NyAlAy
အချိန်ပေး၍ လာရောက်ဖတ်ရှုသူများကို ကျေးဇူး အထူးတင်ရှိပါတယ်။ နှစ်သစ်မှာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ....

Jan 19, 2017

ဆန္ဒ(၃)

ကို… လို့
မှန်းဆပြီးတမ်းတ
လွမ်းရတဲ့ ဒီဘ၀မှာ
မနာလိုစရာလဲ မထား
ကို့ရင်ထဲက အချစ်
အဲ့ဒီအချစ် တစ်ခုကိုသာ
ပိုင်ဆိုင်ခွင့်ဘဝ
“ကျမ” ရခဲ့မယ်ဆိုရင်လေ
ကို ရယ်...
ပါတ်ဝန်းကျင်ကို ဘေးချိတ်
ကို့ရင်ခွင်မှာ မှေးမှိတ်လို့သာ
အိပ်စက်လိုက်ချင်တော့တယ်…
*****
အားလုံးပဲ ဒီကဗျာ တိုတိုလေးကိုပဲ ဖတ်ထားပေးကြပါဦးနော်၊ ညလေး ပို့စ်အဟောင်းတွေကို မေးလ်ကနေ ပြန်တင်နေလို့ပါ။ ဒီကြားထဲမှာ အဆင်ပြေသလို အသစ်တွေ တင်သွားဦးမှာပါ။
*****
ဒီကဗျာလေးက အရင် ၂၀၀၉ မတ်လ ၁ ရက်နေ့တုန်းက ရေးတင်ထားတာပါ Draft ဖြစ်သွားလို့ ပြန်တင်တာ Date ပြောင်းသွားတယ် သည်းခံကြပါ။ Blog ပြန်ရေးဖို့ အရှိန်ယူနေပါတယ်ရှင်။
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Mar 9, 2010

အမှားပြင်ခြင်း

ဘလော့ဂ်ကို ပြစ်ထားတာ ကြာပါပြီ ဒီနေ့ စိတ်လိုလက်ရ ၀င်ကြည့်လိုက်တော့ ဘုန်းဘုန်းတစ်ပါးက ညလေးဘလော့ဂ်ရဲ့ ဆိုက်ဘားမှာ တင်ထားတဲ့ ကိလေသာ (၁၀)ပါး မှားနေတဲ့အကြောင်း မိန့်ထားတာတွေ့လို့ Blogspot ကို ၀င်လို့ရနေတုန်းလေး အမြန်ပြင်လိုက်ပါတယ်။ အမှားပြင်ဆင်ပေးသွားတဲ့ ဘုန်းဘုန်းကို ကျေးဇူး အထူးပဲ တင်ရှိပါတယ်ဘုရား။ နောက်လဲ အမြင်မတော်ရင် (ဒါမှမဟုတ်) မှားယွင်းနေတာများ ရှိနေရင် ပြန်လည်ပြင်ဆင်ပေးကြပါလို့ ပြောကြားလိုပါတယ်။ အားလုံးကို ကျေးဇူးအထူးပါ။
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Jan 18, 2010

နှုတ်ခွန်းဆက်ခြင်း

သူငယ်ချင်းများ အားလုံး မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေလို့ စစခြင်းမှာ နှုတ်ခွန်းဆက်ပါတယ်။ ညလေးဘလော့ဂ်ကို မမေ့မလျော့ လာရောက် အားပေးကြတဲ့ သူငယ်ချင်း မိတ်ဆွေများကို ညလေးကလဲ အမြဲပဲ သတိတရရှိနေပါတယ်။ အဆင်မပြေတဲ့ အချိန်တွေကြောင့် ဘလော့ဂ်ပေါ် မရောက်ဖြစ်တာ အားလုံးကို နားလည်ပေးပါလို့တော့ ပြောချင်တယ်။ နားလည်ပေးမယ် ဟုတ်???။

