NyAlAy
အချိန်ပေး၍ လာရောက်ဖတ်ရှုသူများကို ကျေးဇူး အထူးတင်ရှိပါတယ်။ နှစ်သစ်မှာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ....

Jun 1, 2009

ချက်ဖြစ်တဲ့ဟင်းတွေ(၂)

ညလေး စာမရေးအားသေးလို့ ဒါလေးတွေပဲ တင်လိုက်တယ်။ တစ်ခါခါကျ အသားဟင်းမပါပဲ ရှိတာတွေနဲ့ ရှာကြံ ချက်ပြီး ကြုံသလို စားသောက်ပါတယ်။ ချက်နည်းကို သိချင်ရင်တော့ ပြန်ရိုက်ပေးပါ့မယ်၊ အားလုံးက ချက်တတ်ကြမယ့် ဟင်းတွေချည်းမို့ မတင်တော့တာ၊ အောက်ကပုံတွေ ကြည့်ပြီး ချက်စားချင်စိတ် ရှိလာကြရင် ပြောပေါ့။ ညလေးချက်တဲ့ ဟင်းတွေက အချိုနည်းတယ် အစပ်တော့ တအားစားပေါ့၊ အချိုစားရင် တစ်ခုခု လိုနေသလိုပဲ။ အချဉ်ဆိုလဲ ချဉ်နေမှ၊ အစပ်ဆိုရင် စပ်မှ၊ အပူဆိုရင်လဲ ပူလောင်လောင်မှ သဘောကျပါတယ်၊ ငံပြာရည် အရည်ချက်/ ငပိရည်ကျိုလိုမျိုး ကျရင်လဲ ငံနေမှ စားဝင်တယ်။
ကြက်ဟင်းခါးသီးချက်... မခါးဘူးနော် မြည်းကြည့်ပါဦးးးးး
ပဲတောင့်ရှည် အချဉ်သုပ်... အချဉ်ကို ပဲတီချဉ် တည်သလို တည်ပါတယ်နော်..
မျှစ်အစပ်ကြော်...
ငံပြာရည်ကြော်/ဘလချောင်ကြော်...
မုန်လာဥချဉ်ရည်....
*****

3 comments:

မိုးကောင်းသူ said...

ညလေး
ဟင်းတွေ လာစားတယ်။ ပဲတောင့်ရှည် အချဉ်ကို အဲလိုမစားဖူးဘူး။ လုပ်စားကြည့်အုံးမယ်။

:P said...

အားလုံးကြိုက်တယ်.. မုန်လာဥချဉ်ရည်ကို ကောင်းအောင် မချက်တတ်သေးဘူး.. အပေါ်ကောမန့်က font မပြောင်းပဲရေးမိလို့ မတင်ပါနဲ့နော်..။

MoeThwayNge said...

မုန့်လာဥ ချဉ်ရည် ဟင်းက လွဲလို့ ကျန်တာတွေ မသွားတယ်။ အဲဒီမုတ် လာဥ က တို့ ဘက်မှာ တအားပေါတယ်ဟ။အမေ က ချဉ်ဖတ် ထည့် ပြီးကို ထားတာ။ငယ်ငယ် တည်းက စားနေရတာ မကြိုက်တော့ဘူး။ပေါလို့...။

 
Looking for something? Try :::