NyAlAy
အချိန်ပေး၍ လာရောက်ဖတ်ရှုသူများကို ကျေးဇူး အထူးတင်ရှိပါတယ်။ နှစ်သစ်မှာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ....

Jul 20, 2009

သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ (သည်းခံခြင်း)

၃၈ ဖြာ မင်္ဂလာ တွေနဲ့ပတ်သတ်ပြီး "ဖိုးချမ်း" က ရေးခိုင်းလာတဲ့ ခါမှာ ကျမ ဘာကစလို့ ရေးရမှန်းမသိခဲ့ဘူး။ မအားတာက တစ်ကြောင်းကြောင့်လဲ ရေးပေးရမယ့် ရက်ထက် ကျော်သွားခဲ့ပါတယ်။ မမေ့မလျော့ Tag ပေးတဲ့ ဖိုးချမ်းကို အားနာပါတယ် ကျမကို တကူးတက ဖိတ်ခေါ်ရေးခိုင်းလာရင် အရမ်းဝမ်းသာတယ်။ ပြီးတော့ တတ်နိုင်သလောက် ပြန်ရေးပေးချင်တာ ကျမဆန္ဒပါ။ မအားတဲ့အတွက်ကြောင့်ရယ် အလုပ်လေး ခဏပြီးချိန် ညပိုင်း တစ်နာရီလောက် ရတဲ့အချိန်လေးကို တင်ချင်တဲ့ပို့စ် ခေါင်းထဲက ထွက်လာတဲ့ပို့စ်ကို အမြန် အပြေးအလွှား ရိုက်ယူနေရတဲ့ ကျမကို နားလည်ပေးနိုင်ကြမယ် ထင်ပါတယ်။ တော်နေကြာ Tag သာထားရတယ် ပြန်လဲ အရေးမလုပ်ဘူးလို့ ထင်နေကြဦးမယ် နောက် ဘယ်သူမှ လာမရေးခိုင်းရင် ဘယ့်နှယ့်လုပ်ရ။
*****
၃၈ ဖြာ မင်္ဂလာတရားတော်တွေက ကျမတို့တွေ ငယ်စဉ်ခါက ဆရာမတွေ နှုတ်တိုက်ရအောင် တတွတ်တွတ် ရွတ်ခိုင်းခဲ့တယ်။ ဘာ့ကြောင့်လဲဆိုတော့ လိမ္မာယဉ်ကျေးအောင်ပါ။ အဓိပ္ပါယ်တွေကိုလဲ ကလေးငယ်လေးတွေ နားလည်လာအောင် နားလည်လွယ်အောင် ရှင်းပြခဲ့သေးတယ်လေ။ ဘာကိုမှ မသိတတ်သေး နားမလည်နိုင်လောက်တဲ့ အချိန်တုန်းကတောင် ရွတ်ကောင်းလို့လဲ ရွတ်ခဲ့ကြသေးတယ်။ အသက်ကြီးလာတော့ တဖြည်းဖြည်း ပိုသိလာတယ်၊ ပိုနားလည်လာတယ်လေ။ အင်း ကိုယ့်ဖာသာ တတ်သိ နားလည်နေပေမယ့် တစ်ခါမှတော့ သူများနားလည်အောင် ပြန်မရှင်းပြတတ်ဘူး။ ၃၈ ဖြာ မင်္ဂလာတရားတော်ကို ပြန်လည် ဖတ်ရှုချင်ကြရင်တော့ "တေးအေးရိပ်" မှာ သွားရောက် ဖတ်ရှုလို့ရပါတယ်။

၁။ အသေ၀နာစ
လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့ ၊ မမှီဝဲ နဲ့ ကင်းအောင်နေ။
ပညာရှိကို အရှည်တွဲလို့ ။ မှီဝဲဆည်းကပ် နည်းယူစေ။
သုံးပါးရတနာ မိဘများနှင့် ၊ ဆရာသမားကို ပူဇော်လေ။
ချမ်းသာကိုပေး ဆက်ဆံရေး ၊ မြော်တွေးသုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။


ပထမဆုံးအပိုဒ်မှာ ပါဝင်တဲ့ အထက်က စာပိုဒ်လေးထဲမှာ "လူမိုက်ဆိုလျှင် ရှောင်သေလွဲလို့၊ မမှီဝဲနဲ့ ကင်းအောင်နေ" တဲ့ လူတိုင်းတော့ လူမိုက်နဲ့ အပေါင်းအသင်း လုပ်ချင်ကြမယ် မထင်ဘူး။ မသိလို့ ပေါင်းမိတာ ချည်းပါပဲ။ ဒါပေမယ့် အချိန်ကြာလာတာနဲ့ အမျှ သူက ကိုယ့်အပေါ် ကောင်းကျိုးပေးနေလား၊ သူ့ကြောင့် ဆိုးကျိုးတွေချည်း ရနေလား ခွဲခြားသိလာရင်တော့ အမြန်ဆုံး ဖယ်ခွါကြရမယ်တဲ့။

ကျမ ဘလော့ဂ်ပေါ်မှာ တင်ထားတဲ့ အရှင်တိဿ ရဲ့

"သဒ္ဒါတရားလည်း မရှိ
သီလလည်း မရှိ
ရှက်ကြောက်ခြင်းလည်း မရှိ
ထိတ်လန့်ခြင်းလည်း မရှိ
ရိုသေခြင်းလည်း ကင်းသောသူသည်
မိမိအကျိုးစီးပွါးကို ဖျက်ဆီးသူမည်၏။"

ဆိုတဲ့ ဆောင်ပုဒ်လေးလိုပဲ လူတစ်ယောက်နဲ့ ပေါင်းသင်းဆက်ဆံတာ ကြာလာတဲ့ခါမှာ သူ့သဘောကို အနည်းငယ် နားလည်လာပါတယ်။ သူဘယ်လိုလူမျိုးလဲ နေထိုင်၊ စားသောက်နေတာ ဘယ်လိုရှိလဲ၊ မိမိစိတ်နဲ့ ဝေဖန် ပိုင်းခြားလာနိုင်တယ်။ ဒီမှာပဲ ကောင်းတဲ့သူလား ဆိုးတဲ့သူလား သိလာတဲ့ခါ ရှောင်ကြဉ်ကြဖို့ ဆုံးမစကားလေးပါ။ အားလုံးလည်း တတ်နိုင်သလောက်တော့ လိုက်နာနေထိုင်နိုင်ကြမှာပါ။ လူ့လောကမှာ နေနေသရွေ့တော့ လူမိုက်ဆိုတာတွေနဲ့ တွေ့ထိဆက်ဆံနေကြရမှာပါပဲ။ ကိုယ်က အလိမ္မာသုံးပြီး ရှောင်နိုင်ရင် အကောင်းဆုံးပေါ့။ လူမိုက်ကို နင်က မိုက်လှချည်လား ဟိုဟာ ဒီဟာ ဖြစ်တယ်လို့ သွားပြောနေမယ့်အစား သည်းခံနိုင်ရင် သည်းခံပြီး သည်းမခံနိုင်ရင်တော့ ရှောင်သွားတာ အကောင်းဆုံးပါပဲ။

ကျမတို့ရဲ့ မြတ်စွာဘုရားရှင်ကတော့--
"အခါတစ်ပါး၌ ဘာရဒွါဇပုဏ္ဏားကြီးသည် ဗုဒ္ဓမြတ်စွာထံ၌ ရဟန်းပြုတော်မူ၏။ ညီဖြစ်သူ အက္ကောသဘာရဒွါဇ ပုဏ္ဏားက ဗုဒ္ဓမြတ်စွာအား ဆဲရေးလေသည်။ ဗုဒ္ဓမြတ်စွာသည် စိတ်ဆိုးတော်မမူပဲ သည်းခံ၏။
ဗုဒ္ဓမြတ်စွာက
"အို ပုဏ္ဏား... သင့်အိမ်သို့ မိတ်ဆွေများ၊ ဆွေမျိုးသားချင်းများ အလည်လာလျှင် စားသောက်ဖွယ်ရာများ တည်ခင်းကျွေးမွေးပါ၏လော" ဟု မေးတော်မူ၏။
"ကျွေးမွေးပါသည် အရှင်ဂေါတမ"
"အကယ်၍ ဆွေမျိုး မိတ်ဆွေများက မစားမသောက် လက်မခံကြလျှင် စားသောက်ဖွယ်ရာများသည် မည်သည့်ဥစ္စာ ဖြစ်၍ ကျန်သနည်း"
"စားသောက်ဖွယ်ရာများသည် ကျွန်ုပ်၏ဥစ္စာသာ ဖြစ်ပါသည်"
"ပုဏ္ဏား ဤဥပမာအတိုင်းပင် ဖြစ်၏။ ငါ့ကို သင် ဆဲရေး၏။ သင်၏ ဆဲရေးခြင်းကို ငါတို့သည် တုံ့ပြန်ခြင်းဖြင့် မခံယူကုန်။ ထိုသို့ မခံယူသဖြင့် သင်၏ ဆဲရေးခြင်းသည် သင့်အဖို့သာလျှင်ဖြစ်၏" ဟု ဗုဒ္ဓမြတ်စွာက မိန့်တော်မူသည်။
နောက်ဆုံးတွင် အက္ကောသဘာရဒွါဇ ပုဏ္ဏားသည် ဗုဒ္ဓမြတ်စွာကို ကြည်ညို ဆည်းကပ် ကိုးကွယ်သော ဥပါသကာတစ်ဦး ဖြစ်သွား၏၊ ရဟန္တာလည်း ဖြစ်လာတော်မူ၏။

ဒါ့ကြောင့် "သည်းခံခြင်းသည် အမျိုးမျိုးသော ကိစ္စရပ်တို့ကို အောင်မြင်နိုင်၏" လို့ ကျမကတော့ ယုံကြည်ပါတယ်။ ဒီနေ့ထိလည်း ဘယ်သူ့ကိုမှ မကဲ့ရဲ့သလို ဘယ်သူ့ကိုမှလဲ ဝေဖန်ခြင်းမပြုပါဘူး။ ဒီလိုပဲ ကျမကို ကဲ့ရဲ့လာခြင်း၊ ဆဲဆိုလာခြင်း၊ မဟုတ်မမှန် ပြောဆိုလာခြင်းတွေကို တုံ့ပြန်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကျမကို ပြောဆိုလာသော သူမှန်သမျှတို့က သူတို့ကိုယ်တိုင်ပဲ ပြန်ခံရကြမှာပါ။
*****
သူငယ်ချင်းအားလုံးလဲ ဒီပို့စ်လေး ဖတ်ပြီးရင် အထိုက်အလျောက် သည်းခံစိတ်များ မွေးမြူနိုင်ကြပါစေ.....

*****

ဆက်လက်ဖတ်ရှုရန်...>>>>

3 column template

အသစ်မတင်တာက မအားလို့ပါ (ဒီစကားလဲ ဘလော့ဂါတွေရဲ့ လက်သုံးဖြစ်တော့မယ်) အသစ်တင်မထားရင် သွားမမေးနဲ့ မေးရင် "မအားလို့ပါ" ဆိုတာတော့ ပြန်ပြောမှာပါ စိတ်ချ။ ညလေးလဲ ဒီလိုပဲ အချိန်လေး နည်းနည်းရတာနဲ့ မကလိတာ ကြာပြီဖြစ်တဲ့ ဘလော့ဂ်လေးကို ဒီဇိုင်းပြောင်းဖို့ စဉ်းစားရင်း ဒီနေ့ ပြောင်းဖြစ်ပါတယ်။ ၃ ကော်လံက လိုချင်နေတာ ကြာလှပြီလေ၊ လုပ်ချင်နေတာလဲ ကြာပြီပေါ့၊ ဖတ်ထားတာလဲ ကြာနေပြီ (အင်း ကြာ၃ကြာ ပေါင်းသွားလို့) ဒီနေ့တော့ ရအောင် တင်မယ်ဆိုပြီး စမ်းကြည့်တာ ရသွားတာပါပဲ။ နားလည်လွယ်အောင် ပြောပြထားတဲ့ "ဦးချစ်သူ" ကို ကျေးဇူးတင်ပါတယ်။ အရင်တုန်းကလဲ ရှင်းပြထားကြတဲ့ သူတွေ ရှိပါတယ်။ စိတ်မ၀င်စား အားသေးလို့ လုပ်မကြည့်ဖြစ်ဘူး ဒီတစ်ခေါက်တော့ မရရအောင် လုပ်မယ်လို့ ဆုံးဖြတ်ထားလို့ လုပ်ဖြစ်ရင်း ရသွားတာပါ။ ညလေး ထပ်ရှင်းပြရင်လဲ စိတ်မဆိုးကြဘူးဟုတ်။ မလှ လှအောင်၊ မညီ ညီအောင် ညှိ လုပ်တာတော့ ညလေးက ဖြစ်ပါတယ်။
*****
စစချင်းမှာ Expand Widget Templates ကို အမှန်လေးခြစ်ဖို့ မမေ့နဲ့နော်၊ မခြစ်လဲ ရပါတယ် ။ ပြီးရင်တော့ <div id='sidebar-wrapper'> ဆိုတာကို တွေ့အောင်ရှာပါ။ ပြီးရင် အောက်မှာ ဆက်ကြည့်နော် ပြင်စရာရှိတာတွေကို အနီရောင် နဲ့ ပြထားပါမယ် ထပ်ဖြည့်လိုက်ပါ။

<div id='right-sidebar-wrapper'>
<b:section class='sidebar' id='right-sidebar' preferred='yes'>
********* ဒီကြားထဲက Coding တွေ ပြောင်းစရာ မလိုပါဘူး။
*********
*********
</b:section>
</div>

ဒါက နဂိုရှိနေတဲ့ sidebar ကို ဘယ်၊ ညာ ခွဲပေးလိုက်တာပါ။ ညာဘက်ရှိသူများ right နဲ့ ဘယ်ဘက်မှာ ရှိနေသူများ left လို့ပေးလိုက်ပါ။ ဒီအဆင့်ထိ ပြီးသွားရင် တဆက်တည်း အောက်မှာ ရေးထားတဲ့ Coding တွေကို <div id='main-wrapper'> ရဲ့ အပေါ်မှာ ကူးရေးလိုက်ပါ။ <div id='main-wrapper'> ရဲ့ အပေါ်မှာ ရှိနေတဲ့သူများကတော့ အောက်မှာ ကူးပေါ့၊ လွယ်လွယ်လေး

