NyAlAy
အချိန်ပေး၍ လာရောက်ဖတ်ရှုသူများကို ကျေးဇူး အထူးတင်ရှိပါတယ်။ နှစ်သစ်မှာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ....

Jun 27, 2009

ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲ ဖိတ်ကြားလွှာ

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ (ကူချိုင်းလားမား) မဟာစည်သြ၀ါဒခံ၊ ညောင်ကန်အေးသာသနာ့ရိပ်သာ
ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ဖိတ်ကြားလွှာ

ဗုဒ္ဓဘာသာ ကလျာဏအနွယ်ဝင် သူတော်စဉ်အပေါင်း သူမြတ်လောင်းတို့....

ယခင်က မလေးရှားနိုင်ငံ၊ ပူချုန်း (၆) မိုင်တွင် တည်ရှိခဲ့ပြီး ယခုအခါ ကူချိုင်းလားမား ရပ်ကွက်အတွင်းသို့ ပြောင်းရွှေ့ ဖွင့်လှစ်ပြီးဖြစ်သော ကျေးဇူးတော်ရှင် ညောင်ကန်အေး ဆရာတော်ဘုရားကြီး ဦးစီး တည်ထောင်တော်မူထားအပ်သော မဟာစည်ဩ၀ါဒခံ ညောင်ကန်အေးသာသနာ့ရိပ်သာ (ကူချိုင်းလားမား) ကြီးတွင် နှစ်စဉ်နှစ်တိုင်းကဲ့သို့ပင် ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတော်ကြီးကို ကျင်းပပူဇော်ကြမည် ဖြစ်ပါသည်။
ကျောင်းတော်၌ ပုရိမ၀ါဆို ၀ါကပ်ခိုမည့် ဆရာတော် သံဃာတော်များနှင့်အတူ ပင့်ဖိတ်ကြွလာ ထေရ်သံဃာတို့အား မြန်မာ့ရိုးရာ အစဉ်အလာနှင့်အညီ ၀ါဆိုသင်္ကန်း၊ ၀ါဆိုဆွမ်းနှင့် ၀ါဆိုပန်းများ ဆက်ကပ်လှူဒါန်း ပူဇော်မည်ဖြစ်ရာ စေတနာရှင် ကုသိုလ်ရှင် တို့အားလည်း တတ်စွမ်းသမျှ ဒါနကုသိုလ် ရယူနိုင်ပါရန်နှင့် စုပေါင်းပူဇော် ရေစက်ချ အလှူတော်သို့ ကိုယ်တိုင်သဟတ္ထိက တက်ရောက်ပါဝင် လှူဒါန်းတော် မူနိုင်ကြပါရန် နိဗ္ဗာန် အကျိုးမျှော်၍ တိုက်တွန်း နှိုးဆော်အပ်ပါသည်။

နေ့ရက်၁၂.၀၇.၂၀၀၉ ၀ါဆိုလဆုတ် (၆)ရက် (တနင်္ဂနွေနေ့)
အချိန်နံနက် (၈)နာရီမှ စတင်ပြီး နေ့လည် (၁၂း၀၀)နာရီတွင် ဆရာတော်အရှင်နန္ဒ၀ံသ၊ [သာသန ဓဇ ဓမ္မာစရိယ၊ ပရိယတ္တိ သာသနာ့ပါလ ဓမ္မာစရိယ၊ M.A (India) M.A (Srilanka)] မှ ရေစက်ချ တရားနာမည်ဖြစ်ပြီး တစ်နေ့လုံးတိုင်အောင် အကျွေးအမွေးများဖြင့် ဧည့်ခံကျွေးမွေး လှူဒါန်းကျင်းပမည် ဖြစ်သည်။
နေရာညောင်ကန်အေးသာနာ့ရိပ်သာ A.3-17, DYANSTY 2,
JALAN KUCHAILAMA MAJU 2, OFF JALAN, KUCHAILAMA, KUALALUMPUR.

အောက်ဖေါ်ပြပါ လှူဖွယ်ပစ္စည်းများကို ညောင်ကန်အေးသာသနာ့ရိပ်သာ ဝေယျာဝစ္စ အကျိုးဆောင်အဖွဲ့ ရုံးခန်းတွင် လွယ်ကူစွာ အဆင်သင့် ၀ယ်ယူ လှူဒါန်းနိုင်ပါသည်။
ပရိက္ခရာရှစ်ပါး အပြည့်အစုံတစ်စုံလျင်ရင်းဂစ်၁၁၀
သင်္ကန်းတစ်စုံတစ်စုံလျင်၅၀
နှစ်ထပ်သင်္ကန်းကြီးတစ်စုံလျင်၄၀
သပိတ်တစ်လုံးတစ်လုံးလျင်၁၅
ထီးတစ်လက်တစ်လက်လျင်၁၅
ဖိနပ်တစ်ရံ တစ်ရံလျင်၁၅

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်၊ ကူချိုင်းလားမားတွင် တည်ရှိသော ညောင်ကန်အေး သာသနာ့ရိပ်သာကြီးတွင် တရားချစ်ခင်သူ သူတော်စဉ်များအနေဖြင့် ရှင်ရဟန်းပြုခြင်း၊ တရားဘာဝနာ ပွားများအားထုတ်ခြင်းများကို အချိန်မရွေး ပြုလုပ်အားထုတ်နိုင်ပါပြီ။

ဆရာတော် နှင့် တပည့်ဒါယကာ ဒါယကာမများ
ညောင်ကန်အေးသာသနာ့ရိပ်သာ (ကူချိုင်းလားမား)
ဖုံး - ၆၀၃ ၇၇၈၂ ၈၈၀၀၊ ၀၁၄ ၆၆၄ ၆၈၄၅
*****

1 comments:

ahphyulay said...

သာ....ဓု..ဗျာ၊သာဓု..သာဓု၊ နာဘူးတဲ့ တရားတစ်ခု
ရှိတယ်၊ မရှိယင်လူ၊ချမ်းသာချင်ယင်လူတဲ့။လွတ်သွားတဲ့ကွက်လပ်နေရာကိုလပ်သွားသလောက်
အပြင်ကပြန်ဝင်ဖြည့် လာတတ်တဲ့ ရူပသဘောပါ။
များများမလူနိုင်လို့ သပိတ်တစ်လုံးထဲမှာနေ့ တိုင်း
ဈေးဘိုးထဲကနိုင်သလောက်လေးပဲထည့် ..ထည့် 
သွားဘို့ အိမ်ကိုမှာထားတယ်။ပြည့် တဲ့ နေ့ အရင်
ဆုံးတွေ့ တဲ့ အလူခံပဂ္ဂိုလ်ကို လူမှာပါ။
ကောင်းရဲ့ လားဟင်...။

 
Looking for something? Try :::