းမှာ စွပ်ပါတယ်၊ အလယ်အပေါက်နဲ့ အ၀ိုင်းကြီးပါပြီး ဖွင့်လိုက်တာနဲ့ အဲ့ဒါကြီးက လည်လာပါတယ်၊ တဖြည်းဖြည်းနဲ့လဲ ပူလာပါတယ်။ စက်ကို ခေါင်းပေါ်မှာ တင်ထားပြီး လှည့်တဲ့ခါမှာ မျက်နှာအထက် ရောက်တဲ့ချိန်မှာ အပူရှိန်ကြောင့် မျက်နှာပါ ပေါင်းတင်ပေးသလား ထင်ရတယ်။ သူတို့ကတော့ နာရီချိန်ထားတယ် ထင်ပါတယ်၊ ညလေးကတော့ အတော်လေး ကြာတယ်လို့ ယူဆမိတယ်။ အချိန်အတော်ကြာ အပူခံပြီးတော့ စက်ကြီးက ထမြည်ပါရော... တီ.. တီ... တီ.... နဲ့။

ခဏနေတော့ “လာ ခေါင်းလျှော်မယ်” ဆိုလို့ ခေါင်းလျှော်ရပြန်ရော၊ ခုနကပဲ အပူပေးထားတာ ခု ခေါင်းကို ရေ ပြန်စွတ်မယ်ဆိုတော့ ကိုယ်က စိတ်ပူရပါသေးတယ်၊ မတော် လျှောသွားမှ ဒွတ်ခ confused။ ကိုယ်ကသာ စိတ်ပူနေမိတာ သူတို့ကတော့ အလျှော်မပျက်ပါဘူး၊ ခေါင်းလျှော်ရည်နဲ့ စိန်ပြေနပြေ ဆေးချနေပါတယ်။ ပိုက်နဲ့လက် ထောက်လို့ နဖူးနာတာတော့ မပြောနဲ့၊ ပြီးသွားတော့ အစောနကလို သဘတ်နဲ့ ထုပ်ပြီး ထခိုင်းပြန်ရော။

ဒီတစ်ခါလဲ နှစ်ယောက် အပြိုင်သုတ်ပါတယ်၊ မသိရင် ပြိုင်ပွဲ ၀င်နေကြသလိုပါပဲ။ ရေစစ်အောင် သုတ်ပြီးတော့ လေမှုတ်စက်ယူပြီး လေမှုတ်ပြန်ရော (ပူရပြန်ရော တစ်ခါ)။ ပြီးတော့ ဖြောင့်စက်တွေ ယူပြီး ဖြောင့်ဖို့ လုပ်ပါတယ်၊ စ ဆွဲပါတယ် ခင်ဗျာ... နောက်မှာ တစ်ယောက် ညာဖက်ဘေးက တစ်ယောက်ပါ။ ညလေးရဲ့ ခေါင်းဆိုတာ နောက်ကဆွဲလို့ နောက်ယိုင်သွားလိုက်၊ ဘေးကဆွဲလို့ ဘေးယိမ်းသွားလိုက်နဲ့ ခေါင်းကို သူတို့ဆီ ပါမသွားအောင် ထိန်းထားလဲ မရပါဘူး လည်ပင်းကြောသာ ထောင်လာတယ် ပါသွားမြဲပါ။ တစ်ယောက်က သိပ်မကျွမ်းသေးဘူး ထင်ပါတယ်၊ ခဏနေတော့ ဆိုင်ရှင်ကိုယ်တိုင် ကိုင်ပါလေရော.. အဲ့ဒါမှ ပိုဆိုးတာ၊ အာ... လာ... လာ....... ဆွဲတာမှ တစ်အားးးးးးးးး သူက မြန်တယ် အားရပါးရလဲ ဆွဲတယ်၊ ဆိုင်ရှင်က အပေါ်က ထောင်ဆွဲလိုက်၊ နောက်တစ်ယောက်က နောက်ဖက်က ဖိဆွဲလိုက်နဲ့။ ပူကလဲပူ၊ ခေါင်းကိုလဲ ရှေ့တိုး နောက်ငင်နဲ့ အပြိုင် ဆွဲနေကြတာကို လိုက်ထိန်းနဲ့ တစ်ခေါင်းလုံး ချွေးပြန်လာပါတယ်၊ နဖူးမှာပါ ချွေးပြန်လာရော၊ ဒါနဲ့ ဆိုင်ရှင်က ခုနက အနားပေးထားတဲ့ ကောင်မလေးကို “နင်ဘာလုပ်နေလဲ၊ လာဒီမှာ လေအေးနဲ့ လာမှုတ်ပေး၊ ချွေးထွက်နေပြီ” လို့ ပြောလို့သာ လေမှုတ်စက်ကြီးနဲ့ တစ်ခါ ဦးရေပြားတွေကို လိုက်မှုတ်ပြန်ရော၊ ဒီတစ်ခါ အအေးမို့ တော်သေးရဲ့။ ဆိုင်ရှင်က အတွင်းက ချွေးထွက်လာရင် ဆံပင်တွေပါ စိုလာပြီး ဖြောင့်နေတာ အရာမထင်မှာ စိုးလို့တဲ့။ အတော်လေး ကြာသွားမှ ပြီးပါတယ် နာရီဝက်တောင် ရှိမလားပဲ (ဆံပင်ကို ဖြောင့်တာ အကြာဆုံးပါပဲ)။

