NyAlAy
အချိန်ပေး၍ လာရောက်ဖတ်ရှုသူများကို ကျေးဇူး အထူးတင်ရှိပါတယ်။ နှစ်သစ်မှာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ....

Jun 9, 2009

Happy Birthday My Eldest Sister!

ဇွန်လ (၉)ရက်နေ့က ညလေး အစ်မအကြီးဆုံးရဲ့ မွေးနေ့ပါ၊ မနေ့က တင်ချိန် မရှိလိုက်လို့ ဒီနေ့မှ ဘက်ဒိတ်နဲ့ ပြန်တင်လိုက်ပါတယ်။ ညလေးရဲ့ အစ်မ ဒီနေ့တွင် ကျရောက်သော မွေးနေ့မှသည် နောင်နှစ်များစွာတိုင် မိသားစုနဲ့ ပျော်ရွှင်စွာ အတူတကွ မခွဲမခွာ နေနိုင်ပြီး သားနှစ်ယောက်ကို လိမ္မာယဉ်ကျေးပြီး အဖိုးတန်သော သားများအဖြစ်၊ မိဘစကားကို နားထောင်သော မိဘနှစ်ပါးကို လုပ်ကျွေးပြုစုရသော ဆွေမျိုးများကို ပြန်လည် ကြည့်ရှုစောင့်ရှောက် နိုင်သော ပညာတတ် လူရည်မွန်လေးများ ဖြစ်အောင် သွန်သင်နိုင်ပါစေလို့...
မွေးနေ့ရှင်က ဗုဒ္ဓဟူး သမီးဖြစ်ပေမယ့် ဒီနှစ်မှာတော့ တနင်္လာနေ့မှာ ကျရောက်တဲ့ အတွက် ညလေးက ဘလော့ဂ်လာသမျှ လူတိုင်းကို တနင်္လာနံ ဟင်းလျာများနဲ့ တည်ခင်း ကျွေးမွေးမှာ ဖြစ်ပါတယ်၊ ဗုဒ္ဓဟူးနံလဲ ရှိရင် ထည့်ပေးပါ့မယ်..။ လာသမျှ လူတိုင်းက အားမနာ ပါးမနာ စားသောက်ကြပါလို့ ပါဆယ်လဲ ထုပ်ယူသွားလို့ရပါတယ်။
*****
ခရုမဆလာအစပ်ချက် (ဒီခရုက ခေါင်းဘက်ကနေ စုတ်ပြီး စားရတာ မစားတတ်ရင် လေကုန်ပါတယ်၊ ဒါက သူငယ်ချင်း ၀ယ်ကျွေးတုန်းက ရိုက်ထားတာ)
ခရုအချိုချက် (ဒီခရုကလဲ ရေကန်ထဲမှာ မွေးထားတုန်းက အသည်းယားစရာလေးတွေ နှာမောင်းလေးတွေလဲပါတယ်၊ မစားခင်မှာ ဆိုင်ရှင်အစ်မကြီးက စားကောင်းတယ် ဆိုတာနဲ့ မှာစားဖြစ်တာ အသားက ထုတ်ထုတ်လေး ကြက်သွန်ဖြူ နိုင်းချင်းနဲ့ အုန်းနို့ထည့်ပြီး ချက်ထားတယ် ထင်တာပဲ စားလို့ကောင်းတယ် အချိုချက်ပေါ့)
ခရုဟင်းရည် - ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ် နဲ့ ဟင်းနုနယ်ရွက်အနည်းငယ် ပဲ ပါပါတယ်။ (သွားတဲ့နေ့က ပင်လယ်စာ ရတဲ့ဆိုင်ဆိုတော့ သူငယ်ချင်းက ခရုတွေချည်းပဲ မှာလို့ စားဖြစ်တယ်)။ အရင်တုန်းက ညလေး ခရုမစားဖူးဘူး မစားရဲတာပေါ့၊ သူငယ်ချင်းက စားကြည့်ပေါ့တဲ့။ ဘာဖြစ်ဖြစ် စားဖူးထားတော့ ကောင်းတာပဲလေ ဟုတ်ဘူးလား... ဒီရောက်တော့ အမဲသားကလွဲရင် အကုန်စားပါတယ် (မစားတဲ့အသား စဉ်းစား မရသေးဘူး)။
