NyAlAy
အချိန်ပေး၍ လာရောက်ဖတ်ရှုသူများကို ကျေးဇူး အထူးတင်ရှိပါတယ်။ နှစ်သစ်မှာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ....

Jan 19, 2017

ဆန္ဒ(၃)

ကို… လို့
မှန်းဆပြီးတမ်းတ
လွမ်းရတဲ့ ဒီဘ၀မှာ
မနာလိုစရာလဲ မထား
ကို့ရင်ထဲက အချစ်
အဲ့ဒီအချစ် တစ်ခုကိုသာ
ပိုင်ဆိုင်ခွင့်ဘဝ
“ကျမ” ရခဲ့မယ်ဆိုရင်လေ
ကို ရယ်...
ပါတ်ဝန်းကျင်ကို ဘေးချိတ်
ကို့ရင်ခွင်မှာ မှေးမှိတ်လို့သာ
အိပ်စက်လိုက်ချင်တော့တယ်…
*****
အားလုံးပဲ ဒီကဗျာ တိုတိုလေးကိုပဲ ဖတ်ထားပေးကြပါဦးနော်၊ ညလေး ပို့စ်အဟောင်းတွေကို မေးလ်ကနေ ပြန်တင်နေလို့ပါ။ ဒီကြားထဲမှာ အဆင်ပြေသလို အသစ်တွေ တင်သွားဦးမှာပါ။
*****
ဒီကဗျာလေးက အရင် ၂၀၀၉ မတ်လ ၁ ရက်နေ့တုန်းက ရေးတင်ထားတာပါ Draft ဖြစ်သွားလို့ ပြန်တင်တာ Date ပြောင်းသွားတယ် သည်းခံကြပါ။ Blog ပြန်ရေးဖို့ အရှိန်ယူနေပါတယ်ရှင်။
*****

4 comments:

ကြယ်သောကြာ said...

ဆန္ဒလေးများ ပြည့်စေသတည်း

MoeThwayNge said...

ဟဲဟဲ ...လာဖတ် တယ် စောစောလေး။ ၅း၄၃မီနစ် မနက်ပိုင်း အိပ်တော့မယ် ။
ဆန္ဒကလည်း မိုက်တယ်....။
ခင်တဲ့
အားလုံးကိုပျော်စေချင်သူ

Co2zeиith said...

ကိုယ့် ကိုပြောတာလားဟင်.........၊၊
မေ က မေမေ ကိုလွမ်းနေတာဟုတ်၊၊
ကို့မေမေ လည်း ဒီလို ပါပဲ အသက်က စကားပြောတာပေါ့လေ၊၊
ဘာပဲဖြစ်ဖြစ် ၁၀၀ နဲ့ သာဖြေပါဏော်၊၊

ူlittlebrook said...

( အချစ်က အသိခက်တဲ့ ကဗျာလေးပဲ ) သီချင်းစာသားလေးပါ ညလေးဆန္ဒပြည့်ပါစေ..
ကျွန်တော်ကတော့ ညလေးလို မရီချင်ဘူး ဒီရောက်လာရင် တွန့်တွန့်သွားတယ် ဟားဟား

 
Looking for something? Try :::