ဆံပင်ကို အအေးခံပါတယ်၊ ပြီးတော့ Hair Coat အနည်းငယ် လိမ်းပေးတယ်၊ ခဏနေတော့ နောက်ထပ် ဆေးဖြူဖြူတွေ လာသုတ်ပြန်ရော၊ သိပ်မကျွမ်းသေးတဲ့ ကောင်မလေးပဲ လိမ်းပေးပါတယ်။ ဒီတစ်ခါတော့ ဆေးက အတော်လေး မွှေးတယ် အနံ့လေးက သင်းသင်းလေး အေးလဲအေးပါ့ ဇိမ်ပဲ၊ ခုနနဲ့တော့ တစ်ခြားစီပေါ့။ လိမ်းပြီးတော့ အတော်လေး ကြာကြာ ခြောက်အောင် ထားပါသေးတယ် ညလေးက ဆေးနံ့သဘောကျလို့ ဘယ် ညာလှည့်ပြီး အနံ့ရှုပါတယ်။ ဆိုင်ထဲမှာ ခွေးပေါက်လေး တစ်ကောင်ရှိပါတယ်၊ ဆိုင်ရှင်ယောက်ျားက ခွေးပေါက်နဲ့ ဆော့လိုက်၊ သေး ချေး တည်လိုက်နဲ့ ခွေးလေးက ဟိုဒီ လျှောက်နမ်းတာကို “တ ဟဲ့ ဟဲ့” နဲ့အော်နေကြတာ၊ ညလေးက တိရိစ္ဆာန်ဆို ချစ်တတ်တာနဲ့ အဲ့ဒီ ခွေးပေါက် လျှောက်သွားတိုင်း ခုံကို လည်ပြီး လိုက်ကြည့်တာပေါ့။ ခွေးက လျှောက်ဆော့ရင်းနဲ့ ညလေး ဆံပင်ကို နောက်ကနေ လာဆွဲပါတယ်၊ ဒါကို အားလုံးက ၀ိုင်းအော်လိုက်ကြတာ၊ ခိ.. ညလေးလဲ ခုံကို အမြန်လှည့်ရတာပေါ့။ အခြောက်ခံတာလဲ အတော်ကြာပေါ့၊ သူတို့တွေလဲ ခြောက်မခြောက် လာလာ ကိုင်ရတာ။