<div id='left-sidebar-wrapper'>
<b:section class='sidebar' id='left-sidebar' preferred='yes'>
</b:section>
<div>


ဒီအဆင့်ထိ ပြီးသွားရင်တော့ Template အပေါ်ဆုံးကို သွားပြီး ပထမရှိနေတဲ့ #sidebar-wrapper { ဆိုတာကို #right-sidebar-wrapper { အဖြစ် ပြောင်းပေးလိုက်ပါဦး။ ပြီးသွားရင် #main-wrapper { ရဲ့အပေါ်မှာ #left-sidebar-wrapper { ကို အသစ်ရေးလိုက်ပါ။ ပထမ sidebar နဲ့ တူတူပဲ ပြန်ကူးပြီး left အဖြစ် ပြောင်းပေးလိုက်ယုံပါပဲ။ အောက်မှာတော့ ညလေးရဲ့ Coding ကို နမူနာပြထားတယ်။

(((ဒီတိုင်း ကူးရမယ်မပြောဘူးနော်။ ကိုယ့်ရဲ့ Template နဲ့ တိုက်ကြည့်ခိုင်းတာပါ။ width ကတော့ လိုသလောက်ပေါ့။)))

#left-sidebar-wrapper {
width: 300px;
float: left;
margin: auto;
font:normal 100% 'Zawgyi-One', Comic Sans MS, Arial,Verdana, Sens-Serif, Zawgyi1;
word-wrap: break-word; /* fix for long text breaking sidebar float in IE */
overflow: hidden; /* fix for long non-text content breaking IE sidebar float */
}

#main-wrapper {
width: 465px;
float: left;
font:normal 100% 'Zawgyi-One', Comic Sans MS, Arial,Verdana, Sens-Serif, Zawgyi1;
word-wrap: break-word; /* fix for long text breaking sidebar float in IE */
overflow: hidden; /* fix for long non-text content breaking IE sidebar float */
}

#right-sidebar-wrapper {
width: 300px;

float: right;
margin: auto;
font:normal 100% 'Zawgyi-One', Comic Sans MS, Arial,Verdana, Sens-Serif, Zawgyi1;
word-wrap: break-word; /* fix for long text breaking sidebar float in IE */
overflow: hidden; /* fix for long non-text content breaking IE sidebar float */
}

ဒါပဲလေ ပြီးရင် သိမ်းပြီး ကြည့်ကြည့်ပါဦး၊ မရသေးဘူး ဟုတ်။ ဘယ်ရဦးမလဲ Column က သုံးခုဆိုတော့ အရင်ပေးထားတဲ့ Width တွေက ကြီးနေမယ် ဒီတော့ width:***px; လေးတွေကို လိုသလို ချိန်ညှိကြပါ။ ဘလော့ဂ်ရဲ့ Screen size ကို ဘယ်လောက်ထိ ချဲ့လို့ရလဲဆိုရင် 1200 px ထိ ချဲ့လို့ ရပါတယ် (ဒါ ညလေး စမ်းချဲ့ကြည့်တာ အဆုံးပါပဲ၊ ဒီ့ထက်ရရင်လဲ ပြောကြပါ ) #outer-wrapper { မှာ width: 1150px; ဆိုတာကို ကြီးပေးလိုက်ပါ။

ကြည့်ကြည့်ပါဦး ပြီးပြီလားလို့၊ မပြီးသေးဘူး ဟုတ် ဘာဖြစ်နေလဲ။ Left sidebar နဲ့ Post နဲ့ ကြားထဲမှာ ဘယ်လောက်မှ မခြားပဲနဲ့ ကပ်နေကြတယ် ဟုတ် (အရမ်းချစ်နေတာလေ)။ ဒါကိုလဲ ဒီလိုလေး ပေးလိုက်ရင် အဆင်ပြေသွားမှာပါ။ သူ့ကို margin ပြန်ချိန်ပေးရပါတယ်။ ညလေးကတော့.....

#main-wrapper {
margin: 5px 40px 5px;
width: 465px;
float: left;
font:normal 100% 'Zawgyi-One', Comic Sans MS, Arial,Verdana, Sens-Serif, Zawgyi1;
word-wrap: break-word; /* fix for long text breaking sidebar float in IE */
overflow: hidden; /* fix for long non-text content breaking IE sidebar float */
}

ဒီလိုလေးထည့်လိုက်တာ အဆင်ပြေသွားရော။ တွေ့လား main-wrapper မှာ margin ထပ်ထည့်လိုက်တာ။ ကျန်တာများ ကိုယ့်ဖာသာ လိုသလို ကြည့်ပြီး ညှိလိုက်ကြပါတော့နော်။
*****
သြော် ပြောဖို့ မေ့နေလို့ ညလေးသုံးတဲ့ Template က Minima White ပါ။ ကျန်တဲ့ Template တွေ ရမရတော့ မပြောတတ်ဘူး။ ဒီ Template သုံးရင်တော့ ရကြမှာပါ။ နောက်မှပဲ ဘောင်လိုက်ရှာပြီး ဘယ်လိုကွပ်လဲ တင်တော့မယ်။ ခုတော့ အားလုံးပဲ တာ့တာ.....

ဘလော့ဂ်ကို ညလေးလိုပဲ ပျော်ရွှင်စွာ ကလိနိုင်ကြပါစေ........။
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Jul 19, 2009

အာဇာနည်နေ့

“လူမှာ အရေးကြီးဆုံး နှစ်ခုပဲရှိတယ်၊ အဲ့ဒါက ကိုယ်ကျင့်တရားရယ်၊ အမှန်တရားကိုမြတ်နိုးမှု (Love of truth) ရယ် ဒါပဲဖြစ်တယ်။ ဘယ်နေရာမှာမဆို အမှန်ကို အမှန်အတိုင်းပြောရမယ်၊ ပြောဝံ့တဲ့ သတ္တိလဲရှိရမယ်။”
ဗိုလ်ချုပ်အောင်ဆန်း
“တိုင်းရင်းသား အချင်းချင်း ညီညွတ်ရေး၊ တိုင်းရင်းသားလူထု ညီညွတ်ရေး”
စားဖားသမားတွေ ညီညွတ်တာ ကျနော်မလိုချင်ပါဘူး တိုင်းရင်းသား အချင်းချင်း ညီညွတ်ရေး၊ တိုင်းသူပြည်သားလူထု ညီညွတ်ရေး၊ အဲ့ဒီ ညီညွတ်ရေးနှစ်ခု မရှိသမျှ ကာလပတ်လုံး ဒီတိုင်းပြည်ဟာ လွတ်လပ်ပင် လွတ်လပ်ငြားသော်လည်း ဘယ်ပါတီတက်တက် ဘယ်အစိုးရလုပ်လုပ် ဖာသည်တိုင်းပြည် ဖြစ်နေမှာပဲလို့ ကျနော်ပြောချင်တယ်၊ အဲ့ဒီတော့ကာ ဒီနှစ်ခုကို ခင်ဗျားတို့ မပျက်ပြားပါစေနဲ့၊ ဘယ်သူက ဘာလုပ်လုပ် မပျက်ပါစေနဲ့၊ အဲ့ဒါ အင်မတန် အရေးကြီး ဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း
ပြည်သူ့အစည်းအဝေးကြီး
၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၃)ရက်နေ့ မြို့တော်ခန်းမ
ဗမာတွေစိတ်ထဲမှာ ဗမာတွေဟာ စိတ်ဓာတ်ထက်တယ် ဘာညာနဲ့ တလွဲဆံပင်ကောင်းနေတယ် ဆိုတာနဲ့ အတူတူပဲ။ ဗမာတွေ စိတ်ဓာတ်က မဟုတ်တဲ့နေရာမှာ သွားပြီးကောင်းနေတယ်၊ တကယ့်နေရာတွေကျတော့ အသုံးမကျဘူး၊ ဗမာပြည်လွတ်လပ်ရေးရအောင် ဆိုတာမျိုးမှာ အသုံးမချတတ်ဘူး။ ဗမာ-ဗမာချင်း ချဖို့မှာ လုပ်ချင်ကြတယ်၊ အဲ့ဒါမျိုးတွေလုပ်ချင်တယ်။ အဲ့ဒါမျိုးတွေ လုပ်ချင်လို့ ဘယ်တော့မှ အကျိုးမရှိဘူး၊ ဒီတိုင်းပြည် ဘယ်တော့မှ ပြန်လည် မထူထောင်နိုင်ဘူး၊ ဒီတိုင်းပြည် ဘယ်တော့မှ မလွတ်လပ်နိုင်ဘူး၊ လွတ်လပ်ရင်လဲ ဘယ်တော့မှ ကျကျနန လွတ်လပ်ရေး မဖြစ်နိုင်ဘူး။
ဗိုလ်ချုပ်အောင်ဆန်း
ပြည်သူ့အစည်းအဝေးကြီး
၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၃)ရက်နေ့ မြို့တော်ခန်းမ
ကျနော်တို့အမြင်အရဆိုရင် တိုင်းပြည်ရဲ့ခေါင်းဆောင်မှုဟာ လူတစ်ဦးတည်းက ခေါင်းဆောင်မှုမျိုး မဟုတ်ပဲ အဖွဲ့နှင့်ခေါင်းဆောင်မှုမျိုး မဟုတ်ပဲ အဖွဲ့ရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ ခေါင်းဆောင်မှုမျိုး ဖြစ်ရမယ်။ လူမျိုးရေးတရားဟာလည်း ငါ့လူမျိုးမှ ငါ့လူမျိုး၊ တစ်ခြားလူမျိုးတွေဟာ ငါ့လောက်မမြတ်၊ ငါ့လူမျိုးသာ ကမ္ဘာကိုကြီးစိုးရမယ်ဆိုတဲ့ ကျဉ်းမြောင်းသေးသိမ်တဲ့ လူမျိုးရေးတရား မဟုတ်ပဲ၊ ကိုယ့်လူမျိုးကိုယ် ချစ်ခင်သော်လည်း တစ်ခြားလူမျိုးများကို မုန်းတီးခြင်း၊ အထင်သေးခြင်း မဖြစ်ပဲ ကမ္ဘာမှာ တိုင်းပြည်အချင်းချင်း သင့်မြတ်စွာ တစ်ဦးအကျိုး တစ်ဦးဖြစ်ပွားအောင် ဆောင်ရွက်တဲ့ လူမျိုးရေးတရားမျိုးသာ ဖြစ်ရမယ်။ ဂျပန်ပြည်မှာလို စစ်ဘက်က လက်ဝါးကြီးအုပ်ပြီး တိုင်းပြည်လွှတ်တော်က ဘာမှ အစိုးမရတဲ့ စစ်အာဏာရှင်ဝါဒမျိုး မရှိရအောင် စစ်ဘက်ကို တိုင်းပြည်လွှတ်တော်က အုပ်စိုးနိုင်ခွင့်ရှိရမယ်။
ဗိုလ်ချုပ်အောင်ဆန်း
စတုတ္ထအကြိမ်မြောက် နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေး
၁၉၄၅ ခုနှစ် သြဂုတ်လ
နိုင်ငံရေးဆိုတာ ခဏတဖြုတ်လုပ်တဲ့ဟာမျိုး မဟုတ်ဘူး၊ အမြဲတမ်းလုပ်ရမယ်၊ အမြဲတမ်းရှိနေတယ်။ နိုင်ငံရေးဆိုတာ တစ်ခါတစ်ရံမှ အစည်းအဝေးလုပ်ပြီးတော့ စင်မြင့်ပေါ်က ပြောတဲ့သူကပြော နားထောင်တဲ့သူက နားထောင်တဲ့ ကိစ္စမျိုးမဟုတ်ဘူး။ အမြဲတမ်းအားဖြင့် တတိုင်းပြည်လုံးမှာရှိတဲ့ တိုင်သူပြည်သားတွေဟာ မိမိတို့ရဲ့ ဆိုင်ရာဆိုင်ရာအကျိုးတွေကို ဆိုင်သလို ဖွဲ့စည်းပြီးတော့ကာ မိမိတို့ပြဿနာတွေကို လုပ်ပြီးတော့ကာ ဖြေရှင်းရန်အတွက် အမြဲတမ်းလုပ်နေတဲ့ကိစ္စ၊ ဒီတော့ကာ အားလုံး လူတွေရဲ့အကျိုးကိစ္စ လူတွေရဲ့နိုင်ငံရေး။ ဒီတော့ အဲ့ဒီလိုဖြစ်အောင် လုပ်နိုင်ဖို့ဆိုတော့ ဆိုင်ရာဆိုင်ရာအဖွဲ့တွေက ကြည့်ပြီး ထိန်းထားမှသာ လူတွေလည်း နိုင်ငံရေးမှာ စိတ်ပါဝင်စားပြီးတော့ တတိုင်းတပြည်လုံးပေါ်မှာရှိတဲ့ လူတွေဟာ နိုင်ငံရေးသမား ဖြစ်လာအောင် နိုင်ငံရေးစိတ်ဝင်စားလာအောင် ဒီလိုအဖွဲ့တွေ ရှိရမယ်။
ဗိုလ်ချုပ်အောင်ဆန်း
(ဖဆပလ) ပြည်လုံးကျွတ်ညီလာခံ
၁၉၄၆ ခုနှစ် ဇန္န၀ါရီလ (၂၃)ရက်နေ့ ရွှေတိဂုံဘုရားအလယ်ပစ္စယံ
ခပ်ရှင်းရှင်းပြောရရင် ယနေ့အထိ ကျနော်တို့တတွေရဲ့ လုပ်ပုံကိုင်ပုံတွေဟာ ဘာမှ ကျေနပ်စရာ မရှိသေးဘူး၊ အတိအကျဆုံးဖြတ်ဖို့ အရေးကြီးနေတဲ့အခါ ကျနော်တို့တတွေ တွေဝေနေကြတယ်၊ ပြတ်ပြတ်သားသား လုပ်စရာရှိတဲ့အခါ ချီတုံချတုံဖြစ်နေကြတယ်။ ဒါတွေထက်ဆိုးဝါးတာက မှန်တယ်ထင်ရာကို မလုပ်ရဲတာပဲ၊ ကိုယ့်စိတ်ထဲက အလုပ်တစ်ခုဟာ ဘယ်လောက်ပင်မှန်တယ်လို့ ထင်နေပါစေ ဘယ်သူက ဘယ်လိုထင်မလဲ ဘာပြောမလဲ ဆိုတာတွေ တွေးပြီး ကိုယ်ယုံတာကတစ်မျိုး လုပ်တာကတစ်မျိုး ဖြစ်ဖြစ်နေကြတယ်။ အဲ့ဒါတွေဟာ ခေါင်းဆောင်လုပ်ရမဲ့ လူတွေ အနေနဲ့တော့ ပြဒါးတစ်လမ်း သံတစ်လမ်းပဲ။ အဲ့ဒီတော့ ကျုပ်တို့ဟာ လူထုရဲ့ခေါင်းဆောင် လုပ်မယ်ဆိုရင် လူထုအကျိုးကို တကယ်တမ်းဆောင်ရွက်နိုင်အောင် ကြိုးပမ်းကြရပေလိမ့်မယ်၊ ပြတ်ပြတ်သားသား လုပ်ရဲကြရပေလိမ့်မယ်၊ ချီတုံချတုံအဖြစ်မျိုးကို စွန့်ပစ်ကြရလိမ့်မယ်၊ နိုင်ငံရေးဆောင်ရွက်တယ် ဆိုတာ ကြောက်-လွဲ ရဲ-မင်းဖြစ် ဆိုတဲ့အတိုင်း ရဲမှဖြစ်မယ်။
ဗိုလ်ချုပ်အောင်ဆန်း
ရန်ကုန်အသံလွှင့်ဌာနမှ တိုင်းပြည်သို့ ပြောကြားသည့်မိန့်ခွန်း
၁၉၄၇ ခုနှစ် ဧပြီလ (၅)ရက်နေ့ ညနေ(၆)နာရီ (၃၃)မိနစ်
*****
၁၉ ဂျူလိုင် မမေ့နိုင်ဘု
ဂျူလိုင် ၁၉ မမေ့နိုးနှင့်
အသည်းထဲဝယ် စွဲထင်မြဲတည့်...
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Jul 15, 2009

