NyAlAy
အချိန်ပေး၍ လာရောက်ဖတ်ရှုသူများကို ကျေးဇူး အထူးတင်ရှိပါတယ်။ နှစ်သစ်မှာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ....

Jul 20, 2009

3 column template

အသစ်မတင်တာက မအားလို့ပါ (ဒီစကားလဲ ဘလော့ဂါတွေရဲ့ လက်သုံးဖြစ်တော့မယ်) အသစ်တင်မထားရင် သွားမမေးနဲ့ မေးရင် "မအားလို့ပါ" ဆိုတာတော့ ပြန်ပြောမှာပါ စိတ်ချ။ ညလေးလဲ ဒီလိုပဲ အချိန်လေး နည်းနည်းရတာနဲ့ မကလိတာ ကြာပြီဖြစ်တဲ့ ဘလော့ဂ်လေးကို ဒီဇိုင်းပြောင်းဖို့ စဉ်းစားရင်း ဒီနေ့ ပြောင်းဖြစ်ပါတယ်။ ၃ ကော်လံက လိုချင်နေတာ ကြာလှပြီလေ၊ လုပ်ချင်နေတာလဲ ကြာပြီပေါ့၊ ဖတ်ထားတာလဲ ကြာနေပြီ (အင်း ကြာ၃ကြာ ပေါင်းသွားလို့) ဒီနေ့တော့ ရအောင် တင်မယ်ဆိုပြီး စမ်းကြည့်တာ ရသွားတာပါပဲ။ နားလည်လွယ်အောင် ပြောပြထားတဲ့ "ဦးချစ်သူ" ကို ကျေးဇူးတင်ပါတယ်။ အရင်တုန်းကလဲ ရှင်းပြထားကြတဲ့ သူတွေ ရှိပါတယ်။ စိတ်မ၀င်စား အားသေးလို့ လုပ်မကြည့်ဖြစ်ဘူး ဒီတစ်ခေါက်တော့ မရရအောင် လုပ်မယ်လို့ ဆုံးဖြတ်ထားလို့ လုပ်ဖြစ်ရင်း ရသွားတာပါ။ ညလေး ထပ်ရှင်းပြရင်လဲ စိတ်မဆိုးကြဘူးဟုတ်။ မလှ လှအောင်၊ မညီ ညီအောင် ညှိ လုပ်တာတော့ ညလေးက ဖြစ်ပါတယ်။
*****
စစချင်းမှာ Expand Widget Templates ကို အမှန်လေးခြစ်ဖို့ မမေ့နဲ့နော်၊ မခြစ်လဲ ရပါတယ် ။ ပြီးရင်တော့ <div id='sidebar-wrapper'> ဆိုတာကို တွေ့အောင်ရှာပါ။ ပြီးရင် အောက်မှာ ဆက်ကြည့်နော် ပြင်စရာရှိတာတွေကို အနီရောင် နဲ့ ပြထားပါမယ် ထပ်ဖြည့်လိုက်ပါ။

<div id='right-sidebar-wrapper'>
<b:section class='sidebar' id='right-sidebar' preferred='yes'>
********* ဒီကြားထဲက Coding တွေ ပြောင်းစရာ မလိုပါဘူး။
*********
*********
</b:section>
</div>

ဒါက နဂိုရှိနေတဲ့ sidebar ကို ဘယ်၊ ညာ ခွဲပေးလိုက်တာပါ။ ညာဘက်ရှိသူများ right နဲ့ ဘယ်ဘက်မှာ ရှိနေသူများ left လို့ပေးလိုက်ပါ။ ဒီအဆင့်ထိ ပြီးသွားရင် တဆက်တည်း အောက်မှာ ရေးထားတဲ့ Coding တွေကို <div id='main-wrapper'> ရဲ့ အပေါ်မှာ ကူးရေးလိုက်ပါ။ <div id='main-wrapper'> ရဲ့ အပေါ်မှာ ရှိနေတဲ့သူများကတော့ အောက်မှာ ကူးပေါ့၊ လွယ်လွယ်လေး

<div id='left-sidebar-wrapper'>
<b:section class='sidebar' id='left-sidebar' preferred='yes'>
</b:section>
<div>