ခြောက်ပြီလို့လဲ ဆိုရော စက်တစ်ခု တွန်းလာပြန်ရော ဆံပင်ကိုလဲ အ၀တ်အမည်းကြီး လာအုပ်ပါတယ်၊ အ၀ိုင်း အပေါက်က တိုးလျိုပေါက်၊ ဆံပင်ကို လျှိုသွင်းပြီး သားရေကြိုးကို နဖူးကနေ နောက်ဖက်ထိစည်းပြီး ဆံပင်ကို အ၀တ်မည်းထဲ ထည့်ထားပါတယ်။ စက်မှာလဲ အပေါ်က ပေါင်းချောင်လို ဖန်အုပ်နဲ့ ခေါင်းစွပ်တဲ့နေရာမှာ အ၀တ်မည်းနဲ့ပါ။ ညလေးရဲ့ ခေါင်းကို စက်က အ၀တ်မည်းထဲ ထည့်ပြီး ချည်လိုက်ပါတယ်၊ အချိန် ၁၅ မိနစ် ပေးပါတယ်။ ဖွင့်ပြီးတော့ တဖြည်းဖြည်းနဲ့ ပူလာပါတယ်၊ အပေါ်ကလဲ အငွေ့တွေ ထွက်လာပါတယ်၊ မသိရင် ညလေးခေါင်းကို ထည့်ပြီး ပေါင်းနေသလိုပဲ (မှန်ထဲမြင်ရတဲ့ ကိုယ့်ပုံကိုယ် ကြည့်ရင်း ငါးပေါင်းခဲ့တာကို သွားသတိရမိပါတယ်)။ ဒီစက်ကတော့ သိပ်မဆိုးပါဘူး ညလေးက စက်နားကပ်နေလို့လား မသိဘူး ပေါင်းအိုးတွေနဲ့ ပေါင်းတဲ့ခါမှာ ထွက်လာတဲ့ အသံကိုပါ ကြားနေရတယ် ဟားးဟားး မဆိုးလား။ မပြီးသေးဘူးလား မေးတဲ့သူနဲ့ လာကြည့်တဲ့ သူနဲ့၊ ညလေးကတော့ ပြီးမှာ စိုးရတယ်၊ နေလို့ ကောင်းတယ်။ ခေါင်း လှုပ်မရပေမယ့် ဆံပင်သားတွေ နွေးလာတာ ပူလာတာ ပျော့လာတာ ခံစားရပါတယ် (ဒီစက်ကြီးတော့ သဘောကျပေါ့ ပြန်ရင် ရန်ကုန်မှာ ဆိုင်ဖွင့်မယ်)။ အချိန်ပြည့်တော့ စက်က တတီတီနဲ့ မြည်ပြီး ညလေးရဲ့ ခေါင်းက တဖြည်းဖြည်း အေးလို့လာပါတယ် အိုးးးးးးးးး ကောင်းလိုက်တာမှ စက်က အလိုလိုကို အအေးတွေ လွှတ်ပေးနေတာပေါ့။ ဇိမ်ခံ ကောင်းနေတုန်းမှာပဲ စက်က ရပ်သွားတဲ့အတွက် ခေါင်းက အ၀တ်မည်းကို ချွတ်ပြီး စက်ကြီးပါ တွန်းသွားပါရော။

“လာညီမ ခေါင်းလျှော်ရအောင်” တဲ့ စိတ်ထဲကတော့ လျှော် လျှော်နိုင်လွန်းးးး လို့။ ဒီတစ်ခါတော့ အငယ်လေးပဲ လျှော်ပေးပါတော့တယ်၊ ရေပဲဆေးချတယ် ထင်ပါတယ်၊ လိမ်းထားတဲ့ ဆေးတွေပဲ စင်အောင် ဆေးပေးတာပါ။ ဆေးလဲပြီးရော သဘတ်နဲ့ ပေါင်းပေးတာမှာ မပေါင်းတတ်လို့ သဘတ်ကို ကိုယ့်လက်နဲ့ ကိုယ် ကိုင်ပြီး ထလာရပါတယ် (ပညာကွာတာပေါ့)။

ဒီတစ်ခါလဲ မခြောက် ခြောက်အောင် ၀ိုင်း သုတ်ကြပါသေးတယ်၊ ရေစစ်တော့ Dryer နဲ့ နှစ်ယောက် မှုတ်ပြန်ရော ဒါလဲ ဆိုင်ရှင်က ၀င်မှုတ်ပါတယ် (သူက အတော်လေး ကျွမ်းပုံရတယ်)။ Dryer နဲ့ မှုတ်ရာမှာ ခေါင်းအပေါ်ကနေ အောက်ကို မှုတ်ချပါတယ်၊ ပြီးသွားတော့ Hair Coat အနည်းငယ် ထပ်လိမ်းပေးတယ်၊ ဆံပင်က မညီလို့ ဆိုင်ရှင်ပဲ အနည်းငယ် ထပ်ညှိပေးပါတယ်။ ကဲ ပြီးသွားပြီတဲ့ မလှဘူးလား.. ညလေးကို မေးပါတယ်၊ မြင်တယ်ဟုတ် ဖြောင့်ပြီးခါစ ဆံပင်လေးနဲ့လေ။