Birthday Cake!!

*****

ဆက်လက်ဖတ်ရှုရန်...>>>>

Jul 11, 2009

ညောင်ကန်အေးကျောင်းတိုက်

ညလေး မနေ့ညနေ (၆)နာရီကျော်ခန့်က ညောင်ကန်အေးကျောင်းကို ရောက်သွားခဲ့ပါတယ်။ Taxi မောင်းတဲ့ အဖိုးကြီးက Kuchai lama ဆိုတာ အကျယ်ကြီးပဲတဲ့ နင်ဘယ်သွားမှာလဲ မေးတယ်၊ ညလေးက လမ်းနံမယ်ပြောတော့လဲ မသိဘူးတဲ့ ထင်ရှားတဲ့နေရာ ဘာရှိလဲတဲ့။ “ငါလဲမသိဘူး ခုမှ သွားရမှာ မရောက်ဖူးသေးဘူး” ပြောလဲ မရပါဘူး၊ နောက်များဆို ဘဘများ မောင်းတဲ့ Taxi ကို ရှောင်ရမယ် (မြန်မာပြည်က Taxi သမားတွေနဲ့ ကွာပါ့၊ ဘယ်နေရာမဆို ကွက်တိ)။ ဒါနဲ့ ဘုန်းဘုန်းဆီ ဖုန်းဆက် (014-6646845) ပြီး ဘယ်နားနဲ့နီးပါလဲ ထင်ရှားတာ ဘာများရှိပါလဲလို့ မေးပြီး "May Bank" အနောက်ဖက်လို့ ပြောတော့မှ Taxi ဖိုးဖိုးက သိသွားပြီး လိုက်ပို့ပါတယ်၊ “ဒီလိုပြောတော့ သိတာပေါ့တဲ့ မဟုတ်ရင် ဘယ်လိုရှာမလဲ” ဆိုတာကပါရဲ့ (ဟွန့် အဲ့လိုပဲ လေကို မလျှော့ဘူး)။ ရောက်သွားတော့ May Bank နောက်ဖက်ဆိုတော့ May Bank ကိုကျော်ပြီး လမ်းချိုးလေးကနေ ၀င်လိုက်တယ်၊ တွေ့ရတဲ့ အိမ်နောက်ဖေးလို လမ်းလေးကို မ၀င်ပဲ ကျော်ပြီး သွားတော့ "Jalan Kuchai Lama Maju-2" တွေ့ရတယ်၊ အဲ လမ်းတော့ မှန်နေပြီ အိမ်ရှာဖို့ပဲ လိုတာပေါ့၊ အိမ်တွေက ဘယ်ဘက်ခြမ်းမှာပဲ ရှိပါတယ်၊ ကုန်းလေးလိုဖြစ်နေပြီး ညာဖက်အောက်ဖက်က High Way လမ်းလို့ ထင်ပါတယ်။ ဒါနဲ့ A3-17 ဆိုတာ လိုက်ရှာတယ်၊ မတွေ့ဘူး အတော်လေး လျှောက်ရတယ် လှေကားအောက်တွေ ၀င်ကြည့်ရတယ် ဒါပေမယ့် နံပါတ်တွေပဲ မြင်ပြီး A, B, C ရေးမထားပါဘူး။
မထူးတော့ဘူးဆိုပြီး တွေ့ရတဲ့ Security ကို မေးရတော့တာပေါ့၊ သူလဲ ၀ါးတားတားပါပဲ၊ ဟိုလိုလို ဒီလိုလို လုပ်နေသေးတယ်၊ ပြီးတော့မှ ဘာရှာတာလဲ မြန်မာကျောင်းလားတဲ့ “ဟုတ်တယ်လို့” ပြောတော့မှ နောက်ပြန်လှည့်သွားတယ်၊ ဒါလဲ ကြောင်တောင်တောင် လုပ်နေသေး၊ ပြီးတော့ ဆေးအနီမှုတ်ထားတဲ့ စာတိုက်ပုံးလေးကို လက်ညှိုးထိုးပြတယ်၊ ဒီမှာပဲတဲ့ တက်သွားလိုက်လို့ပြောတယ်၊ ကျေးဇူးပါ ဘာညာ သာရကာပေါ့..။ အောက်မှာ အိန္ဒိယလူမျိုးဖွင့်ထားတဲ့ ထမင်းဆိုင်လေး လှေကားမရောက်ခင်မှာ ရှိပါတယ်၊ အဲ့ဒီဆိုင်လေး ကျော်တာနဲ့ ကျောင်းပေါ်တက်တဲ့ လှေကား (ဓါတ်လှေကား) ပါနော်၊ ကျောင်းကတော့ (၃)ထပ်မှာ တည်ရှိပါတယ်။
ဓါတ်လှေကားကနေ တံခါးဖွင့်လိုက်တာနဲ့ အခန်းကို ရှာစရာမလိုပဲ ဘယ်ဘက်ခြမ်းမှာ သံသနာ့နယ်မြေလို့ သိသာစေတဲ့ သံသနာ့အလံလေးတွေကို ဖွင့်ထားတဲ့ တံခါးကနေတစ်ဆင့် လှမ်းမြင်လိုက်ရပါတယ်။ ဘဲလ်လေးတီးပြီး အထဲဝင်လိုက်တာနဲ့ ကြီးမားလှတဲ့ ရွှေအဆင်းနဲ့ ဗုဒ္ဓဆင်းတုတော်ကို ကြည်ညိုစွာ လှမ်းဖူးရပါတယ်။ အဒေါ်ကြီးတစ်ယောက် တံခါးလာဖွင့်ပေးတယ်၊ ညလေးအထဲဝင်တော့ ဘုန်းဘုန်းဆီက ဖုန်းဝင်လာတယ် “ဘုန်းဘုန်း ရောက်နေပြီ ဘုရား” ဆိုတော့ “ဘယ်မလဲ” တဲ့ ဟိ ဘုန်းဘုန်းအသံကို ကြားနေရတယ်လေ။ အရင်ဆုံး ဖူးမြင်ရတဲ့ မြတ်စွာဘုရားရှင်ကို ဦးသုံးကြိမ်ချပြီး ဘုန်းဘုန်းကိုလဲ ဦးသုံးကြိမ်ချပါတယ်၊ ဘုန်းဘုန်းက ဟိုမေးဒီမေးပေါ့၊ ညလေးက “တနင်္ဂနွေနေ့ အလှူရှိတယ်နော် ဘုန်းဘုန်း” လို့ဆိုတော့ “ဖိတ်စာရပြီလား” တဲ့ “အင်တာနက်ကနေ သိရတာပါဘုရား” လို့ပြောတော့ “ဟုတ်လားတဲ့”။ ဘုန်းဘုန်းက “အလှူကိုလဲ လာခဲ့နော်တဲ့ တစ်ယောက်တည်း လာရဲလား” လို့မေးတယ်၊ “လာရဲပါတယ် ဘုန်းဘုန်း တပည့်တော်က တစ်ယောက်တည်း ဒီလိုပဲ လျှောက်သွားနေတာ” ပြောတော့ “ကောင်းတယ်၊ ဒါမှ Tourist ပီသတာ၊ မြန်မာပြည်မှာလို အိမ်တွင်းပုန်းမနေနဲ့” တဲ့ “တင်ပါ့” ပေါ့ (ခိခိ)။
ဘုန်းဘုန်းက “အချိန်ရတယ်မဟုတ်လားတဲ့၊ (၇)နာရီဆို ဦးဇင်းတို့က ၀တ်တက်နေကျတဲ့ အဲ့ဒါ ကြုံတုန်းလေး တစ်ခါတည်း ကုသိုလ်ယူသွားပါလား” ဆိုလို့ ညလေးတို့ပါ တစ်ခါတည်း ၀တ်ရွတ်လာပါတယ် (ညလေးတစ်ခါမှ မရွတ်ဖူးပါ)။ ညလေးရဲ့စိတ်တွေ တစ်ခဏလေး သန့်စင်သွားတယ်လို့ ယုံကြည်ပါတယ်၊ တစ်အောင့်လောက် ဘုန်းဘုန်းနဲ့ စကားဆက်ပြောပြီး အလှူငွေ ထည့်ဝင်လို့ ညလေးတို့တွေ ပြန်လာခဲ့ပါတယ်။
ဘုန်းဘုန်းတို့ နေရာက Bus ကား မရောက်ပါဘူး၊ Taxi နဲ့ လာချင်ရင်တော့ Kuchai Lama May Bank (ဒါမှမဟုတ်) Kuchai Lama Old Town (Old Town က လမ်းတစ်ဖက်ခြမ်းမှာပါ) လို့ပြောပြီး လွယ်ကူစွာ သွားနိုင်ကြပါတယ်နော်။
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Jul 8, 2009

အလှူဖိတ်စာ

ကျမတို့ ငွေလွှဲနေတဲ့ မန္တလေးက ခင်ဖို့ကောင်းတဲ့ အစ်မ “မခင်သီတာ” ကနေ ကျမတို့ဆီကို မေးလ်ပို့လာတဲ့ အလှူဖိတ်စာပါ။ နီးစပ်ရာလူများ သွားရောက်ပြီး အမုန်းစား (အဲလေ) မုဒိတာ ပွားနိုင်ဖို့ကို ညလေးက ပို့စ်တင်ပေးလိုက်ပါတယ်နော်...
*****
တစ်လက်စတည်း ညလေးပို့လိုက်တဲ့ ငွေက မရောက်သေးဘူးလို့ ပြောပါတယ်၊ ညလေး တကယ်စိတ်ပူမိပါတယ်၊ အချိန်မီ မရောက်မှာပဲ စိုးတာပါ။ ဒါပေမယ့် ဒီလိုပဲ ကြာတတ်မှာပါလို့ တွေးနေပါတယ်။ တစ်ခါမှ မလွှဲဘူးသေးတဲ့ အရပ်ဒေသဆိုတော့ ဘယ်အချိန် ရောက်ရှိမယ်လို့ အတိအကျ မခန့်မှန်းနိုင်ပါဘူး။ ဒါ့ကြောင့်... အချိန်မီရောက်ပါစေလို့ ဆုတောင်းနေယုံမှ တစ်ပါး...........
အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပျော်ရွှင်ငြိမ်းချမ်းကြပါစေ...
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Jul 6, 2009

လိုအပ်နေဆဲ နေရာများ (ဘုန်းဘုန်းကောဝိဒရဲ့ဆန္ဒ)