ဘာရေးရင်ကောင်းမလဲဟင်!!! အကြံပေးကြပါလား သူငယ်ချင်းတို့။ ညလေး ဘာရေးရမှန်းမသိတော့လို့ပါ။ အနည်းဆုံးတော့ ပို့စ်တစ်ပုဒ် နှစ်ပုဒ်လောက် တစ်လနေရင် တစ်ခါ တက်မယ် ထင်ပါ့.. ခိခိ။ ကဲ.. ကဲ ဒီကနေ့တော့ ဒီလောက်ပါပဲ တပည့်တို့.. ဆရာမ ပြန်တော့မယ်ကွယ်.. အားလုံးပဲ နှုတ်ဆက်ကြမယ် ဘိုင့် ဘိုင်....။
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Oct 30, 2009

မာန

မြေစမ်းခရမ်းပျိုးဖို့ မကြိုးစားနဲ့။
စာနာခြင်းမြေသြဇာတွေ လာမကြဲနဲ့။
လူချစ်လူခင်များအောင်လဲ မနေတတ်ဘူး။
နတ်ကွန်းမဟုတ်လို့ အမွှေးတိုင်လဲ မထွန်းမိဘူး။

ငါပုပ်ပွချင်ပွမယ်
ဘယ်သူ့မှ အပုပ်မချဘူး။
ငါစုတ်ပြတ်ချင်ပြတ်မယ်
ဘယ်သူ့မှ မယုတ်ပတ်ဘူး။
ငါချော်လဲချင်လဲမယ်
ဘယ်သူ့ကိုမှ အော်အော်ဆဲမနေဘူး။

နင်တို့ အထက်တန်းလွှာတွေ လာပေါင်းမှ
ငါ့ရဲ့မနက်ဖန်တွေ
တစ်စစီကျိုးပဲ့ကုန်မယ်.....

ထပ်ပြောလိုက်မယ်

သေချာနားထောင်သွား

ငါ့ကို
ဘယ်တော့မှ ကိုင်းလာမကူးနဲ့........

ဘယ်သူမှမသတ်ခင်
ငါအရင်သေနှင့်မယ်။
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Oct 25, 2009

စံပယ်

မြစိမ်းခြယ် ၀န်းရံခပါတဲ့
ချစ်စရာ့ ဖြူလွလွ ငွေစံပယ်
ပန်သင့်သူ ဘယ်သူရယ်လို့မှ
သတ်မှတ်ကာ မထားချင်ပါဘု
မောင့်ချစ်သူ နှစ်သက်ရင်ဖြင့်
မောင်ခူးကာပေးပါ့မယ်
ပန်ဆင်ပါ မေ့ဆံနွယ်ထက်မှာလ
ပိတုန်းရောင် ကေသာကျော့နဲ့
တင့်လှတယ်ထူး.........
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Oct 20, 2009

ဆန္ဒ(၄)

နှလုံးသားအချစ်
ရင်တွင်းနှစ်၍
တွယ်ငြိ ကြိုးမျှင်
သံယောဇဉ်ကို
ဘယ်သူမှ မသိ..
ကျမအချစ်ကို
သူ သိပါစေ
ဆုပန်ခြွေလျက်........။
*****
Entreat or beg a boon
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Oct 15, 2009

ပုပ်အဲ့အဲ့ငါ

ငါ့အတွက်များဆို
မနက်စာတွေတောင်
ပုပ်သိုးနေခဲ့ပေါ့။

ဒီနေ့
ငါ့အနားမှာ
ယင်တစ်ကောင်
တ၀ဲဝဲလည်ပြီး
တ၀ီဝီအော်နေတယ်...

သွား မလာနဲ့
ငါ့ အနားမလာနဲ့
ဘယ်သူမှ မလိုဘူး
ငါတစ်ယောက်တည်း နေတတ်တယ်
အကြင်နာတွေ လာမပေးနဲ့။
စာနာတယ်လဲ လာမပြောနဲ့။
သိုးနေတဲ့ မနက်စာတွေ
နင့်အတွက်ဖယ်ထားတယ်လို့
ယင်ကောင်နဲ့ရန်ဖြစ်ရင်း.......

မနက်ဖြန်ကို ဖမ်းဆုပ်မယ့်
ငါ့လက်တွေတောင်
ပုပ်စော်နံနေခဲ့တယ်။
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Oct 12, 2009

ခေါင်းစဉ်မရှိ

ကဗျာဆိုတာ
သံစဉ်နဲ့ အရောင်မပါတဲ့
ရင်ထဲကလာတဲ့ စာသားတွေပါတဲ့....