ကြက်သားသုပ် (ပြုတ်ပြီး အသားတွေ နွင်ပြီးမှ သုပ်ပါတယ်)
ကြက်ကလီဇာအစပ်ချက် (ကြက်သည်းနဲ့ နှလုံးလေးတွေပဲ ပါတယ်နော်)
ကြာဇံကြော် (ဖြစ်သလို ကြော်လိုက်တယ် ခိ) စားကောင်းတာတော့ မပြောနဲ့ ကိုယ်တိုင်ကြော်မို့။
ကြက်သား အမွကြော် (ကြက်သား အစိမ်းတွေကို အသားတွေ ရအောင် လှီး/ခြစ် ယူပြီး အရိုးကိုကျ ဟင်းရည်ပြုတ်ပါတယ်၊ အဲ့ဒီအသားတွေကို ပါးပါးလေး ရအောင် လှီးပြီးမှ ဘလာချောင်သဘောမျိုး ကြော်ထားတာပါ၊ ငရုတ်သီးစိမ်းနဲ့ပါ)
ကြက်အူချောင်းအစပ်ချက် (ကြက်သားဟင်းချက်သလို ချက်ပါတယ်၊ ကြက်အူချောင်းတွေကို အရင်ကြော်လိုက်ပါတယ်)
ကန်စွန်းရွက်နဲ့မှိုကြော်
ကြက်ဥချဉ်ရည် (ဘဲဥက ဒီမှာ ဈေးကြီးပြီး အနည်းငယ်ရှားပါတယ်၊ ညလေးကတော့ ကြက်ဥမကြိုက်လို့ အရည်နဲ့ ကြက်ဥတစ်ခြမ်းလောက်ပဲ စားဖြစ်တယ်)
ခရမ်းသီးနှပ် (ဒီရောက်မှ နှပ်ဖူးတာပါ၊ ကောင်းမှကောင်းပဲ၊ အမေက အရမ်းကြိုက်တာ ရန်ကုန်မှာတုန်းက နှပ်လိုက်တိုင်း အဆင်မပြေပါဘူး အိမ်ပြန်ရောက်မှ အမေ့ကို ခရမ်းသီး နှပ်ကျွေးပါမယ်)
ခရမ်းချဉ်သီးသုပ် (အဆင်ပြေသလို သုပ်ပါတယ်နော်)
ငပိချက် (ငပိကို ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်းတို့နဲ့ စပ်စပ်လေး ချက်ပါတယ်)
ငရုတ်သီးဆားထောင်း (စပ်မယ်နော်)
ငါးမြစ်ချင်းကြော် (ဒါက နောက်ဆုံးပိတ်၊ ဟင်းတိုင်းလိုလို အစပ်တွေချည်းပဲ ဆိုတော့ ဒီတိုင်းစားသွားလဲ စိတ်မဆိုးဘူး)။
*****
အားလုံးပဲ ပျော်ရွှင်ကြပါစေနော်...
*****

2 comments:

ညလင်းအိမ် said...

မင်္ဂလာပါ...ညလေး
ကလေးနာမည်က အဂ္ဂဘုန်း ဆိုတော့ တော်တော်မိုက်တယ်ဗျာ...
အနှီးတွေ နို့မှုန့်တွေ လက်ဆောင်ပြန်ပေးတော့.. ဟိ
ကျွန်တော့ကျတော့ လက်ဆောင်ပြန်ပေးခိုင်းတယ်
မနိုင်းနိုင်းမတရားဘူးနော်...:P

နောက်တာပါ...

khin oo may said...

happy birthday!.

 
Looking for something? Try :::