ဘုန်းဘုန်းနဲ့ မနေ့ညနေက ဖုန်းပြောဖြစ်ပါတယ်။ ညလေးက ပြောတာထက် ဘုန်းဘုန်းကချည်းပဲ ပြောသွားတာပါ။ ဘုန်းဘုန်းက လိုအပ်နေတဲ့နေရာနဲ့ ဘုန်းဘုန်းရဲ့ ဖြစ်မြောက်ချင်တဲ့ ဆန္ဒကို ပြောပြသွားတာပါ။ ဘုန်းဘုန်းက (၉)ရက်နေ့ ဘုန်းဘုန်းရဲ့ မွေးနေ့မှာ သံဃာတော် အပါး(၂၀၀)ကို အာရုဏ်ဆွမ်း ဆပ်ကပ် လှူဒါန်းပါမယ်တဲ့။ ကပ်မယ့်ဆွမ်းကတော့ “နတ်သုဒ္ဓါဒန်ပေါက်” လို့ပြောတယ်၊ ဒါနဲ့ ညလေးက ရိုးရိုးဒန်ပေါက်ပဲ ကြားဖူးတယ် မဟုတ်လား “နတ်သုဒ္ဓါဒန်ပေါက်” ဆိုတာ ဘယ်လိုမျိုးလဲမေးတော့မှ အရောင်မပါပဲ ထမင်း အဖြူထည်ကို ထောပတ်၊ သစ်သီးစုံနဲ့ ချက်တဲ့ ထောပတ်ထမင်း ဖြစ်နေပါတယ်။ အဲ့ဒီထမင်းကို သံဃာတော်တွေ ကိုရင်လေးတွေက တစ်ခါမှ မစားဖူးကြတဲ့အတွက် လှူဒါန်းရခြင်းဖြစ်တယ်လို့လဲ ပြောပါတယ်။ များသောအားဖြင့် အလှူရှင်တွေက နံမည်ကြီးတဲ့ကျောင်းတွေ၊ ဘုန်းကြီးတွေကိုပဲ ကပ်ကြတာပါ၊ ဆရာတော်ကြီးတွေသာ ကပ်ကြတဲ့အတွက် ကျန်ကိုရင်ငယ်လေးတွေက တစ်ခါမှကို မစားဖူးကြဘူးတဲ့ (ကျမရင်ထဲမှာ တစ်မျိုးတော့ ဖြစ်သွားပါတယ်၊ “ငါတို့တွေ ရန်ကုန်မှာဆိုရင် အလှူလုပ်တဲ့ခါ ကျွေးလေ့ကျွေးထရှိတဲ့ ထောပတ်ထမင်း၊ ပိုက်ဆံရှိရင် စားချင်လာတဲ့ အခါတိုင်းမှာဆိုရင် ဆိုင်သွားပြီး ၀ယ်စား မှာစားလို့ရတဲ့ ထောပတ်ထမင်းလို ထမင်းမျိုးကို ကျမတို့နိုင်ငံရဲ့ ဗုဒ္ဓသားတော်တွေက တစ်ခါဖူးမှ မစားဖူးကြဘူးဆိုတော့ ကျမတို့ ပုထုဇဉ်တွေ တစ်ခုခုတော့ လိုနေကြပါပြီ”)။ ကျမက ဘယ်လောက်ကုန်ကျမလဲ လို့ မေးလိုက်တဲ့ခါ တစ်ပါးကို ကျပ် ၁,၂၀၀ (ကျပ်တစ်ထောင့်နှစ်ရာ) နှုန်းနဲ့ အပါး(၂၀၀)ဆိုတော့ ကျပ် ၂၄၀,၀၀၀ (ကျပ်နှစ်သိန်းလေးသောင်း) ကုန်ကျပါမယ်၊ ဘုန်းဘုန်းဆီမှာ အလှူငွေက ကျပ် ၆၀,၀၀၀ (ကျပ်ခြောက်သောင်း) လောက်သာ ကောက်ခံရရှိသေးကြောင်းနဲ့ သို့သော် ဘုန်းဘုန်းကတော့ ဖြစ်မြောက်အောင် လုပ်ဆောင်သွားမယ်လို့ ပြောကြားပါတယ်။ (လှူဒါန်းချင်ကြသူများ ဒီလ(၉)ရက်နေ့ မတိုင်ခင် လှူဒါန်းနိုင်ကြပါတယ်နော်)

သီတဂူဆရာတော်က စစ်ကိုင်းတောင်ရိုး တစ်လျှောက်ကို ရေပေးဝေခဲ့တာ လူတိုင်းအသိပါ၊ ဒါပေမယ့်လဲ ဘုန်းဘုန်းတို့ရဲ့ ကျောင်းမှာတော့ ရေကန်မရှိသေးတဲ့အတွက် သောက်သုံးရေလဲ အခက်အခဲရှိပြီး ရေကန်တစ်ကန်လောက် ဆောက်လုပ်ဖို့ လိုအပ်နေသေးကြောင်း။

တောင်ပေါ်မှ သံဃာတော်များဟာ နေ့စဉ် နံနက် (၄)နာရီထွက်ခွါ၍ နေ့ဆွမ်းအမီ ဆွမ်းရရှိရန်အတွက် တောင်ခြေသို့ ကြွချီကြပါတယ်၊ တောင်ခြေမှတစ်ဆင့် မြို့ထဲရောက်ဖို့ကိုလဲ (၁)မိုင်ကျော်လောက် လမ်းလျှောက် ကြွကြရပါသေးတယ်။ အဲ့ဒီလို ကြွကြတဲ့ခါမှာ နံနက်အာရုဏ်ဆွမ်းကို အလှူရှင်မရှိတဲ့အတွက် များသောအားဖြင့် ဘုန်းမပေးနိုင်ပဲ ကြွကြရတာဖြစ်ပါတယ်။ ဒါဟာလဲ ၀ါပမှာ လှူဒါန်းမယ့် အလှူရှင်မရှိလို့ ဖြစ်ကြောင်း၊ ၀ါတွင်းမှာသာ အလှူရှင်များ ပေါ်များကြောင်း။ ၀ါတွင်းမှာလဲ အလှူရှင်များက နံမယ်ကြီးကျောင်းများ ဆရာတော်များကိုသာ ဆပ်ကပ်လှူဒါန်းကြလို့ တစ်ချို့ကျောင်းများဆိုရင် ချို့တဲ့ကြပါတယ်၊ ၀ါပမှာ အလှူရှင်များက တစ်အိမ်ကို ထမင်းစားဇွန်း တစ်ဇွန်းစာလောက်သာ လှူဒါန်းကြလို့ သံဃာတော်များ ၀၀လင်လင် ဘုန်းမပေးနိုင်ကြကြောင်း၊ ဒါ့ကြောင့် ဘုန်းဘုန်းက “၀ါပဆွမ်းလောင်းအသင်း” တစ်ခု ဖွဲ့စည်းချင်ပါတယ်လို့ ပြောလာပါတယ် (ဒါတွေက ရေရှည်စီမံကိန်းပါ)။ “လူပုဂ္ဂိုလ်တွေကရော မနက်စာ မစားပဲ အလုပ်လုပ်နိုင်ကြလားလို့ ဘုန်းဘုန်းက မေးပါသေးတယ်”။ ကျမတို့တစ်တွေ မနက်စာဆို တစ်ခါခါမှာ မကြိုက်ရင် ဂျီးများတတ်ကြသေးတာ ပြန်သတိရပြီး ကျမတို့နိုင်ငံရဲ့ ဗုဒ္ဓ အသီးအပွင့်လေးတွေကတော့ ပင်ပန်းဆင်းရဲကြီးစွာ ခက်ခဲစွာနဲ့ တစ်နေ့တာကို ကျော်ဖြတ်နေကြရပါတယ်။ ကျမတို့ရဲ့ ၀မ်းဗိုက်တွေက စိုစိုပြည်ပြည် ဖြစ်နေကြပေမယ့် ကျမတို့နိုင်ငံရဲ့ ဗုဒ္ဓ အုပ်ချပ်လေးတွေကတော့ ၀မ်းဗိုက်ဟောင်းလောင်းနဲ့လဲ ဗုဒ္ဓတရားတော်တွေကို ပြန့်ပွားအောင် ဆောင်ရွက်နေကြပါတယ် (ကျမတို့ကရော ဘယ်နေရာကနေ ဖြည့်စွက်ပေးနိုင်ကြမလဲ၊ တစ်နေရာ ထောင့်တစ်ထောင့်ကနေ ပါဝင်ကူညီပေးကြဖို့ တိုက်တွန်းလိုပါတယ်)။

ဘုန်းဘုန်းရဲ့ မွေးနေ့မှာ နည်းပညာဟောပြောပွဲပါ လုပ်မယ်တဲ့၊ ဒါပေမယ့် ဘုန်းဘုန်းရဲ့ဟောပြောပွဲက Air-con ခန်းမတွေမှာ မဟုတ်ပဲ သစ်ရိပ်၊ ၀ါးရိပ်အောက်မှာသာ လုပ်ဖြစ်မှာဖြစ်ပြီး၊ ချမ်းသာတဲ့သူတွေ လုပ်တတ်ကြတဲ့ Air-con ခန်းမတွေကျတော့ တော်ယုံလူက မသွားရဲကြောင်း ဒါ့ကြောင့်လဲ မြန်မာနိုင်ငံမှာ အင်တာနက်မပြောနဲ့ ကွန်ပျူတာကို မြင်ဖူးတဲ့သူတောင် ခပ်ရှားရှားပါတဲ့။ တစ်ချို့တွေက ကိုယ်တတ် ကိုယ်တော်ဖို့သာ တွေးတတ်ကြပြီး မတော် မတတ်ကြသေးတဲ့ သူတွေကို ပြန်လည် ဖြန့်ဝေပေးဖို့ ဆန္ဒ မရှိကြဘူးလို့လဲ ပြောပါတယ်။ ပိုက်ဆံချမ်းသာတဲ့သူက ပိုက်ဆံသာကြည့်ပြီး အခမဲ့ဆိုတဲ့ စကားလုံးဟာ မြန်မာပြည်မှာ ပြောဖို့ရာ အတော်လေးကို ရှားပါးနေပါတယ်။ ကုသိုလ်ဆိုတာ ငွေကြေးအရ လှူဒါန်းမှ မဟုတ်ပဲ ကောင်းတာဆိုရင်လဲ ကိုယ်ခံစားရတဲ့နည်းတူ ဖြန့်ဝေလိုတဲ့စိတ်၊ မျှဝေခံစားလိုတဲ့စိတ်၊ လှူဒါန်းချင်တဲ့ စိတ်မျိုးရှိအောင် လုပ်ဆောင်ပေးနိုင်ရင်လဲ ကုသိုလ်ရပါတယ်လို့ ပြောပါတယ်။

ပြီးတော့လဲ ဘုန်းဘုန်းက ဘလော့ဂါများက တတ်နိုင်တဲ့ဘက်ကနေ ၀ိုင်းဝန်းပေးကြမယ်၊ ပို့စ် တစ်ခုတစ်လေလောက် ဖြစ်ဖြစ် တင်ပေးကြမယ်ဆိုရင် ကုသိုလ်ရပါတယ်၊ ကိုယ့်စာတစ်ကြောင်းက သူများတကာရဲ့စိတ်ကို စင်ကြယ်စေမယ် လှူချင်တန်းချင်တဲ့စိတ်လေး ဖြစ်ပေါ်လာစေမယ်ဆိုရင်ဖြင့် ပိုပြီးကုသိုလ်ရကြမှာပါလို့ ဘလော့ဂါများကို အားမရကြောင်း နိုင်ငံအတွက် တစ်ဖက်တစ်လမ်းက ပါဝင်ကူညီကြဖို့ တိုက်တွန်းချင်ကြောင်း ဘုန်းဘုန်းက ပြောပါတယ်။
*****
ဘုန်းဘုန်းပြောတဲ့ စကားတွေက များနေတဲ့အတွက် မှတ်မိသလောက်လေး ပြန်လည် တင်ပြရင်း ဘုန်းဘုန်းရဲ့ ဆောင်ရွက်နေဆဲ လုပ်ငန်းများနဲ့ ဆက်လက်ဆောင်ရွက်သွားမယ့် လုပ်ငန်းများကို ညလေးက မျှဝေပါတယ်၊ ဒီပို့စ်ထဲမှာ လိုအပ်နေတာတွေ အများကြီး ရှိတဲ့အတွက် အလှူရှင်တွေလဲ မြောက်မြားစွာ လိုအပ်နေပါသေးတယ်။ ဒီပို့စ်ကို ဖတ်ပြီး လှူချင်တဲ့စိတ်လေးများ ပေါ်ပေါက်ခဲ့ကြသော် လှူရမယ့် နေရာကို လိုက်ရှာစရာမလိုပဲ မျက်စိရှေ့တင်ပဲ လှူရမယ့် ၀တ္ထုပစ္စည်းတွေက အသင့်ရှိနေပါတယ်ဆိုတာကို ညလေးက ပြောပြရင်း အွန်လိုင်းပေါ်ကလူတွေ ဆက်လက်ပြီး မိမိတို့ သုံးငွေတွေထဲက တတ်နိုင်သလောက် နိုင်သလောက်လေး စုဆောင်းပြီး လှူဒါန်းကြပါဦးလို့ တိုက်တွန်းချင်ပါတယ်။
ပို့စ်ထဲက စကားလုံးများထဲမှာ အမှား ပါဝင်သွားခဲ့ရင်လဲ ခွင့်လွှတ်ပေးကြပါနော်..
*****
ဘုန်းဘုန်းနဲ့ စကားကောင်းနေရင်း ညလေးရဲ့ဖုန်းက ပိုက်ပိုက် ကုန်သွားတဲ့အတွက် ပြတ်သွားပါတယ်။ ဒါနဲ့ ညလေးလဲ လုပ်လက်စအလုပ် လုပ်ပြီး အိမ်ပြန်တယ်၊ အိမ်ရောက်တော့ အစ်မကြီးဆီက ဖုန်းဝင်လာတာနဲ့ သူ့ကို အားရ၀မ်းသာ ညလေးလှူတဲ့အကြောင်းနဲ့ ဒီအကြောင်းတွေ ပြောပြတော့တာပေါ့၊ ညလေးရဲ့ ရေပက်မ၀င်တဲ့ စကားတွေကို သူနားထောင်ပြီး ဘုန်းဘုန်းရဲ့ ဖုန်းနံပါတ် တောင်းသွားပါတယ်၊ ပြီးတော့ စစ်ကိုင်းတောင် ဘယ်ကျောင်းကလဲ မေးတယ် (ညလေးမသိပါဘူး) ခိခိ အဲ့ဒါနဲ့ သူ့ဖာသာ ဖုန်းဆက်ပြီး မေးတော့မယ်တဲ့။ ညလေးအစ်မကြီးက အလှူအတန်း အရမ်းဝါသနာပါတယ်၊ လက်လဲဖွာတယ် ပေးကမ်းချင်စိတ်လဲ အရမ်းရှိတာ၊ သူ ဘုန်းဘုန်းဆီ ဖုန်းဆက်မေးပြီး လှူမယ်တဲ့လေ။ ၀မ်းသာလိုက်တာ မပြောပါနဲ့တော့ ဘာပဲလှူလှူ ဘုန်းဘုန်းအတွက် အနည်းငယ် အကျိုးရှိသွားရင်ပဲ ညလေး ကုသိုလ် ရတာပေါ့၊ ဟုတ်ဘူးလား။