ဒီစာတွေကပဲ
ဖတ်ရသူရင်ကို
ကာလာစုံတွေ ခြယ်မှုန်ပေးတယ်
သုတ၊ ရသစုံအောင် ခံစားစေတယ်လေ....

ခံစားချက်ရှိမှ
ကဗျာဆိုတာ ဖြစ်လာပြီး
နူးညံ့စွာ ခံစားတတ်သူတိုင်း
ကဗျာရေးတတ်ကြတယ်တဲ့...

ဟုတ်ပါ့မလားးးးးးးးး

ဒါဆိုရင်....
နှလုံးသားက ဗလာ
ခံစားချက်က နတ္ထိ
အချစ်ဆိုတာ မသိတဲ့
ငါ့ရင်ထဲက ထွက်လာတဲ့
စာသားတွေကိုကျ
ဘာခေါင်းစဉ်တပ်ရမလဲ???????
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Oct 11, 2009

ကွမ်းပြတ်သွားတဲ့ ဖွားဖွား

"(ဟားး)))))))))))))"
"ဟဲ့ ညလေး ဘာလို့ ဒီလောက်တောင် သဘောကျနေရတာလဲ" (သူဇာ)
"ဟီး ရီချင်လို့ပါဟ တွေးလေ တွေးလေ ရီချင်လေပဲ ဟီးးးး"
"ဟာ မေးတာဖြေဦးလေ စွတ်ရီနေတယ် တော်ကြာ အူတွေ ထွက်ကျလာဦးမယ်" (ငယ်မ)
"ဟိ ပြောပါမယ်ဟ ပြောချင်လို့လဲ နင်တို့ကို စောင့်နေတာ ဟီးးးးး"
"ဟဲ့ နင်ရူးသွားပြီလား နရဲ ကြည့်ပါဦး ညလေး ရူးပြီလားမသိ တရီထဲရီနေတယ်" (ငယ်မ)
"ဟုတ်မယ်ဟ ကြည့်ပါလား စကားတောင် ပြန်မပြောနိုင်ဘူး ဗိုက်နှိပ်ပြီး ရီနေတာ လာ သူ့အမေ သွားပြောရအောင်ဟာ" (နရဲ)
"ဟာ မရူးပါဘူးဟ နင်တို့ကလဲ ငါပြောပြီးရင် နင်တို့လဲ ငါ့လိုပဲ ရီကြမှာ ဟိ"
"ပြောဟာ ရီချင်ပြီ"
"ငါ့အဖွားလေ သိတယ်မဟုတ်လား"
"အေးလေ သိသားပဲ ဘာလဲ မှောက်ရက်လဲလို့လား"
"ဟာ မှောက်ရက်လဲရင် ငါဒီလိုရီမလား ငိုနေမှာပေါ့ ခုဟာက"
"သြော် ကဲ ညလေး ငါ လုံးဝ စိတ်မရှည်တော့ဘူး နာရီဝက်လောက်ရှိပြီ မေးနေတာ လိုရင်းကို မရောက်တော့ဘူး" (သူဇာ)
"နင်တို့ကလဲနော် ငါက ဘယ်ကစပြောရမလဲ စဉ်းစားနေတာပါ"
"ဘယ်က စ ပြောပြောဟာ ပြောလိုက် မရစ်နဲ့တော့" (နရဲ)
"ဒီလိုဟ ဟိ ဟိ"
*****
ညလေး အဖွားက ကွမ်းကို တအားစားတာ။ ဘယ်လောက်တောင် စားလဲဆိုရင် နှုတ်ခမ်း ထောင့်စွန်းတွေတောင် ကွမ်းသွေးတွေ ပေနေတာ ပြန်ချွတ်မရတော့ဘူးလေ။ ထမင်းစားပြီးလဲစား၊ မစားခင်လဲစား၊ တစ်နေ့လုံးစားတာ ညအိပ်ရင်တောင်မှ ကွမ်းဗူးကို အိပ်ယာဘေး ထားအိပ်တာလေ တစ်ရေးနိုးရင်လဲ မျက်လုံးမဖွင့်ပဲ လက်နဲ့စမ်း ယူပြီး ပါးစပ်ထဲ ငုံထားတာ။ အဲ့လောက်တောင် ကြိုက်တယ်။ ဘယ်သူပြောပြော ဘယ်သူတားတား လုံးဝကိုမရဘူး။
"ဟဲ့ ငါ့မှာ ဒါလေးပဲ အပျင်းပြေစရာရှိတယ်၊ နင်တို့ကို ထိခိုက်နေလို့လား၊ ငါကြိုက်တာလေး လုပ်တာပဲ နင်တို့က လိုက်တားမြစ်နေကြတယ်"
ဆိုပြီး ပြောတော့လဲ ဘယ်သူမှ မတားကြတော့ဘူးလေ။ ပြောမရတော့လဲ ဒီတိုင်းကြည့်နေကြတာပေါ့။
ဟုတ်ပါတယ် အိမ်ရှိတဲ့ လူကုန် အလုပ်သွား၊ ကျောင်းတက်ကြတဲ့ခါ အဖွားက အိမ်မှာ တစ်ယောက်တည်း ကျန်ခဲ့ရတာဆိုတော့ ပုတီးစိပ်၊ ဘုရားခန်းဝင်ရင်ဝင် မ၀င်ရင်လဲ ထိုင်ပြီး ကွမ်းမြုံ့နေတော့တာ။