ဒီအဆင့်ထိ ပြီးသွားရင်တော့ Template အပေါ်ဆုံးကို သွားပြီး ပထမရှိနေတဲ့ #sidebar-wrapper { ဆိုတာကို #right-sidebar-wrapper { အဖြစ် ပြောင်းပေးလိုက်ပါဦး။ ပြီးသွားရင် #main-wrapper { ရဲ့အပေါ်မှာ #left-sidebar-wrapper { ကို အသစ်ရေးလိုက်ပါ။ ပထမ sidebar နဲ့ တူတူပဲ ပြန်ကူးပြီး left အဖြစ် ပြောင်းပေးလိုက်ယုံပါပဲ။ အောက်မှာတော့ ညလေးရဲ့ Coding ကို နမူနာပြထားတယ်။

(((ဒီတိုင်း ကူးရမယ်မပြောဘူးနော်။ ကိုယ့်ရဲ့ Template နဲ့ တိုက်ကြည့်ခိုင်းတာပါ။ width ကတော့ လိုသလောက်ပေါ့။)))

#left-sidebar-wrapper {
width: 300px;
float: left;
margin: auto;
font:normal 100% 'Zawgyi-One', Comic Sans MS, Arial,Verdana, Sens-Serif, Zawgyi1;
word-wrap: break-word; /* fix for long text breaking sidebar float in IE */
overflow: hidden; /* fix for long non-text content breaking IE sidebar float */
}

#main-wrapper {
width: 465px;

#right-sidebar-wrapper {
width: 300px;

float: right;
margin: auto;
font:normal 100% 'Zawgyi-One', Comic Sans MS, Arial,Verdana, Sens-Serif, Zawgyi1;
word-wrap: break-word; /* fix for long text breaking sidebar float in IE */
overflow: hidden; /* fix for long non-text content breaking IE sidebar float */
}

ဒါပဲလေ ပြီးရင် သိမ်းပြီး ကြည့်ကြည့်ပါဦး၊ မရသေးဘူး ဟုတ်။ ဘယ်ရဦးမလဲ Column က သုံးခုဆိုတော့ အရင်ပေးထားတဲ့ Width တွေက ကြီးနေမယ် ဒီတော့ width:***px; လေးတွေကို လိုသလို ချိန်ညှိကြပါ။ ဘလော့ဂ်ရဲ့ Screen size ကို ဘယ်လောက်ထိ ချဲ့လို့ရလဲဆိုရင် 1200 px ထိ ချဲ့လို့ ရပါတယ် (ဒါ ညလေး စမ်းချဲ့ကြည့်တာ အဆုံးပါပဲ၊ ဒီ့ထက်ရရင်လဲ ပြောကြပါ ) #outer-wrapper { မှာ width: 1150px; ဆိုတာကို ကြီးပေးလိုက်ပါ။

ကြည့်ကြည့်ပါဦး ပြီးပြီလားလို့၊ မပြီးသေးဘူး ဟုတ် ဘာဖြစ်နေလဲ။ Left sidebar နဲ့ Post နဲ့ ကြားထဲမှာ ဘယ်လောက်မှ မခြားပဲနဲ့ ကပ်နေကြတယ် ဟုတ် (အရမ်းချစ်နေတာလေ)။ ဒါကိုလဲ ဒီလိုလေး ပေးလိုက်ရင် အဆင်ပြေသွားမှာပါ။ သူ့ကို margin ပြန်ချိန်ပေးရပါတယ်။ ညလေးကတော့.....

#main-wrapper {
margin: 5px 40px 5px;
width: 465px;
float: left;
font:normal 100% 'Zawgyi-One', Comic Sans MS, Arial,Verdana, Sens-Serif, Zawgyi1;
word-wrap: break-word; /* fix for long text breaking sidebar float in IE */
overflow: hidden; /* fix for long non-text content breaking IE sidebar float */
}

ဒီလိုလေးထည့်လိုက်တာ အဆင်ပြေသွားရော။ တွေ့လား main-wrapper မှာ margin ထပ်ထည့်လိုက်တာ။ ကျန်တာများ ကိုယ့်ဖာသာ လိုသလို ကြည့်ပြီး ညှိလိုက်ကြပါတော့နော်။
*****
သြော် ပြောဖို့ မေ့နေလို့ ညလေးသုံးတဲ့ Template က Minima White ပါ။ ကျန်တဲ့ Template တွေ ရမရတော့ မပြောတတ်ဘူး။ ဒီ Template သုံးရင်တော့ ရကြမှာပါ။ နောက်မှပဲ ဘောင်လိုက်ရှာပြီး ဘယ်လိုကွပ်လဲ တင်တော့မယ်။ ခုတော့ အားလုံးပဲ တာ့တာ.....

ဘလော့ဂ်ကို ညလေးလိုပဲ ပျော်ရွှင်စွာ ကလိနိုင်ကြပါစေ........။
*****

0 comments:

Looking for something? Try :::