“ညီမ Hair Coat က ၀ယ်သွားပါလားတဲ့ အရင်သုံးနေတာတွေ မသုံးနဲ့တော့နော်” လို့ ထပ်ပြောလာရင်း Hair Coat ကို ဆံပင် ဘယ်နားက စလိမ်းရတယ် ပြီးတော့မှ လက်က ကျန်တာနဲ့ ခေါင်းထိပ်ကို ပွတ်ပါဆိုပြီး ထပ်လာလိမ်းပေး နေလို့ အားနာတတ်တာနဲ့ (လိုချင်တာလဲ ပါတာပေါ့ wink) တစ်ဗူးဝယ်လာပါတယ်။ ဒါနဲ့ ညလေး ဆံပင်သွားဖြောင့်တာ အားလုံးပေါင်း (ရင်းဂစ် ၃၀၀ တိတိ) ကုန်ခဲ့ပါကြောင်းးးးးးးးးး နဲ့ နောက်ပို့စ်မှာ တနင်္ဂနွေနေ့က KLCC ကို ဆံပင် အဖြောင့်လေးနဲ့ သွားခဲ့ပါကြောင်းးးး နောက်တစ်ပို့စ်မှာ ကြည့်ပေါ့နော်.. အဲ ဆံပင်တော့ ပြပါမယ်... ခိ..။

ကဲ ကောင်မလေးများ ဆံပင်ဖြောင့်မယ်ဆိုရင် အဆွဲခံနိုင်မှ ဖြစ်မယ်နော်.....lol
*****

16 comments:

ရွှန်းမီ said...

:-) ဆံပင်ဖြောင့်တယ် ဆိုလို့ ပြေးလာတာ..
သုံးရာပဲဆို တန်တာပေါ့.. ဒီမှာ စလုံး၂၀၀ကျော်တယ်.. ပုခုံးကျော်ရင်..
ဆံပင်ဖြောင့်ပြီးရင် နေထိုင်ရ ပေါ့ပါးနေတာတော့ အမှန်ပဲ.. လှနေဦးမှာပေါ့လေ ;-)

ဂျူနို said...

ဆိုင်မှာ မအယ်လည်း တော်တော်ဒုက္ခရောက်ဘူးတယ်။ ထအော်လိုက်မိရော။ ပူတာ အသားလောင်မှာတောင်စိုးရတယ်။
ခုတော့ အိမ်မှာပဲကိုယ့်ဖာသာလုပ်တယ်။
ံတစ်ပတ်လောက်ခံတယ်။
ဒါပေမဲ့ ကိုယ်က အနည်းဆုံး နှစ်ရက်တစ်ခါ ခေါင်းလျှော်တော့ နှစ်ရက်တစ်ခါလောက်ဖြောင့်တာပေါ့။
ခဏပဲလုပ်ရပါတယ်။ ကုတ်လိမ်းပြီး ဆံပင်မှုတ် ပြီးရင် ခဏအေးအောင်ထားပြီး ဖြောင့်လိုက်တယ်။
ဖြောင့်နေရင် စိတ်ချမ်းသာတယ်။ ပိုလည်းလှတယ်ထင်တယ်။ ဘာရောဂါလည်း မသိဘူး။ လိမ်လိမ်တွေ မြင်ရင် ခေါ်ပြီးတောင် ဖြောင့်ပေးလိုက်ချင်တယ်။ အသည်းယားလို့ ။

အယ်ဇီ

ဝေလေး said...

:)
ဝေလေးလည်း ဖြောင့်ဖူးတယ်... မညလေးက နှစ်ယောက်တောင် ဝိုင်းဆွဲတာဆိုတော့ ပိုနာမယ်ထင်တယ်နော် ဝေလေးတုန်းကတော့ ဆံပင်ကို ဆွဲလိုက်တာ အရေပြားပါလန်သွားမလားထင်မိတယ် တော်ပီ ဖြောင့်တော့ဘူး လို့တောင် တွေးမိတာ.. ဟီး ဟီးး
နောက်တော့လည်း ဖြောင့်ဖြောင့်လေးဆိုတော့ လှတော့လှသား.... :P ဆံပင်ပြောပါတယ်..