ညလေးရဲ့ သူငယ်ချင်းများလဲ အမျိုး၊ ဘာသာ၊ သသနာ အကျိုးကို တစ်ဖက်တစ်လမ်းက ဦးဆောင်ဦးရွက်ပြုပြီး ပုခုံးထက်ဝယ် သယ်ပိုးနိုင်ကြပါစေ...လို့ ဆုတောင်းနေပါတယ်နော်...
အားလုံးကို ချစ်ခင်လေးစားလျက်...
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Jul 5, 2009

ဘုန်းဘုန်းကောဝိဒနှင့် စကားပြောခြင်း

ကျမ ဒီနေ့ အနည်းငယ် အားလပ်တာကြောင့် အွန်လိုင်းကို တစ်နေ့လုံးနီးပါး အသုံးပြုနေပါတယ်။ ညနေပိုင်းလောက်မှာ ဘုန်းဘုန်းဦးကောဝိဒ အွန်လိုင်းတက်လာပြီး “ဒါယိကာမကြီး ညလေးလား” ဆိုပြီး မေးပြော ပြောလာတာနဲ့ ညလေးလဲ ဘုန်းဘုန်းနဲ့ ၀မ်းသာအားရပဲ စကားပြောဖြစ်ပါတယ်။ ဘုန်းဘုန်းနဲ့ ပြောဖြစ်တာတွေကို ညလေး ပြန်တင်ပေးပါမယ်နော်။ ဒါမှ ဘုန်းဘုန်း ဘာတွေဖြစ်ချင်နေလဲ ဘာတွေ လုပ်ချင်နေလဲ သိရအောင်ပါ။ ဘုန်းဘုန်းကို ညလေးက “ဒါယိကာမကြီး” လို့ တပ်မခေါ်ပဲ ညလေးပဲ ခေါ်ပေးပါပြောလဲ ဘုန်းဘုန်းက “ဒါယိကာမကြီး” လို့ပဲ ခေါ်နေပါတော့တယ်။ အဟဲ ကြားနေကျမဟုတ်တော့လဲ တစ်မျိုးဖြစ်နေလို့ပါ။

kovida9: မင်္ဂလာပါ ဒါယိကာမကြီးညလေး
me: တင်ပါ့ ဘုန်းဘုန်း
မင်္ဂလာပါ ဘုရား။ ဘုန်းဘုန်း ခု ဘယ်ကနေ အင်တာနက် အသုံးပြုပါသလဲ ဘုရား။
kovida9: အခု မန္တလေးကို လာသုံးနေပါတယ် ဒါယိကာမကြီး
me: တင်ပါ့။ ၉ ရက်နေ့က ဘုန်းဘုန်းရဲ့ မွေးနေ့ပေါ့နော်
kovida9: ဟုတ်ပါတယ်ဒါယိကာမကြီး
me: ဘုန်းဘုန်း ညလေးပဲခေါ်ပါဘုရား...
kovida9: ကောင်းပါပြီဒါယိကာမကြီးညလေး
me: ဘုန်းဘုန်း အခု သင်တန်းက ဘာတွေ လိုအပ်ပါသေးလဲ
kovida9: သင်တန်းမှာ လိုအပ်ချက်ကတော့ များပါတယ် ဒါယိကာမကြီး တဖြည်းဖြည်းပဲ ကြိုးစားနေရတာပေါ့။ အခု ဒါယိကာမကြီးတို့အဖွဲ့ ကောင်းမှုနဲ့ တယ်လီဖုန်း အဆင်ပြေတော့မယ်လေ
me: ဘုန်းဘုန်းကရော သင်တန်း ပို့ချပေးတယ်ပေါ့
kovida9: လစဉ်မီးစက်အတွက် ဆီအလှူရှင်တွေ ရှိစေချင်ပါတယ် ပို့ချပါတယ် မန္တလေးမှာလည်း ဦးဇင်းကိုယ်တိုင်သင်ကြားပေးပါတယ်
me: ဆီဖိုးအတွက် ပဒေသာပင် စိုက်လိုက်ရင်ရော
kovida9: စစ်ကိုင်းမှာကတော့ ဦဇင်းတစ်ပါးတည်းမနိုင်ဘူး ဆရာတွေဌားထားရတယ်
me: ဘယ်လောက် ကုန်ပါသလဲ ဘုန်းဘုန်း
kovida9: စေတနာရှင်တွေလည်းရှိပါတယ်။ တစ်ရက်ကို ဒီဇယ် ၂ ဂါလံမှ ၃ ဂါလံအထိ ကုန်ပါတယ်။ မန္တလေးမှာတော့ ဂါလံဝက်လောက်ပဲ ကုန်ပါတယ်
me: ဒါဆို တစ်လ ဒီဇယ် ဂါလံ ၉၀ ပေါ့
kovida9: မန္တလေးမှာကတော့ သံဃာတော်များသီးသန့်ဖြစ်ပြီး
me: တင်ပါ့
kovida9: စစ်ကိုင်းမှာကတော့ ဆင်းရဲနွမ်းပါးသောလူများပါသင်ပေးပါတယ်။ မြန်မာငွေ ၂၆၀၀ ကျပ် ပါ ဒါယိကာမကြီး
me: ကောင်းတာပေါ့ ဘုန်းဘုန်း သူတို့တွေက ဘယ်သင်တန်း တက်နိုင်မလဲ။ ဒါဆို ဒီဇယ်ဖိုးပဲ တစ်လကို ၂သိန်းကျော်နေရောပေါ့။
kovida9: အခု ဦးဇင်းတို့ ဒါယိကာမကြီးတို့ အွန်လိုင်းမှာ စကားပြောဆိုနေကြပေမဲ့ မြန်မာနိုင်ငံ ဒေသ အနှံ့အပြားမှာ offline မှာ ကွန်ပျူတာကို မမြင်ဘူးတဲ့သူတွေ အများကြီးပဲ
me: ဟုတ်ပါတယ် ဘုန်းဘုန်း ညလေးတို့လဲ ကျောင်းတက်တုန်းကတော့ မမြင်ဖူးခဲ့ပါဘူး
kovida9: ၁၇၀၀၀၀ လောက်သာကုန်ပါတယ်
me: ၁၀တန်းပြီးမှ သင်တန်းတက်ယူရတာပါ
kovida9: မီးလာတဲ့အချိန်နည်းနည်းရှိတယ်။ အဲဒီလိုမမြင်ဘူးတဲ့သူတွေအတွက် မြန်မာနိုင်ငံမှာ ဘယ်သူမှ မကြိုးစားကြဘူး။ ကိုယ်တတ်ဖို့ ကိုယ်တော်ဖို့လောက်ပဲ စဉ်းစားကြတယ် ဒါယိကာမကြီး
ဒါယိကာမကြီးညလေး
me: တင်ပါ့ဘုန်းဘုန်း ပြောပါ
kovida9: ဦးဇင်းကိုတစ်ခုလောက်ကူညီပါဦး
me: ပြောပါဘုန်းဘုန်း
kovida9: ဒါယိကာမကြီး ၀ါဝါခိုင်မင်းရဲ့ဆိုက်ကို ဒီမှာ ဖွင့်လို့မရဘူးဖြစ်နေတယ်။
me: တင်ပါ့ တပည့်တော် ဘာပြောပေးရမလဲ ဘုရား
kovida9: အလှူရှင်များစာရင်းကို ဦးဇင်းကော်နက်ရှင်ရတုန်း ပိုစ့်တင်ချင်ပါတယ်။
me: တင်ပါ့
kovida9: ဦးဇင်းကိုကူးပြီးမေးလ်ပို့ပေးပါလား
me: ခုပဲ ဒီကနေ တပည့်တော် ကူးပေးပါ့မယ်
kovida9: ဖုန်းအတွက် ၀၉-၂၁၁၀၂၀၂ ကို ဦးဇင်းစီစဉ်ထားပြီ ဆိုတဲ့အကြောင်းနဲ့ မန္တလေးက ဒါယိကာမကြီးနဲ့လည်း အဆက်အသွယ် ရပါတယ်ဆိုတဲ့အကြောင်း
me: တပည့်တော် ပြောပေးပါ့မယ် ဘုရား
kovida9: ဖုန်းဝယ်ဖြစ်ရင် အဲဒီနံပါတ်ကိုဝယ်ဖို့ ပြောထားပြီးဖြစ်ပါတယ် ဆိုတဲ့အကြောင်း။ မန္တလေးက ဒါယိကာမကြီးထံမှာ အလှူငွေ ခြောက်သိန်းကျပ်သာ ရောက်သေးကြောင်း
me: မ၀ါတို့ မလွှဲသေးတာပါ ဘုန်းဘုန်း၊ သူတို့ နက်ဖန်မှ လွှဲပါလိမ့်မယ်
kovida9: အလှူရှင်များစာရင်းကို အခုမေးလ်ပို့ပေးပါလား ဒါယိကာမကြီး
အော်...
ကောင်းပါပြီဒါယိကာမကြီးညလေး
me: တပည့်တော်မ မ၀ါရဲ့ ပို့စ်ကို ခုပဲ မေးလ်ပို့ပေးပါ့မယ်။ တပည့်တော် ပို့လိုက်ပါတယ် ဘုန်းဘုန်း။ သူတင်ထားတဲ့အတိုင်းပဲ ကူးပြီး ပို့လိုက်ပါတယ်၊ ခဏနေ ရောက်ပါလိမ့်မယ်
kovida9: ဦးဇင်းကို အလှူရှင်စာရင်းလေး အရင်ပို့ပေးလို့ အဆင်ပြေရင် ပို့ပေးပါလား။
ဦးဇင်းမွေးနေ့မှာ စစ်ကိုင်းမှာ ဆွမ်းခံကြွတဲ့ သံဃာတော်တွေကို ဦးဇင်းဆွမ်းကပ်မယ် ဒါယိကာမကြီး၊ ဒါယိကာမကြီး အချိန်ရင် ညနေပိုင်း ဦးဇင်းကို ဖုန်းဆက်ပါလား။ ဒီမှာကော်နက်ရှင်ကအခုကျသွားပြီ။
ဒါယိကာမကြီး ဒီကနေပို့ပါပေးလို့ရမလား၊ မေးမပွင်တော့ဘူး
me: အလှူရှင်များစာရင်း နဲ့ ကြေငြာချက်

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေရှင်...

ဒီနေ့ ( ၁ . ၇ . ၂၀၀၉) နေ့အထိ ကောက်ခံရရှိတဲ့ အလှူငွေစုစုပေါင်းကိုကြေငြာရရင်တော့.....

ဂျပန်နိုင်ငံမှ ကောက်ခံရရှိသောအလှူငွေ စုစုပေါင်း... ၄၂၀၀၀ ယန်း

၁.Dr.Nyan - ဒေါ်ဝါ၀ါခိုင်မင်း ၊ သမီးလေး မေမြတ်နိုးခိုင် မိသားစု( ဂျပန်)မှ ယန်း ၅၀၀၀
၂.ကိုလှအောင်-မထားထားမြင့် ၊ သား-ကျော်စိုးဟန် ၊ သမီးလေး ငုသဒ္ဒါသွင် မိသားစု (စာဖတ်သူ- ဂျပန်)မှ ယန်း ၅၀၀၀
၃.၀သန်မိုး (ဂျပန်)မှ ယန်း ၅၀၀၀
၎.စံ- နုနု(sakura-myanmar) (ဂျပန်)မှ ယန်း ၁၁၀၀၀ + ယန်း ၁၄၀၀၀
၅.ကိုကို နဲ့ မီမီ (စာဖတ်သူ- ဂျပန်) မှ ယန်း ၃၀၀၀
၆.Koyanagi Yoshiaki - မသင်းသင်းနိုင် ၊ သား- Koyanagi Hiroaki(စာဖတ်သူ- ဂျပန်)မှ ယန်း ၅၀၀၀
၇. ဒေါ်ယဉ်ယဉ် (လယ်ဝေးမြို့) (စာဖတ်သူ- ဂျပန်) မှ ယန်း ၅၀၀၀
၈.ညီမလေးမြရွက်ဝေ (ဂျပန်) မှ ယန်း ၃၀၀၀

စကာင်္ပူမှ ကောက်ခံရရှိထားသော အလှူငွေစုစုပေါင်း.......

