NyAlAy
အချိန်ပေး၍ လာရောက်ဖတ်ရှုသူများကို ကျေးဇူး အထူးတင်ရှိပါတယ်။ နှစ်သစ်မှာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ....

May 14, 2009

ကျမရဲ့အတွေး

ကျမ...
အိမ်ခဏပြန်ရောက်သွားတယ်
အမေနဲ့ တွေ့တယ်လေ
မာကြောင်း သာကြောင်း
စကားတွေ တစ်လှေကြီးပေါ့
အမေ့အပြုံးတွေက ချိုလိုက်တာ...

“သမီးငယ်လေး နေကောင်းရဲ့လား” တဲ့
အကြိမ်ကြိမ် ကြားဖူးခဲ့ပေမယ့်
ဒီတစ်ခါတော့ လွမ်းလို့လားမသိ
စကားလေး တစ်ခွန်းထဲနဲ့
အားအင်တွေ ဖြစ်စေခဲ့တယ်။

နဖူးလေးပေါ် ကြင်နာလှတဲ့
အနမ်းလေးတစ်ပွင့်
နှင်းပွင့်လေးတွေ ကျလာသလိုပဲ
အေးမြခြင်းကြောင့်
အခါခါ တောင့်တမိပါရဲ့။

ပွေ့ဖက်လာတဲ့ လက်တစ်စုံက
နွေးထွေးမှုအပြည့်နဲ့ပေါ့
မောပန်းနွမ်းနယ်နေတဲ့ကျမ
ဘ၀အမောတွေ
တခဏလေးနဲ့ ပြေပျောက်ခဲ့တယ်။

အမေ့ရဲ့ လက်မောင်းအိုးကို ရီးလေးခိုပြီး
အတွေးထဲမှာတော့
ကမ္ဘာတစ်ပါတ် ပတ်နေစဲ..
*****

3 comments:

သဇင်ဏီ said...

ချစ်စရာကောင်းတဲ့ကဗျာလေးတစ်ပုဒ်ပါ..

MoeThwayNge said...

ညလေး ရေ... နင်ကဗျာလေးဖတ် ပြီးမှ အိမ်ပြန်ချင်လာပြီး..နိုးချင်လာပြီးနော်.. ၈နှစ်တောင်ရှိပြီးဟ...အိမ်နဲ့ ဝေးနေတာ....
ပြန်တော့ မယ်....
တနေ့တော့
ခင်တဲ့
အားလုံးကိုပျော်စေချင်သူ

မိုးခါး said...

ကောင်းတယ်ညလေးရေ .. ကိုယ်ပါဝင်ခံစားလို့ရသွားတာ ..း)

 
Looking for something? Try :::