MoeThwayNge said...

တော်ဘီ..နင်ရေးပြတာနဲ့ နင့်ဆိုင်ဖွင့်ရင် အားပေးတဲ့သူ တယောက်မှ ရှိမှာ ဟုတ်ဘူး..။
နာလည်းမဖြောင့် တော့ဘူး ကြောက်တယ်..
ဟဲဟဲ..နာမှာ ကောင်းမရေးရှိရင်တော့ ..အကြွးဖြောင့်ပေးနော် နင့်ဆိုင်မှာ..ဟဟဟဟ
ရှာလိုက်ဦးမယ်.....
ခင်တဲ့
အားလုံးကိုပျော်စေချင်သူ

မိုးကောင်းသူ said...

ညလေးလို လှချင်သားနော်။ ဆံပင် အဆွဲတော့ မခံနိုင်ဘူးကွယ်။ ဖြောင့်ရင် နာမှာဆိုးလို့ ကောက်ရင်ကောင်းမလားလို့ စဉ်းစားနေတယ်။

khin oo may said...

နောက်တစ်ခါ အခွေ ကလေးတွေ လုပ်ပါ။

ThuHninSee said...

ဒီမှာက ကောက်ချင်နေတာ...နောက်လ သွားကောက်မလားလို့။
ဖြောင့်တဲ့သူက ကောက်ချင်..ကောက်တဲ့သူက ဖြောင့်ချင်.
မကောက်မဖြောင့် အလတ်အလတ်က နှစ်ခုလုံးလုပ်ချင်နော်။

နွေးနွေးသဲမွန် said...

အယ် ဒို့ မိန်းခေး တွေရဲ့ ကိုယ့်ဒုက္ခကိုယ်ရှာခြင်းအကြောင်းလေးပေါ့ ဟုတ်လား.. ;-)
ရေးတတ်ပါ့ ညလေးရေ

သဇင်ဏီ said...

ဟဟဟ.
မိန်းကလေးလေကွယ်..
လှချင်တော့အောင့်ခံရမှာပေါ့...

မီးမီးချစ် said...

အမ ဆို အပူလောင်ပြီး ဆေးဖြူဖြူတွေလဲထည့်ရော စပ်လို့ အော်ရတယ်..လှချင်တော့ခံရတာပေါ့..
လာရောင်းရင်လဲ အားနာပြီး ဝယ်မိတာပဲ..မိန်းခလေးတွေများ တူပါ့..

မိုးခါး said...

ဆံပင်က လိန်လာရင် ဖြောင့်ချင်တယ်
ဖြောင့်တာတ၀က်လောက်ရောက်ရင် နောင်တရချင်ရော .. :P

ရွှေပြည်သူ (ShwePyiThu) said...

အတူတူပဲညလေးရေ... အောင့်အီးပြီး ပူတာတွေ ဆွဲတာတွေကို ခံတာပါပဲ။ လှချင်တဲ့ ဒုက္ခတွေလေ...း) ဘာပဲဖြစ်ဖြစ် အခုညလေး လှသွားပြီ မဟုတ်လားး)

flowerworld said...

ချစ်မက ဆံပင်တွေဖျောက်လို့ပါလား လှပြီးသားပါဆို ဟီးးးးးး
မီးလေးလဲဖျောက်ချင်တယ် အဖျောက်နဲ့လိုက်တယ်လို့သယ်ရင်းတွေကတော့
ပြောကြတယ် မီးလေးကဆံပင်ပါးတော့ အဒေါ်တွေကမပေးဖြောင့်ကြဘူးလေ လေမှုန့်လို့ဆံပင်ဆွဲရင် အရမ်းစိတ်ညစ်တာ ကိုယ့်ခေါင်းကပါပါသွားတာ ခေါင်းပြတ်မှာစိုးလို့ မနည်းပြန်ပြန်ဆွဲထားရတယ် ဟီး အခုလှနေပြီးပေါ့နော် ဓာတ်ပုံပို့ပေး မီးလေးမေးလ်ကိုနော် ဘလော့ဂ်မှာလိပ်စာရှိတယ် မမဆီးဗုံးကမီးလေးလာလည်တိုင်း တစ်ခါမှမမြင်ရဘူး မီးလေးဆီကပဲကွန်မကောင်းလို့လားမသိပါဘူး မေးလ်ပို့ဖို့မမေ့နဲ့နော်

flowerworld said...