စင်္ကာပူဒေါ်လာ ၁၃၃၅ ဒေါ်လာ + ထပ်တိုးငွေ ၂၈၀ = ၁၆၁၅ ဒေါ်လာ

(ဆွစ်ဇာလန်)မှ လွှဲငွေ အမေရိကန်ဒေါ်လာ -၅၀ ဒေါ်လာ (လက်ခံမရရှိသေးပါ)

၁. ရွာသားလေး(YTU) (စင်္ကာပူ)မှ စင်္ကာပူဒေါ်လာ ၁၀၀(S$ 100)
၂. ညီမလေးရွှေပြည်သူ(စင်္ကာပူ)မှ စင်္ကာပူဒေါ်လာ ၅၀.( S$50.00)
၃. (ကို)July Dream (စင်္ကာပူ)မှ စင်္ကာပူဒေါ်လာ၅၀.(S$50.00)
၎. မိုးကုတ်သား (စင်္ကာပူ)မှ စကာင်္ပူဒေါ်လာ ၅၀.(S$50.00)
၅. ညီမလေးမေလေး(စင်္ကာပူ)မှ စင်္ကာပူဒေါ်လာ ၅၀.(S$50.00)
၆. ညီမလေးနွေးနေခြည်(စင်္ကာပူ) မှ စင်္ကာပူဒေါ်လာ ၅၀.(S$50.00)
၇. ညီမလေးနွေးနွေးသဲမွန်(စင်္ကာပူ) မှ စင်္ကာပူဒေါ်လာ ၅၀.(S$50.00)
၈. သီဟသစ်-နှင်းဆီဖြူ မိသားစု (စင်္ကာပူ)မှ စင်္ကာပူဒေါ်လာ၅၀ (S$50.00)
၉. လင်းဒီပ (စင်္ကာပူ)မှ စင်္ကာပူဒေါ်လာ ၅၀ (S$ 50.00)
၁၀. မစန်းစန်းလွင် (စာဖတ်သူ စင်္ကာပူ)မှ စင်္ကာပူဒေါ်လာ ၂၀ ( S$ 20.00)
၁၁. မောင်သက်အောင် (မောင်) + မခင်ကလျာစိုး (မေတ္တာရောင်ပြန်) ( စကာင်္ပူ) မှ စင်္ကာပူဒေါ်လာ၅၀ (S$50 .00)
၁၂. ဂျပန်ကောင်လေး, မိုးခါး, တောင်ပေါ်သား, ရီနိုမန်, အဆိပ်ခွက် (စင်္ကာပူ)မှ စင်္ကာပူဒေါ်လာ ၁၁၀ (S$110.00)
၁၃. ဟိန်းဖြူ (စာဖတ်သူ- စင်္ကာပူ) စကာင်္ပူဒေါ်လာ ၂၅ ( S$25.00)
၁၄. ဖိုးသင်္ကြန် (စင်္ကာပူ)မှ စကာင်္ပူဒေါ်လာ ၅၀(S$50.00)
၁၅. ညီမလေးခင်သန္တာထွေး (စာဖတ်သူ- စင်္ကာပူ) မှ စင်္ကာပူဒေါ်လာ ၆၅(S$ 65.00)
၁၆. ညီမလေးနန်းမေဇင်အေး(စင်္ကာပူ)မှ အစ်ကိုဖြစ်သူ စိုင်းကျော်သူထက်(ဖြူးမြို့)အတွက်အမှတ်တရ အလှူငွေ စကာင်္ပူဒေါ်လာ ၅၀( S$ 50.00)
၁၇. မအေးမို့မို့အောင် ( စာဖတ်သူ- စင်္ကာပူ) မှ စင်္ကာပူဒေါ်လာ ၅၀ (S$ 50.00)
၁၈. သံလွင်ဟီရိုး (စင်္ကာပူ)မှ စကာင်္ပူဒေါ်လာ ၃၀(S$ 30.00)
၁၉. မောင်-မေမိုး(စင်္ကာပူ)မှ စင်္ကာပူဒေါ်လာ ၁၀၀(S$ 100.00)
၂၀. Jasmin (စင်္ကာပူ)မှ စင်္ကာပူဒေါ်လာ ၂၀ (S$ 20.00)
၂၁. မအိအိချော(ဆွစ်ဇာလန်)မှ အမေရိကန်ဒေါ်လာ ၅၀ (USD 50.00) (ပို့ထားသော်လည်း လက်ခံမရရှိသေးပါ)
၂၂. ကိုဆန်းဝင်း(ကျောက်ပန်းတောင်း)(စင်္ကာပူ)မှ စင်္ကာပူဒေါ်လာ၂၅(S$ 25.00)
၂၃. မောင်ငယ်ဖိုးစိန်(ဆိုက်ပရပ်စ်)မှ မိဘများဖြစ်သူ ဦးထွန်းမြင့် - ဒေါ်ကြူကြူလှိုင် တို့ကို ဦးထိပ်ပန်ဆင်၍ စင်္ကာပူဒေါ်လာ ၁၀၀ (S$ 100.00)
၂၄. ကိုသုခ-မေကဆုန်(စင်္ကာပူ)မှ စင်္ကာပူဒေါ်လာ ၂၀ (S$20.00)
၂၅. အေးမြတ်မြတ်ကို(Rita)(စင်္ကာပူ)မှ စင်္ကာပူဒေါ်လာ ၅၀(S$50.00)
၂၆. ကိုကိုချစ် - မီးမီးချစ် (စင်္ကာပူ)မှ စင်္ကာပူဒေါ်လာ ၅၀ (S$50.00)
၂၇. မအေးဇာနွယ် ( စာဖတ်သူ- စင်္ကာပူ)မှ စကာင်္ပူဒေါ်လာ ၂၀ (S$ 20.00)
၂၈. မမကြီးဆွေလဲ့နှင်း နဲ့ ညီမလေးကြည်ဖြူပိုင် (စင်္ကာပူ)မှ စင်္ကာပူဒေါ်လာ ၅၀(S$ 50.00)
၂၉. ပုလုကွေး (စင်္ကာပူ)မှ စင်္ကာပူဒေါ်လာ ၅၀ (S$ 50.00)
၃၀. မသန်းသန်းမြင့်(စင်္ကာပူ)မှ မိဘများဖြစ်သူ ဦးစိန်ထိုက်- ဒေါ်အေးအေးသန်း တို့ကိုဦးထိပ်ပန်ဆင်၍ စင်္ကာပူဒေါ်လာ ၅၀ (S$ 50.00)
၃၀. ဦးသန်းဝင်၊အမေဒေါ်သန်းနွဲ့ နှင့် သားဇော်ဝင်း(ခ) ဘကြီး(စင်္ကာပူ) မှ စင်ကာပူ ဒေါ်လာ ၅၀(S$ 50.00)
၃၁. ကျော်မင်းအောင်၊ အောင်ဝင်းမြင့် နှင့် သူရအောင်(စင်္ကာပူ) တို့ မှ စင်ကာပုဒေါ်လာ 30(S$ 30.00)
၃၂. Zephyr ( စင်္ကာပူ)မှ စင်္ကာပူဒေါ်လာ ၅၀ ( S$ 50.00)

အမေရိကားမှကောက်ခံရရှိသောငွေပေါင်း...........

မြန်မာငွေကျပ် ၁၀၀,၀၀၀ ( တစ်သိန်းကျပ်တိတိ)
အမေရိကန်ဒေါ်လာ - ၅၀ ဒေါ်လာ

၁. ဘလော့ဂါကြီး ကိုရန်အောင်(အမေရိကား)မှ မြန်မာငွေ ကျပ်တစ်သိန်းတိတိ (၁၀၀,၀၀၀ ကျပ်)
၂. မမီးငယ်နှင့် မိသားစု (စာဖတ်သူ အမေရိကား) ဒေါ်လာ၅၀ (US 50.00)

အွန်လိုင်းမှ ကောက်ခံရရှိငွေ...........

သြစတြေးရီးယား မှ မြန်မာငွေကျပ် - ၅၀,၀၀၀ ကျပ် ( ငါးသောင်းကျပ်တိတိ)
မလေးရှားမှ မြန်မာငွေကျပ်- ၁၀၀,၀၀၀ ကျပ် (တစ်သိန်းကျပ်တိတိ)

၁. မနော်ဟရီ(မေခ) (သြစတေရီးယား)မှ မြန်မာကျပ်ငွေ ၅၀,၀၀၀( ငါးသောင်းကျပ်တိတိ)
၂. ညလေး(မလေးရှား)မှ မြန်မာကျပ်ငွေ ၁၀၀,၀၀၀ ( တစ်သိန်းကျပ်တိတိ)
၃. မောင်နိုင်ကို(ရုရှား)မှ မြန်မာကျပ်ငွေ ၁၀၀,၀၀၀ တိတိ ( တစ်သိန်းတိတိ)

စုစုပေါင်းအကြမ်းဖျင်းတွက်ကြည့်ရင်တော့ ....( ၁. ၇. ၂၀၀၉)နေ့အထိ လက်ခံရရှိထားသောအလှူငွေပေါင်း..

ဂျပန် - ၅၀၀၀၀၀
စင်္ကာပူ - ၁၀၉၀၀၀၀
အမေရိကား - ၁၅၀၀၀၀
သြ-မလေး - ၁၅၀၀၀၀

စုစုပေါင်း -(၁၈၉၀၀၀၀)

တယ်လီဖုန်းပေါက်ဈေးကို ရွာသားလေးဝိုင်တီယူမှ စုံစမ်းကြည့်ရာတွင်....................

မန္တလေးဖုန်းကဒ်အသစ်ကို သူတို့ဆီမှာရှိပြီးသား
မချိုးရသေးတဲ့ကဒ်အသစ်ကို 1,860,000ks ဖြစ်ပြီး၊
ကဒ်ချိုးပြီးသားကို 1,720,000ks ဖြစ်တယ်။
မန္တလေးဖုန်းတွေက ဈေးကျနေတော့ မန္တလေးဖုန်းပဲအ၀ယ်များလို့ နယ်ဖုန်းကတော့ မေးတဲ့သူမရှိလို့ သူ့ဆိုင်မှာ မရှိဘူးတဲ့။

........ကိုမေးကြည့်တော့ ........ကပြောတာက
မန္တလေးဖုန်းကဒ်အသစ် ကိုယ့်နာမည်ပေါက်
မှတ်ပုံတင်မိတ္တူနဲ့ အိမ်ထောင်စုဇယားမိတ္တူ ပေးထားလိုက်ရင် 3ရက်၊ 4ရက် ဆိုရင်ရပြီတဲ့၊
အဲဒါ ဈေးက1,860,000ks ဖြစ်ပြီး.............

.......................................
တယ်လီဖုန်းကဒ်အသစ် တန်ဖိုးက ၁၈၆၀၀၀၀ကျပ် ဖြစ်တာကြောင့် ဖုန်းဘိုးတော့ ကျွန်မတို့ ပြည့်စုံသွားပါပြီရှင်..... Handset ဖိုး မပါသေးတာကြောင့် ကျွန်မ ထပ်အလှူခံထားရပါသေးတယ်... ထပ်ထည့်မယ့်အလှူရှင် (၃) ဦးကျန်ရှိနေသေးတာမို့ ကျွန်မတို့ ဘလော့ဂါမောင်နှမများနဲ့ စာဖတ်သူများရဲ့ အလှူကြီးဟာ အောင်မြင် ပြီးမြောက်ခါ နီးလာပါပြီ ဖြစ်ပါကြောင်း ကြေငြာအပ်ပါတယ်ရှင်။း)
ဖုန်းကဒ်နဲ့ ဟန်းဆက်ဝယ်ပြီး ပိုသောအလှူငွေများကို ဆရာတော် လစဉ် ဖုန်းဘေလ်ဆောင်ရာတွင် အသုံးပြုနိုင်ရန် ငွေပဒေသာပင်အလှူအဖြစ် လှူရန် စီစဉ်ထားပါကြောင်း အသိပေးအပ်ပါတယ်ရှင်.....

*****************************************
ဘလော့ဂါမောင်နှမများ နဲ့ စာဖတ်သူမိတ်ဆွေများ အလှူငွေပါဝင်လှူဒါန်းနိုင်ရန်အတွက်....

၁. အမေရိကား. ..ကိုရန်အောင် (aungyan@gmail.com)
၂. စင်္ကာပူ....ရွာသားလေး(YTU) (donationformyanmar@gmail.com)
၃. ဂျပန်..... ၀ါဝါခိုင်မင်း (nanwarwarmg@gmail.com)
သို့ ဆက်သွယ်လှူဒါန်းနိုင်ကြပါတယ်ရှင်။

Mail များကို ဆက်သွယ်လာပါက အလှူငွေများကို Bank account များတွင် ထည့်ပေးပါရန် ပြန်လည် ဆက်သွယ်လာမည် ဖြစ်ပါတယ်ရှင်။

************************************
Ps. ထပ်ပြီး အလှူငွေ လှူဒါန်းလိုသူများ ဆက်သွယ်လာကြပါသောကြောင့် ( ၅.၇.၂၀၀၉)နေ့ နောက်ဆုံးထားပြီး အလှူငွေများကို လက်ခံပြီး (၆.၇.၂၀၀၉) စာရင်းပိတ်ပြီး မြန်မာပြည်သို့ အလှူငွေများ လွှဲမည်ဖြစ်ပါကြောင်း....

အားလုံးကိုလေးစားခင်မင်စွာနဲ့

ဝါ၀ါခိုင်မင်း
*****
me: ဦးဇင်း ဘယ်အချိန်ဆက်ရင် အဆင်ပြေပါမလဲ
kovida9: ညနေပိုင်း ၅ နာရီလောက်ဆိုရင်အဆင်ပြေပါတယ်။
me: တင်ပါ့ ဘုန်းဘုန်း ဒီဘက်ကတော့ ၆နာရီခွဲပါ။ တပည့်တော် ဆက်လိုက်ပါမယ်။
kovida9: ကောင်းပါပြီဒါယိကာမကြိး
me: တပည့်တော် သေချာအောင် ၅ နာရီကျော်ကျော်မှ ဆက်လိုက်ပါ့မယ်။
kovida9: ကောင်းပါပြီဒါယိကာမကြီးညလေး
kovida9: ဒါယိကာမကြီးဝါ၀ါခိုင်မင်းကိုလည်းဖုန်းဆက်ဖို့ပြောပေးပါဦး
me: တင်ပါ့ တပည့်တော် ပြောလိုက်ပါ့မယ်
kovida9: အဲဒီနံပါတ်ကို အလှူရှင်များ သဘောကျလားလည်း သိချင်ပါတယ်။
me: မှတ်ရလွယ်ပါတယ် ဘုန်းဘုန်းရဲ့
kovida9: ကောင်းပါပြီဒါယိကာမကြီး ဦဇင်းလည်း လောလောဆယ် မွေးနေ့မှာ နည်းပညာဟောပြောပွဲ
မန္တလေးက ဒါယိကာမကြီးက လျှောက်သေးတယ် ဒါယိကာမကြီး၊ စာသင်ခုံလှူချင်တယ်တဲ့ အဲဒါဘယ်နိုင်ငံကလဲမသိဘူး။
me: မပြောတတ်ဘူး ဘုန်းဘုန်း တပည့်တော်တော့ မသိဘူး။ ဒါပေမယ့် မေးကြည့်ပေးမယ်
kovida9: ကောင်းပါပြီဒါယိကာမကြီး ဦးဇင်းပြန်ကြွတော့မယ်
me: တပည့်တော်က ဒီနေ့လဲ မနားရဘူး ဘုန်းဘုန်းရဲ့
kovida9: မေးလည်းပွင့်မလာဘူး
me: အလုပ်ထဲမှာ
တင်ပါ့
kovida9: ပိုစ့်လည်းတင်လို့မရဖြစ်နေတယ်
me: အလှူရှင်စာရင်း ရတယ် မဟုတ်လား ဘုန်းဘုန်း
kovida9: ဒါယိကာမကြီး ၀ါဝါခိုင်မင်းကို
me: တပည့်တော် ဒီကနေ ခုန ပို့တာလေ
kovida9: ပြောပေးပါဦး
ရပါတယ်၊ ဒီကပဲရတာပါ၊ မေးကပွင့်မလာတော့ဘူး။
me: တင်ပါ့ မ၀ါကို တပည့်တော် ဖုန်းဆက်ဖို့ ပြောလိုက်ပါ့မယ်
kovida9: ဦးဇင်း စစ်ကိုင်းကို ပြန်ကြွတော့မယ်။
me: တင်ပါ့ဘုန်းဘုန်း ဂရုစိုက်ပါနော်...
kovida9: စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းအပေါင်းတို့နှင့် ပြည့်စုံပါစေလို့ ဆုတောင်းမေတ္တာများ ပို့သလိုက်ပါတယ်။
me: ပေးတဲ့ဆုတိုင်း ရရပါလို၏ ဘုရား
*****
ဒါကတော့ ဒီနေ့မှာ ညလေး ဘုန်းဘုန်းဦးကောဝိဒနဲ့ ပြောဖြစ်ခဲ့တဲ့ စကားတွေပါ။ ဘုန်းဘုန်းကို ပြောထားခဲ့တဲ့ အတိုင်း ညလေး ဘုန်းဘုန်းဆီကို ရန်ကုန်စံတော်ချိန် ၆ နာရီ မထိုးခင်လောက် ဖုန်းဆက်ဖြစ်ပါတယ်။ ပြောဖြစ်ခဲ့တာတွေနဲ့ ဘုန်းဘုန်းရဲ့ ဆန္ဒတွေကို နက်ဖန်မှ ပို့စ်တင်ပါဦးမယ်။
အားလုံးပဲ ပျော်ရွှင်ငြိမ်းချမ်းကြပါစေ...
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Jun 30, 2009