"အဖွား ကွမ်းအရမ်းကြိုက်လား"
"ကြိုက်တာပေါ့ ငါ့မြေးရဲ့ ဘာလို့လဲ"
"ဟင် အဖွားကလဲ ဘာအရသာရှိလို့လဲ၊ ပါးစပ်လဲ မလှတော့ဘူး ကွမ်းသွေးတွေ ပေနေတယ်၊ သွားတွေမှာရောပဲ၊ ပြီးတော့ ကွမ်းစားရင် သွားဖုံးတွေ၊ လျှာတွေမှာ အနာတွေ ပေါက်တတ်တယ်တဲ့"
"အပျင်းပြေတယ် မြေးမရဲ့၊ ဒါတွေ မြေးဘယ်သူပြောတုန်း"
"ဖွားကလဲ အပျင်းပဲပြေတာ ဘာကောင်းလို့လဲ၊ တီဗွီမှာ ကျန်းမာရေးအတွက် လွှင့်ရင် ဒေါက်တာတွေ ပြောနေတာ တွေ့ရတာပဲကို"
"ကဲ မြေးကို ရှင်းမပြတတ်တော့ဘူး သွား ကိုယ့်ဖာသာ သွားဆော့ချည်တော့"
"အင်း ဖွားတစ်ယောက် ကွမ်း မြန်မြန် ပြတ်ပါစေလို့ မြေးတော့ ဘုရားမှာပဲ ဆုတောင်းနေတော့မယ်၊ ဟွန့် ကွမ်းစားတာ မြေး မကြိုက်ဘူးဆိုမှ တစ်နေ့တစ်လေတောင် မစားပဲ မနေဘူး"
ညလေးလဲ ပြောမရတဲ့ ဖွားနားကနေ ခြေစောင့် ထွက်ခဲ့လိုက်တယ်လေ။

ဒီလိုနဲ့ တစ်နေ့ အဲ့ဒီနေ့ပေါ့ ဖွားကို ကွမ်းပြတ်စေခဲ့တဲ့နေ့လေ ညလေး မမေ့တော့ဘူး ဟိ ရီလဲ ရီရတယ် မဟုတ်လား တွေးလေ ရီချင်လေနဲ့ တစ်အိမ်လုံးလဲ အဖွားကို စလို့ မဆုံးကြတော့ဘူးလေ။ အဖြစ်က ဒီလို

