NyAlAy
အချိန်ပေး၍ လာရောက်ဖတ်ရှုသူများကို ကျေးဇူး အထူးတင်ရှိပါတယ်။ နှစ်သစ်မှာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ....

Jun 20, 2009

သူ....

သူကတော့...
ကိုယ့်ရဲ့တိုင်းပြည်မှာ အကျဉ်းစံနေပြီး
လွတ်လပ်မှုကိုရအောင် တိုက်ယူနေတယ်။
ငါကတော့..
သူများတိုင်းပြည်မှာနေပြီး
လွတ်လပ်မှုကြောင့် ကျေကျေနပ်နပ်နဲ့ အကျဉ်းကျခံနေရတယ်။
သူကတော့...
ကိုယ့်တိုင်းပြည်မှာ ကိုယ်တိုင်စတေးခံပြီး
အမှန်တရားတွေ ပေါ်ပေါက်လာအောင် ဖော်ထုတ်နေတယ်။
ငါကတော့..
သူများတိုင်းပြည်မှာ
အမှန်တရားတွေ မဟုတ်ခဲ့လဲ မတရားဘူးလို့ မပြောရဲပဲ ငြိမ်ခံနေရတယ်။
သူကတော့...
ကိုယ့်တိုင်းပြည်မှာ အစာငတ်ခံနေပြီး
လူတိုင်း လူ့အခွင့်အရေးရဖို့ ဆန္ဒပြနေတယ်။
ငါကတော့..
သူများတိုင်းပြည်မှာ
အစာငတ်တစ်လှည့် မငတ်တစ်လှည့်နဲ့ လူ့အခွင့်အရေးတွေ တဖြည်းဖြည်း ဆုံးရှုံးနေရတယ်။
သူကတော့...
ဘ၀ရဲ့ ၃ ပုံ ၂ ပုံလောက် အကျဉ်းခံနေခဲ့ရသူ..
မွေးနေ့ပေါင်းများစွာကို တစ်ဦးတစ်ယောက်တည်း တိတ်ဆိတ်စွာ ကျော်ဖြတ်ခဲ့ရသူ..
ခင်ပွန်းသည်ရဲ့ နောက်ဆုံးခရီးကိုတောင် နှုတ်ဆက်ခွင့် မရရှာသူ..
ဒါပေမယ့်....
ကိုယ်တိုင်က အကျဉ်းကျနေလဲ တကမ္ဘာလုံးအနှံ့ကို ရောက်ရှိခဲ့တယ်။
ကိုယ်တိုင်စတေးခံနေရလဲ ဆုတောင်း အားပေးသူတွေ တကမ္ဘာလုံး ပြည့်နှက်နေခဲ့တယ်။
သူရပ်တည်နေတဲ့ Human Right ဆိုတာကို ကမ္ဘာအနှံ့က ထောက်ခံကြတာလဲ အံ့မခန်းပါပဲ။
သူဆိုတာကတော့...
ငါတို့ကို ကိုယ်တိုင် မွေးမထုတ်ခဲ့ပေမယ့် လူတိုင်းလေးစားရတဲ့ ငါတို့တိုင်းပြည်ရဲ့ ခေါင်းဆောင်ကောင်း ပီသတဲ့ အာဇာနည်တစ်ယောက် ငါတို့အားလုံး ဂုဏ်ယူနေရတဲ့ “မိခင်” ကောင်းတစ်ယောက်၊ ငါတို့တွေကိုချစ်တဲ့ ငါတို့ကလဲချစ်တဲ့ ငါတို့အားလုံးရဲ့ “အမေ” ပါပဲ။
“အို.. မိခင်” စိတ်ကျန်းမာ ကိုယ်ကျန်းမာ နဲ့ အမြန်ဆုံး အေးချမ်းစွာ လွတ်မြောက်ပါစေ... အသက်ရာကျော်ရှည်ပါစေ...
စစ်အာဏာရှင်စနစ် အမြန်ဆုံးကျဆုံးပါစေ.. မြန်မာပြည်ကြီးလဲ အမြန်ဆုံး အေးချမ်းသာယာပါစေ... အဖျက်ဗိုင်းရပ်စ်ပိုးများ ဘေးမှ အမြန်ဆုံး ကင်းဝေးပါစေ.....။
*****
ရေးချင်တဲ့စိတ် တကယ် လွတ်မြောက်စေလိုတဲ့ ဆန္ဒရင်းမှန်နဲ့ ဆုတောင်းပါတယ်၊ ရေးထားသည်များ အမှားပါခဲ့သော် နားလည်ပေးစေလိုပါတယ်...
*****

2 comments:

လင်းကြယ်ဖြူ said...

တန်ဖိုးရှိလိုက်တဲ့ စာစု လေးပါခင်ဗျာ
စာရေးသူ ရင်ထဲ က ရှိနေတဲ့ ဆန္ဒတ္ဂေ က ကဗျာမှာ ရောင်ပြန်ဟပ်နေတာအထင်းသားပါနော..
ပျော်ပါစေခင်ဗျာ

ဒီရေ said...

ကဗျာကောင်းလေး လာရောက် ဖတ်သွားပါတယ်....

အားပေးလျက်

ဒီရေ

 
Looking for something? Try :::