အကျိုးမျှော်ကာ နှိုးဆော်ပါသည်

အလှူအားလုံးမှာ သဘောတူရာ စုပေါင်းလိုက်ရင် ပစ္စည်းအလှူနဲ့ တရားအလှူ ဆိုပြီးတော့ အလှူနှစ်မျိုးပဲ ရှိပါတယ်။ ပစ္စည်း အလှူထက် တရားအလှူက ပိုမြတ်တဲ့ အတွက် အလှူအားလုံးထဲမှာ အမြတ်ဆုံးအလှူ ဖြစ်ပါတယ်။ လောကမှာ ရှိရှိသမျှ ပစ္စည်းအလှူ အားလုံးထဲမှာ သံဃိက ကျောင်းအလှူဟာ အနှိုင်းမဲ့ အလှူဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ သံဃိက ကျောင်းအလှူက အလှူအားလုံးထက်ပိုပြီး အလှူခံ ပုဂ္ဂိုလ်ကို အကျိုးကြီး စေပါတယ်။ အလှူပေး ပုဂ္ဂိုလ်ကိုလည်း ကုသိုလ်တိုး စေပါတယ်။

မြတ်စွာဘုရားရှင် လက်ထက်တော်တုန်းက နတ်သားတစ်ပါးက-
၁။ ဘယ်အရာကို ပေးလှူတဲ့သူဟာ ခွန်အားကို ပေးလှူရာ ရောက်ပါသလဲ၊
၂။ ဘယ်အရာကို ပေးလှူတဲ့သူဟာ အဆင်းကို ပေးလှူရာ ရောက်ပါသလဲ၊
၃။ ဘယ်အရာကို ပေးလှူတဲ့သူဟာ သုခကို ပေးလှူရာ ရောက်ပါသလဲ၊
၎။ ဘယ်အရာကို ပေးလှူတဲ့သူဟာ မျက်စိအ မြင်ဓာတ်ကို ပေးလှူရာ ရောက်ပါသလဲ၊
၅။ ဘယ်အရာကို ပေးလှူတဲ့သူဟာ ကောင်းကျိုးချမ်းသာကို ပေးလှူရာ ရောက်ပါသလဲ လို့ မြတ်စွာဘုရားကို မေးလျှောက်တော့

မြတ်စွာဘုရားရှင်က-
၁။ အစားအစာကို ပေးလှူတဲ့သူဟာ ခွန်အားကို ပေးလှူရာ ရောက်ပါတယ်၊
၂။ အ၀တ်အထည်ကို ပေးလှူတဲ့သူဟာ အဆင်းကို ပေးလှူရာ ရောက်ပါတယ်၊
၃။ ဆီမီးအလင်းရောင်ကို ပေးလှူတဲ့သူဟာ မျက်စိအမြင်ဓာတ်ကို ပေးလှူရာ ရောက်ပါတယ်၊
၎။ စီးစရာယာဉ်ကို ပေးလှူတဲ့သူဟာ ခရီးသွားလာတဲ့အခါ ချမ်းသာသုခ ပေးသလို၊
၅။ အိမ်/ကျောင်း အဆောက်အအုံကို ပေးလှူတဲ့သူဟာ ကောင်းကျိုးချမ်းသာ အားလုံးကို ပေးလှူရာ ရောက်ပါတယ်လို့ ဖြေကြားတော် မူခဲ့ပါတယ်။

အဲဒီထဲက ဇရပ်၊ တန်ဆောင်း၊ အိမ်၊ ကျောင်းစတဲ့ အဆောက်အအုံ အလှူကတော့ အလှူခံ ပုဂ္ဂိုလ်ကို ခွန်အားလည်း ပြည့်ဖြိုးစေသလို ရုပ်အဆင်းလည်း လှပတင့်တယ် စေပါတယ်။ ချမ်းသာသုခလည်း ဖြစ်ပွားစေသလို မျက်စိအမြင် ဓာတ်လည်း အားကောင်းစေပါတယ်။ ရှေ့အလှူ လေးမျိုးကြောင့် ရရှိနိုင်တဲ့ ကောင်းကျိုးလေးမျိုးကို အလှူတစ်မျိုးတည်းနဲ့ ရရှိစေနိုင်တာက ကျောင်းအလှူပါ။

ဝေလာမသုတ္တန်မှာ မြတ်စွာဘုရားရှင်က ပုထုဇဉ်လူသား ထောင်သောင်းများစွာကို ရွှေခွက်ပေါင်း ရှစ်သောင်းလေးထောင်၊ ငွေခွက်ပေါင်း ရှစ်သောင်းလေးထောင် စသည့် တန်ဖိုးရှိ အဆင့်မြင့် ပစ္စည်း၊ စားကောင်း သောက်ဖွယ်တွေနဲ့ လှူဒါန်းရတဲ့ အလှူဒါနကြီးထက် သောတာပန် တစ်ယောက်ကို ထမင်းတစ်နပ် ကျွေးရတဲ့ အလှူက ပိုပြီး အကျိုးကြီးပါတယ်။ သောတာပန် အယောက်တစ်ရာကို ထမင်းတစ်နပ် ကျွေးရတဲ့ အလှူထက် သက္ကဒါဂါမ် တစ်ယောက်ကို ထမင်းတစ်နပ် ကျွေးရတဲ့ အလှူက ပိုပြီး အကျိုးကြီးပါတယ်။ သက္ကဒါဂါမ် အယောက်တစ်ရာကို ထမင်းတစ်နပ် ကျွေးရတဲ့ အလှူထက် ရဟန္တာတစ်ပါးကို၊ ရဟန္တာ အပါးတစ်ရာထက် ပစ္စေကဗုဒ္ဓါတစ်ပါးကို ၊ ပစ္စေကဗုဒ္ဓါ အပါးတစ်ရာထက် သမ္မာသမ္ဗုဒ္ဓ ဘုရားတစ်ဆူကို ဆွမ်း ဆပ်ကပ်ရတာက ပိုမြတ်ပါတယ်။ သမ္မာသမ္ဗုဒ္ဓ ဘုရားတစ်ဆူကို ဆွမ်းတစ်နပ် ကပ်ရတဲ့အလှူထက် ဘုရားအမှူးရှိတဲ့ ရဟန်းသံဃာတော်ကို ဆွမ်းတစ်နပ် ကပ်လှူရတဲ့ အလှူက ပိုပြီး အကျိုးကြီးစေပါတယ်။ ဘုရားအမှူးရှိတဲ့ ရဟန်းသံဃာတော်ကို ဆွမ်းတစ်နပ် ကပ်လှူရတဲ့ အလှူထက် အရပ် လေးမျက်နှာမှလာသော သံဃာတော်အပေါင်းကို ရည်စူးပြီး ကျောင်းဆောက်လှူရတဲ့ အလှူက ပိုပြီးအကျိုး ကြီးပါတယ်။

ဘုရားရှင် လက်ထက်ကတည်းက ရှိခဲ့တဲ့ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန် ကစလို့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလသုံးပါးလုံးမှာ ရှိနေပြီး၊ ရှိနေဆဲ၊ ရှိလာလတ္တံ့သော အရိယာ သံဃာတော်များအားလုံး၊ ပုထုဇဉ် သံဃာတော်များအားလုံးဟာ အလှူခံ ပုဂ္ဂိုလ်တွေချည်းပါပဲ။ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့ကို ရည်စူးတဲ့ ပုဂ္ဂလိကအလှူထက် ရဟန်းသံဃာအားလုံးကို ရည်စူးတဲ့ သံဃိက အလှူက အလှူခံ ပိုမြင့်မြတ်ပြီး ပိုအကျိုးကြီးတဲ့ အတွက်ကြောင့် အလှူခံ ရဟန်း သံဃာတော်တွေကို ပစ္စည်းလေးပါး ထင်ရှားကျော်ကြားမှု ပရိယတ္တိ ဗဟုသုတ ဈာန် အဘိညာဉ် ၀ိပဿနာဉာဏ် မဂ်ဖိုလ်နိဗ္ဗာန် စတဲ့ လောကီ၊ လောကုတ္တရာ ကောင်းကျိုးချမ်းသာအားလုံး လှူလိုက်ရာရောက်တဲ့ အတွက်ကြောင့် အမြတ်ဆုံး အလှူလို့ ခေါ်ပါတယ်။ ဒါကအလှူခံ ရှုထောင့်ဘက်က ကြည့်တာပါ။

တစ်ခါ အလှူပေး ပုဂ္ဂိုလ်ဘက် ရှုထောင့်က ကြည့်မယ်ဆိုရင် ကိုယ့်ကျောင်းအလှူကို ကိုယ်သတိရတိုင်း ကိုယ့်လှူဖွယ်ဝတ္ထုက လောလောဆယ်မှာတင် အထင်အရှား ရှိနေတာမို့ အခြားအလှူထက် မတူတဲ့ ကုသိုလ်စေတနာ အသစ်အသစ်တွေ တစ်ရစ်ပြီး တစ်ရစ် ထပ်ထပ်တိုး နေတဲ့အတွက် အမြတ်ဆုံးအလှူ ဖြစ်နေပြန်ပါတယ်။

ကျောင်းအလှူက မြေကြီးထဲမှာ အခိုင်အမာ စိုက်ထူထားတာမို့ အချိန်ကြာမြင့်စွာ မြဲမြံတည်တံ့ နိုင်ပါတယ်။ ကိုယ်ဘယ်အချိန်ဘဲ သတိရ သတိရ သတိရလိုက်တဲ့ အချိန်တိုင်းမှာ ကိုယ်လှူထားတဲ့ ကျောင်းတည်းဟူသော လှူဖွယ်ဝတ္ထုက လောလောဆယ် ထင်ရှား ရှိနေတဲ့အတွက် ကျောင်းအလှူ လှူပါတယ်၊ ကျောင်းအသုံး ပြုနေတဲ့ ပုဂ္ဂိုလ် အားလုံးအစစ အရာရာ အဆင်ပြေ ကြပါစေ၊ ကိုယ်ချမ်းသာ စိတ်ချမ်းသာ ရှိကြပါစေလို့ ထပ်တလဲလဲ နှလုံးသွင်းရင်း ကုသိုလ် စေသနာ အသစ်အသစ်တွေ ကုသိုလ်ပီတိ အသစ်အသစ်တွေ တစ်ရစ်ပြီး တစ်ရစ် တိုးပွားလာနိုင်ပါတယ်။ ဒါကြောင့် လွယ်လွယ်နဲ့ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း လှူတာထက် မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းဖြစ်တဲ့ ကျောင်းအလှူကို ထာဝရ ဒါနခိုင်မြဲတဲ့ အလှူလို့ ခေါ်ပါတယ်။

အကျိုးပေးခိုင်ချင်ရင် အကြောင်းကံခိုင်ဖို့ လိုအပ်ပါတယ်။ ကျောင်းအလှူဟာ ခိုင်တဲ့ပစ္စည်းလှူတာမို့ အကြောင်းကံခိုင်တဲ့ အလှူပါ၊ အလှူခိုင်မှတော့ ဘ၀ခိုင်ပြီပေါ့။ ဘ၀ ခိုင်ချင်သူတိုင်း အလှူခိုင်အောင် ကြိုးစားကြရပါမယ်။ အလှူခိုင်ဖို့ကတော့ ကျောင်းဆောက်လှူရုံပါပဲ။

ဝိပဿီ ဘုရားရှင် လက်ထက်တုန်းက ဗန္ဓုမတီမြို့က ကိုနေဇာ ဆိုတဲ့ ဆင်းရဲသားလေးဟာ ကျောင်းအလှူကို ပေးလှူပြီး ဘ၀ဆက်တိုင်း ကုသိုလ် အသစ်အသစ်တွေ ထပ်နေတဲ့အတွက် ကိုးဆယ့်တစ်ကမ္ဘာလုံးလုံး ချမ်းသာသုခ စံစားပြီး နောက်ဆုံးဘ၀ ဂေါတမမြတ်စွာဘုရားရှင် လက်ထပ်ရောက်မှ ပဋိသမ္ဘိဒါလေးပါး၊ ၀ိမောက္ခရှစ်ပါး၊ အဘိညာဉ်ခြောက်ပါး နဲ့တကွ ရဟန္တာဖြစ်ပြီး ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းပြီး နိဗ္ဗာန် ၀င်သွားခဲ့ပါတယ်။ ဒါက မရှိလို့မလှူ၊ မလှူလို့မရှိ ဆိုတဲ့ စကားကို ပယ်သတ်ပြီး လူမင်းစည်းစိမ် အကြိမ်ကြိမ်၊ နတ်မင်းစည်းစိမ် ခဏခဏ ဆိုတဲ့ ထူးခြားဆန်းကျယ်တဲ့ အကျိုးတွေရဲ့ ရလာဒ်တွေပါ။