ဖွားက ခါတိုင်းလိုပဲ ညနေ အိမ်သားတွေနဲ့ ထမင်းစားပြီး တီဗွီခဏထိုင်ကြည့်ရင်း စကားပြောကြ ဘုရားခန်းဝင် ၀တ်ပြုပြီး အိပ်ယာ ၀င်ခဲ့ကြတာပေါ့။ မနက်ကို ညလေးလဲ ခါတိုင်းလိုပဲ အဖွားခန်းသွား ပြတင်းတံခါးတွေ ဘာတွေဖွင့် အဖွားကို နှိုးလဲပြီးရော ထုံးစံအတိုင်း ညတုန်းက ယူငုံထားတဲ့ ကွမ်းကို ပါးစောင်ထဲက ထုတ်ပြီး ထွေးခံမှာ ထွေးတာပေါ့။ ဒီမှာပဲ ဟိ
"ဟင် အဖွား ဒီဟာ ဘာကြီးတုန်း ဖြူဖြူကြီး"
"ဘာလဲမြေးမရဲ့ ဖွားဘယ်သိမလဲ"
"အင် ဖွား ပါးစပ်ထဲက ထွက်လာတာပဲလေ၊ ခုပဲ ဖွားထွေးထုတ်လိုက်တာ"
"ဟုတ်လား ဟုတ်လား ပြစမ်းပါဦး၊ ဟဲ့ နေဦး ငါ့ကို မျက်မှန်ပေးဦး"
ဖွားက မျက်စိမှုန်နေပြီလေ ပါဝါမှ များကြီးပဲ မျက်မှန်မပါရင် အကုန်လုံး ၀ါးတားတားပဲ ကောင်းကောင်း မမြင်ရဘူး၊ မျက်စိခွဲပါ ဆိုတော့လဲ ခွဲချင်ဘူးတဲ့ အသက်ကြီးပြီလေ ဆိုပြီး ပြောမရပြန်ဘူး (အဲ့လိုမျိုး ခေါင်းမာတဲ့ ဖွား)။

"ဟုတ်ပ ဖြူဖြူတုံးကြီး ငါလဲ သတိမထားမိပါဘူးအေ"
"ဖွား ဒီဟာတွေကရော ဘာတွေလဲ"
ကျမလဲ ဟိုဒီလျှောက်ကြည့်ရင်း ဖွားရဲ့ ခုတင်ဘေး စားပွဲခုံပေါ်မှာ တင်ထားတဲ့ ကွမ်းအစ်ဘေးနားက ပန်းကန်ပြားထဲမှာ အမွှေးလိုလို သွေးစတွေနဲ့ တွေ့လိုက်တော့
"ဖွား ညတုန်းက ငရွှေကြီး ၀င်သေးလား"
"အေး ၀င်တယ် ထင်တယ် အသံတော့ကြားလိုက်တယ်၊ ဖွားလဲ သတိမထားမိလိုက်ပါဘူး"
"ဒါဆိုရင် သေချာပြီ၊ ဟားးးဟားးးး ဖွားကတော့ဖြစ်ရမယ်၊ ဖွား ထွေးထုတ်ထားတာ ကြွက်ခေါင်းကြီး၊ ငရွှေက ကြွက်ဖမ်းလာပြီး ဖွားအခန်းထဲက စားပွဲခုံပေါ် တင်စားပြီး ကျန်နေရစ်တဲ့ ကြွက်ခေါင်းကြီးကို ဖွားက ကွမ်းအမှတ်နဲ့ တစ်ညလုံး ငုံထားတာပေါ့ ဝေါ့၊ ပြောရင်းနဲ့ အန်ချင်လာပြီ ဝေါ့"
"ဟဲ့ ဟုတ်ရဲ့လား မိညလေးရယ် ခု နင်ပြောတာနဲ့တင် ငါ့မှာ အန်ချင်လာတယ်"
"ဟုတ်ပ ဖေ၊ မေ၊ ကိုကိုရေ လာကြပါဦး ဒီမှာ ဖွားဖွား ကြွက်ခေါင်းကြီးကို ကွမ်းအမှတ်နဲ့ တစ်ညလုံးငုံထားတာ ဖြူဖွေးနေပြီ"
"ဟဲ့ မြေးမ မအော်နဲ့လေ မပြောနဲ့လေ ဝေါ့"
ဖွားလဲ ပြောပြောဆိုဆို ရေချိုးခန်းထဲသွားပြီး အန်ပါတော့တယ်။ ညလေးလဲ တစ်အိမ်လုံးကို လှည့်ပတ်ပြောရင်း အဲ့ဒီနေ့ တစ်မနက် ဖွားအခန်းထဲ လူတွေ ပြည့်သွားပါတော့တယ်။ ဖွားဆို တစ်နေ့လုံး တစ်ဝေါ့ဝေါ့နဲ့ အန်လို့မဆုံးတော့ဘူး ဘာမှလဲ ကောင်းကောင်း မစားတော့ဘူးလေ။