ချစ်မက ဆံပင်တွေဖျောက်လို့ပါလား လှပြီးသားပါဆို ဟီးးးးးး
မီးလေးလဲဖျောက်ချင်တယ် အဖျောက်နဲ့လိုက်တယ်လို့သယ်ရင်းတွေကတော့
ပြောကြတယ် မီးလေးကဆံပင်ပါးတော့ အဒေါ်တွေကမပေးဖြောင့်ကြဘူးလေ လေမှုန့်လို့ဆံပင်ဆွဲရင် အရမ်းစိတ်ညစ်တာ ကိုယ့်ခေါင်းကပါပါသွားတာ ခေါင်းပြတ်မှာစိုးလို့ မနည်းပြန်ပြန်ဆွဲထားရတယ် ဟီး အခုလှနေပြီးပေါ့နော် ဓာတ်ပုံပို့ပေး မီးလေးမေးလ်ကိုနော် ဘလော့ဂ်မှာလိပ်စာရှိတယ် မမဆီးဗုံးကမီးလေးလာလည်တိုင်း တစ်ခါမှမမြင်ရဘူး မီးလေးဆီကပဲကွန်မကောင်းလို့လားမသိပါဘူး မေးလ်ပို့ဖို့မမေ့နဲ့နော

flowerworld said...

ချစ်မက ဆံပင်တွေဖျောက်လို့ပါလား လှပြီးသားပါဆို ဟီးးးးးး
မီးလေးလဲဖျောက်ချင်တယ် အဖျောက်နဲ့လိုက်တယ်လို့သယ်ရင်းတွေကတော့
ပြောကြတယ် မီးလေးကဆံပင်ပါးတော့ အဒေါ်တွေကမပေးဖြောင့်ကြဘူးလေ လေမှုန့်လို့ဆံပင်ဆွဲရင် အရမ်းစိတ်ညစ်တာ ကိုယ့်ခေါင်းကပါပါသွားတာ ခေါင်းပြတ်မှာစိုးလို့ မနည်းပြန်ပြန်ဆွဲထားရတယ် ဟီး အခုလှနေပြီးပေါ့နော် ဓာတ်ပုံပို့ပေး မီးလေးမေးလ်ကိုနော် ဘလော့ဂ်မှာလိပ်စာရှိတယ် မမဆီးဗုံးကမီးလေးလာလည်တိုင်း တစ်ခါမှမမြင်ရဘူး မီးလေးဆီကပဲကွန်မကောင်းလို့လားမသိပါဘူး မေးလ်ပို့ဖို့မမေ့နဲ့နော

flowerworld said...

ချစ်မက ဆံပင်တွေဖျောက်လို့ပါလား လှပြီးသားပါဆို ဟီးးးးးး
မီးလေးလဲဖျောက်ချင်တယ် အဖျောက်နဲ့လိုက်တယ်လို့သယ်ရင်းတွေကတော့
ပြောကြတယ် မီးလေးကဆံပင်ပါးတော့ အဒေါ်တွေကမပေးဖြောင့်ကြဘူးလေ လေမှုန့်လို့ဆံပင်ဆွဲရင် အရမ်းစိတ်ညစ်တာ ကိုယ့်ခေါင်းကပါပါသွားတာ ခေါင်းပြတ်မှာစိုးလို့ မနည်းပြန်ပြန်ဆွဲထားရတယ် ဟီး အခုလှနေပြီးပေါ့နော် ဓာတ်ပုံပို့ပေး မီးလေးမေးလ်ကိုနော် ဘလော့ဂ်မှာလိပ်စာရှိတယ် မမဆီးဗုံးကမီးလေးလာလည်တိုင်း တစ်ခါမှမမြင်ရဘူး မီးလေးဆီကပဲကွန်မကောင်းလို့လားမသိပါဘူး မေးလ်ပို့ဖို့မမေ့နဲ့နော

 
Looking for something? Try :::