ကျောင်းလှူတယ်ဆိုတာ သူတစ်ပါးကို နေရာကောင်း တစ်ခုရအောင် ဖန်တီးပေးတာ ဖြစ်လို့ တုံပြန်မှု နိယာမ သဘောအရ ကိုယ့်ဘ၀မှာလည်း နေရာကောင်း တွေနဲ့ချည်း တွေ့ကြုံ ဆုံစည်းရမှာ မလွဲပါဘူး။ ဘယ်လောက်ထိလဲဆိုရင် အမိဝမ်းအတွင်းမှာ ပဋိသန္ဓေနေတဲ့အခါ သူတကာတွေလို ကျဉ်းကျဉ်းကျုတ်ကျုတ် မနေရဘဲ ဆယ့်နှစ်တောင် တိုက်ခန်းထဲမှာ နေရသလို ချောင်ချောင်ချိချိ သက်တောင့်သက်သာ နေရပါသတဲ့။ ဇာတိဒုက္ခကို လျော့ပါး သက်သာစေတာ ကျောင်းအလှူ တစ်ခုတည်း ရှိပါတယ်။

တစ်လောကလုံးရဲ့ အနှိုင်းမဲ့ ကျေးဇူးရှင်ဖြစ်တဲ့ မြတ်စွာဘုရားရှင်က သံဃိကကျောင်းအလှူဟာ အနှိုင်းမဲ့အလှူဖြစ်တယ်လို့ “၀ိဟာရ ဒါနံ သံဃဿ၊ အဂ္ဂံ ဗုဒ္ဓေန ၀ဏ္ဏိတံ” ဆိုတဲ့ စကားတော်နဲ့ ဟောကြား ညွှန်ပြထားတာမို့ ဘုန်းကြီးအတွက် ကျောင်းဆောက်တာ မဟုတ်ဘဲ သာသနာအတွက် ကျောင်းဆောက်နေတဲ့အတွက် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများနဲ့ မြန်မာရဟန်းတော်များ အနေနဲ့ တစ်ပိုင်တစ်နိုင် ကုသိုလ်ပါဝင်ရင်း မိမိစွမ်းနိုင်ရင် မိမိကိုယ်တိုင်လုပ်၊ ကိုယ်ကိုယ်တိုင် မစွမ်းနိုင်ရင် စွမ်းနိုင်လို့ လုပ်နေသူတွေကို အတတ်နိုင်ဆုံး ကူညီပံ့ပိုးရင်း တစ်ပိုင်တစ်နိုင် ကုသိုလ်ပါဝင် နိုင်ကြပါစေရန်နှင့် သဒ္ဓါတရားရှိသူတိုင်း သံဃိက ကျောင်းအလှူဆိုတဲ့ အနှိုင်းမဲ့အလှူကို စွမ်းအားရှိသမျှ လှူဒါန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

အကယ်၍ သဒ္ဒါတတ်အား နည်းများမဆို ပါဝင်လှူဒါန်းလိုပါက အောက်ပါ ပုဂ္ဂိုလ်များထံသို့ တိုက်ရိုက် ဆက်သွယ် လှူဒါန်းနိုင်ပါတယ်။

၁။ ဘဒ္ဒန္တဣန္ဒစက္က ပဓာန နာယက ဆရာတော် ငါရဟိုး ကျေးရွာ မဟာဒက္ခိဏာရုံ ကျောင်းတိုက်
ဖုန်း-၀၉ ၆၄၆၀၄၁၆ , ၀၉ ၂၁၁၀၁၄၀

၂။ ဘဒ္ဒန္တအာစိဏ္ဏ ၊ မိဂဒါရုံ ကျောင်းဆရာတော်၊ အောင်သစ်လွင်ရပ် မိုးကုတ်မြို့။
ဖုန်း- ၀၉၆၉၇၀၆၇၉

၃။ ဘဒ္ဒန္တနာယကာလင်္ကာရ ၊ သီတဂူ ဓမ္မ၀ိဟာရ ကျောင်းဆရာတော် မီနီဆိုးတားပြည်နယ်၊ အမေရိကန်နိုင်ငံ။
ဖုန်း- ၆၅၁-၇၉၇-၃၃၁၁။ ၉၅၂-၄၅၂ ၀၀၉၄

၎။ ဘဒ္ဒန္တသာရိန္ဒ သာသနဓဇဓမ္မာစရိယ စန်းသုခ ဆရာတော် မဟာမြိုင်ကျောင်းတိုက်၊ မန္တလေးမြို့။
ဖုန်း-၀၂-၆၂၂၆၆

၅။ ဘဒ္ဒန္တသြသဓ၊ ဘဒ္ဒန္တတေဇ၀န္တ ဦးရှင်ကျောင်းဆောင် မဟာဂန္ဓာရုံ ကျောင်းတိုက်၊ အမရပူရမြို့။
ဖုန်း-၀၂-၇၀၄၆၄

၆။ ဦးညီညီဇော်-ဒေါ်မိုးမိုးသဲ ထိုင်းနိုင်ငံ ဗန်ကောက်မြို့။ ဖုန်း-၀၈၁-၃၀၈-၇၂၁၈

၇။ ဦးဇော်မင်း-ဒေါ်သီသီနွယ် ထိုင်းနိုင်ငံ ဗန်ကောက်မြို့။ ဖုန်း-၀၈၅-၁၆၃၈၇၄၁

၈။ ဦးမြင့်အောင်-ဒေါ်ကြိုင်(ကထိက)နည်းပညာတက္ကသိုလ်၊ ရန်ကုန်မြို့။ ဖုန်း-၀၉-၅၀၀၉၅၉၂၊ ၀၉-၅၀၁၈၁၁၇

၉။ ဦးခင်မောင်ဌေး-ဒေါ်စမ်းစမ်းအေး နယ်စပ်စည်ပင်။ ဖုန်း-၀၉၅၁၂၇၉၃၄

၁၀။ ဦးမြင့်ဦး-ဒေါ်သောင်းမြိုင် ရန်ကုန်မြို့။ ဖုန်း-၀၁-၅၉၀၄၀၇

၁၁။ ဦးဝင်းညွန့်-ဒေါ်ချိုမာ ယုဇနဥယျာဉ်မြို့တော် ရန်ကုန်မြို့။

ဘဒ္ဒန္တနာယကာ လင်္ကာရ၊ သီတဂူ ဓမ္မ၀ိဟာရကျောင်းမှ ဆရာတော်၏ မိန့်မှာချက်အရ သဒ္ဒါကြည်လင် ဘလော့ဂါ အစ်ကို၊ အစ်မ တို့နှင့်တကွ စာချစ်သူ ဓမ္မမိတ်ဆွေများလည်း ကုသိုလ်အလှူ ပါဝင်ယူနိုင်ကြစေရန် ရည်သန်၍ သတင်းကောင်း ပေးအပ်ပါတယ်။

(ဆရာတော် အရှင်ဆန္ဒာဓိကဧ။် အနှိုင်းမဲ့အလှူ စာအုပ်မှ ကိုးကားရည်ညွှန်းပါတယ်။)
*****
ညလေးက ဒီဘလော့ဂ် ကနေ ပြန်လည်ကူးယူပြီး ဖြန့်ဝေပါတယ်နော်....
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Jun 27, 2009

ကုသိုလ်အတူယူရအောင်

ဒီပို့စ်ကတော့ ဆရာတော်ဦးကောဝိဒရဲ့ ပညာရေးဒါနလေးမှာ ကျမတို့လဲ တတ်နိုင်တဲ့ဘက်က ၀ိုင်းဝန်းပံ့ပိုး ပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ချင်လို့ပါ။ ကျမတို့နိုင်ငံမှာ နည်းပညာ ဖွံ့ဖြိုးတိုးတက်တာ နောက်ကျနေပါတယ်၊ လုံးဝကို နောက်ကျကျန်ရစ်နေတဲ့ မြို့နယ်တွေကလဲ အများကြီး ရှိနေကြပါတယ်။ ကျမတို့နိုင်ငံဟာ စားရေးအတွက်သာ လုံးပန်းနေကြရတဲ့အတွက် တစ်နေ့စားဖို့ကို မနည်းရှာဖွေ ရုန်းကန်နေကြရတဲ့ သူတွေ ဒုနဲ့ဒေးပါ၊ ပညာရေးဟာ ၀မ်းရေးအရင်ပြေလည်မှ တတ်နိုင်ကြတဲ့သူတွေပါ။ ကျမတို့တွေကတော့ အဲ့ဒီလိုအပ်ချက်လေး အနည်းငယ် ပြည့်ဝနေတယ်လို့ ဆိုရပါမယ်၊ ဒါကလဲ ရှေးရှေးက ပြုခဲ့ရတဲ့ ကုသိုလ်တွေကြောင့်ပါ။ ပညာရေး ချို့တဲ့နေကြတဲ့ နေရာတွေအတွက် ဆရာတော်ရဲ့ ပညာဒါနလေးဟာ မွန်မြတ်လှပါတယ်။ ဒါပေမယ့် ရေရှည်ရပ်တည်နိုင်ဖို့ကတော့ စေတနာရှင် အလှူရှင်ပေါင်း မြောက်မြားစွာ လိုအပ်နေဦးမှာပါ။ ဆရာတော်ရဲ့ ပညာဒါနလေးမှာ ကျမတို့တွေလဲ တတ်နိုင်သလောက်လေး မိမိတို့ အသုံးစရိတ်ထဲကနေ (၅ / ၁၀) ရင်းဂစ် လောက်ကနေ စပြီး စုပေါင်း လှူဒါန်းသွားကြရအောင်လို့ ကျမဘလော့ဂ်ကို လာရောက် ဖတ်ရှုနေကြတဲ့ စာဖတ်သူတွေရော ဘလော့ဂါတွေကိုပါ တိုက်တွန်းပါရစေ.... ကျမဘလော့ဂ်လေးက လာဖတ်တဲ့သူ နည်းပါးလှပါတယ်၊ သို့သော် ဒီဘလော့ဂ်လေးကနေ ကုသိုလ်ရရင်ဖြင့် ကျမ ၀မ်းသာရမှာပါ။

ဘုန်းဘုန်းကတော့ သူ့ရဲ့ ရည်ရွယ်ချက်နဲ့ ပညာဒါနအတွက် လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေကို ဘလော့ဂ် ရေးပြီး တင်ထားပါတယ်၊ အဲ့ဒီမှာလဲ သွားရောက် လေ့လာဖတ်ရှုနိုင်ပါတယ်နော်။

ဒီ့ပြင်နိုင်ငံတွေက ဦးဆောင်ပြီး ကောက်ခံနေသူတွေကြောင့် အလှူငွေတွေ ထိုက်သင့်သလောက် ရနေကြပါပြီ။ ကျမ ဂျပန်နိုင်ငံမှာ အလှူကောက်ခံနေတဲ့ မ၀ါ ရဲ့ဘလော့ဂ်မှာ ဒီပို့စ်လေးကို လင့်ခ်ယူပြီး ဖြန့်ဝေပါတယ်၊ ဖတ်ကြည့်ကြပါဦးနော်။ မ၀ါက ကောက်ခံရရှိခဲ့တဲ့ အလှူငွေတွေကို မလှူဒါန်းရသေးတဲ့သူတွေ အားကျလောက်အောင်လဲ အလှူရှင်များစာရင်း ဆိုပြီး တင်ပြထားပါသေးတယ်။ ခုလို ဘလော့ဂါတွေ စုပေါင်းပြီး မိမိတို့ တတ်နိုင်သလောက် အလှူငွေလေးတွေ ထည့်ဝင်ပြီး လှူဒါန်းနေကြတာ အားရစရာကောင်းပါတယ်။

မလေးရှားနိုင်ငံကတော့ ဦးဆောင်ပြီး ကောက်ခံမယ့်သူ ခုထက်ထိ မရှိသေးပါဘူး၊ ဒီနိုင်ငံမှာ Banking System ကို အသုံးပြုပေမယ့် ကျမတို့လို အချိန်မပေးနိုင်တဲ့ သူတွေ၊ ဘဏ်ပိတ်ချိန်နဲ့ အလုပ်နားရက် ထပ်တူကျနေတဲ့ သူတွေအဖို့တော့ သီးသန့်ကြီး ဘဏ်သွားဖို့နဲ့ ကောက်ခံတဲ့သူဆီကို ငွေလွှဲဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အဲ့ဒီတော့ ကျမ စဉ်းစားထားတာလေးရှိတော့ ရှိပါတယ်၊ လှူချင်တဲ့သူတွေက ကျမကို ယုံကြည်ကြမယ် ဆိုရင်ဖြင့် ကျမက ပို့စ်တစ်ခု ထပ်ရေးပြီး တင်ပေးပါ့မယ်။ ကျမလဲ ဘုန်းဘုန်းဆီ တိုက်ရိုက်ဆက်သွယ်လို့ မရသေးတဲ့အတွက် ဘာမှ မပြောလိုသေးပါဘူး။ အလှူငွေကို တခြားလူတွေဆီက ကောက်ခံလို့ မရခဲ့ရင်လဲ ဘုန်းဘုန်းနဲ့ ဆက်သွယ်ပြီး ကျမတစ်ယောက်တည်းပဲ တတ်နိုင်သလောက် လှူဒါန်းဖို့ ရည်ရွယ်ထားပါတယ်။

ကျမတို့လဲ ကုသိုလ်ယူကြရအောင်လို့ ထပ်မံပြီး တိုက်တွန်းပါရစေ...
အားလုံးကို ချစ်ခင်လေးစားလျက်..
*****

ဆက်လက်ဖတ်ရှုရန်...>>>>

 
Looking for something? Try :::