အဲ့ဒီနေ့ကစလို့ ဖွားက ကွမ်းဆို အသံတောင် မကြားချင်တော့ဘူး ဖြစ်သွားတာ ဒီနေ့ထိ တကယ် လုံးဝကို မတို့တော့ဘူးလေ။ တစ်ပါတ်လောက်တော့ အစားအသောက် ပျက်လိုက်တာပေါ့။ ဟိ ဒါပေမယ့် အားလုံးက အဲ့ဒီအဖြစ်အပျက်ကိုပဲ ကျေးဇူးတင်နေတာ။ ဖွားကိုလဲ အဲ့ဒါနဲ့ ပတ်သတ်ပြီး စလို့နောက်လို့ ကောင်းနေကြတာ အားလုံးက ချစ်ကြတော့ တစ်ပါတ်လောက်လဲ ဆေးခန်းကို သွားလိုက်လာလိုက် လုပ်ပြီး ရောဂါ ဖြစ်မဖြစ်လဲ စစ်ဆေးရသေးတယ်လေ။ ဘာပဲဖြစ်ဖြစ် ပျော်စရာ ကျေးဇူးတင်စရာ အဖြစ်အပျက်လေးပါ။ အမှတ်တရပေါ့။
*****
"ဟားးး ဟားးးးး ဟားးးးးးးး ဖြစ်ရမယ် ညလေး ဖွားဖွားလို့မပြောရဘူး ဖြစ်လိုက်ရင် အရာရာနဲ့ အကြောင်းကြောင်းချည်းပဲ၊ နင်ပြောတာ နားထောင်ရင်း ငါတောင် အန်ချင်လာတယ်၊ ငါသာဆိုရင် ဝေါ့" (နရဲကောင်ရဲ့ မှတ်ချက်)
"ဟုတ်ပ ငါသာဆိုရင်လို့ တွေးလိုက်တိုင်း လှိုက်လှိုက်တက်လာတဲ့ ရွံရှာမှုကတော့ မပြောတတ်တော့ဘူး ဟ" (ဒါကတော့ ငယ်မလေ)
"အေးဟ နင်ရဲ့ အဖွားပဲကိုနော" (သူဇာပေါ့ လေသံကိုက)
*****
သူငယ်ချင်းတို့ရေ ဒီလို ဒီလို ဖြစ်ပျက်ခဲ့တယ်လို့ တကယ် မမှတ်ကြပါနဲ့နော်။ ဒါက ဖတ်ခဲ့ရတဲ့ ၀တ္ထုတစ်ပုဒ်ထဲက အကြောင်းအရာ တစ်ခုပါ။ ဒါပေမယ့် တကယ်ကိုပဲ "ငါသာဆိုရင်" ဆိုပြီး တွေးလိုက်တိုင်း အန်ချင်လာပါတယ်။ ဝေါ့........
*****
ကွမ်းစားတာကို တအားမုန်းပါတယ်။ ပြီးတော့ ကွမ်းတံတွေးတွေ ဟိုဒီလျှောက်ထွေးတာ ပိုကြည့်မရပါဘူး။ နေရာအနှံ့ ညစ်ပတ်နေရင် အဲ့ဒီလူကို ရှုံ့ချချင်ပါတယ်။ ပါတ်ဝန်းကျင် ညစ်ပတ်ယုံမက လူကိုပါ ကျန်းမာရေး ထိခိုက်စေနိုင်တဲ့ အစားအသောက်ကို ခုံမင်နှစ်သက်စွာ စားသုံးနေကြတဲ့ သူများကို ဒီပို့စ်ပေးဖတ်ချင်ပါတယ်။ ကိုယ့်အတွက် ဒီတစ်ခုက ဘာကောင်းကျိုးပေးနိုင်မလဲ ဘာဆိုးကျိုးတွေ သက်ရောက်စေလဲဆိုတာ သေချာ သုံးသပ်ပြီးမှ သုံးစွဲ စားသောက်ကြစေလိုပါတယ်။

