KLCC နောက်ခံထားပြီး ရိုက်ခဲ့တဲ့ ပုံတွေက မျက်နှာတွေ မည်းမှောင်နေလို့.. အားမရခဲ့ဘူး။ ကင်မရာထဲက Effect တွေ သိပ်မသိသေးတာလဲ ပါမယ်။
ဒါနဲ့ ထွက်ခါနီး ရေပန်းတွေ နဲ့ ရိုက်တော့လဲ မိုးအုံ့လို့ အရိပ်ကျလာပြီး အတော်လေး မှောင်လာတယ်လေ၊ အီးးးးးးးးး မျက်နှာလဲ မမြင်ရတော့ဘူး၊ ကင်မရာထဲ လျှောက်စမ်းရင်းနဲ့မှ မျက်နှာကို အလင်းပေးတဲ့ Effect လဲ တွေ့ရော မောင်လေးကို “KLCC နဲ့ ပြန်သွားရိုက်မယ် ဒီမှာ မျက်နှာ အရိပ်မကျတော့ဘူး” လို့ပြောတော့ “ပြန်တော့မယ်တဲ့ ၄ နာရီထိုးနေပြီ နောက်တစ်ခေါက်မှ” ဆိုပြီး ရိုက်မလာခဲ့ရတော့ပါဘူး (မောင်လေးက ပြန်ရမှာ ဝေးတယ်လေ)။ ဒီလိုနဲ့ ညလေးပုံတွေက KLCC နောက်ခံထားလို့ မျက်နှာမည်းတွေကြီးပဲ ပါလာတယ် (ဟင့် ဆိုးမှဆိုးပဲ)။
မိုးရွာတော့မယ့် ချိန်မှာ ပြန်လာလိုက်တယ်လေ... မိုးအုံ့နေတဲ့ ပုံက တစ်မျိုးပဲ အနည်းငယ် လွမ်းသွားလို့.. မိုးသားတွေ ကြည်နေရာက ချက်ချင်းကြီးကို မည်းတက်လာပုံက အတော်လေးကို အပြောင်းအလဲ မြန်တဲ့စိတ် ရှိသလိုပဲ...
အဲ့လို မည်းတက်လာပြီးတော့ မိုးပါ ပါလာပါတယ်... ရေပန်းနားရောက်တော့ လေနဲ့ရေပါလာလို့ အတော်လေး အေးသွားပါတယ်။ မိုးဖွဲဖွဲလေးတွေ စကျတယ် ညလေးတို့လဲ ပြေးရတော့တာပေါ့.. အမိုးအောက်ကို ၀င်ပြီး မကြာခင်မှာပဲ မိုးရွာချလာပါတော့တယ်... ညလေးလဲ အထဲမှာ ခဏနေပြီး တိတ်ခါနီးတော့ ပြန်လာလိုက်တယ်။ အထွက်နားမှာ ရောင်းနေတဲ့ ပေါင်မုန့်ဆိုင်ကနေ ပေါင်မုန့်တွေပဲ ၃/၄ ရက်စာ ဆိုပြီး ၀ယ်လာခဲ့လိုက်တယ်... သို့သော်.....