သူငယ်ချင်းများ ကျန်းမာသန့်ရှင်း ရောဂါကင်းဝေးကြပါစေ နော်.....
*****
ဒါက ပို့စ်အဟောင်းလေးပါ ပြန်တင်ထားတာပါ။
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Sep 8, 2009

မျိုးချစ်ဇာနည်

နတ်သုဒ္ဓါတမျှ ချိုစိမ့်လှသည့်
ဗန္ဓသရက် နွယ်ခါးယှက်၍
အသက်ဆုံးရှုံး မျိုးတုံးခဲ့ရ
ရှေးသာဓက ရှိခဲ့ကြ၏။

တို့အမျိုးဘာသာ သာသနာသည်
ကမ္ဘာ့အလယ် ဂုဏ်ယူဖွယ်တိ
ချီးမွမ်းသည့်အသံ မိုးထိယံမျှ
သင်းပျံ့လှ၏။

တို့အမျိုးဘာသာ ဓွန့်ရှည်ကြာရေး
နောင်လာရင်သွေး သင်... ဘာလေးမွေးမလဲ?

ဒေါ်လာမယား အဖော်ပြုထားပြီး
တိုက်ကားကြီးပေါ် မြူးရွှင်ပျော်ကာ
အနှစ်မပါ အချစ်ညာတဲ့
နွယ်ခါးယဇ်ခွေ မျိုးဖျက်တွေကို
သမီး... ဘယ်လိုစဉ်းစားမလဲ?

တောလှဲသဲကြီး မြည်ဟီးပြီးလျင်
မြေကြီးကွဲအက် ငလျင်စနက်ကြောင့်
ရာထောင်မက ရှိခဲ့ကြလည်း
အမျိုးမပြုတ် အငုတ်အရင်း
မျိုးဆက်ဆင်းကာ အမျိုးဘာသာ
သာသနာကြီး ဆက်လက်ပြီးလျင်
ရှင်သန်ဝံ့ကြွား မျိုးဆက်များမှ
ထိန်းထားနိုင်၏။

သို့ပေသိလည်း
မြေမျိုသော် အမျိုးမပြုတ်
လူမျိုသော် အငုတ်မကျန်
အမျိုးပြုတ်ရန်အရေးမို့
ကလေးတို့ရေ....
ဝတ်ချင်တဲ့ဆန္ဒ
လှချင်တဲ့မာနနဲ့
အချောင်ရတယ်ဆိုပြီး
ဘ၀ကြီးတစ်ခုလုံး ပုံအပ်
မိုက်ဇာတ်တော့ မခင်းလိုက်ကြပါနဲ့..
ထမင်းငတ်ပြီး သေတဲ့မသာ
တို့မြန်မာပြည်မှာ မရှိပါဘူး။

အလှယစ်မူး ချစ်ရည်လူးပြီး
ရာဂကြူးတဲ့ ဘီလူးလက်အောက်
အမျိုးပျောက်ရန် ဘယ်သောခါမှ
မကြံကြနှင့်။

ငွေကြေးဥစ္စာ ဆင်းရဲပါလည်း
မမွဲစိတ်ဓါတ် အကျင့်မြတ်ကြောင်း
ကမ္ဘာအပေါင်းမှ ချီးကျူးကြအောင်
လူမျိုးချင်းယှက် အမျိုးဂုဏ်ဆောင်ရင်း
မျိုးဆင်းသက်မှ ဆက်လက်ခိုင်မာ
တို့သာသနာကြီး
ဘုန်း နေ လ မီး ထိန်ထိန်ငြီးစွာ
အဓွန့်ရှည်ကြာ တည်တံ့မှာမို့
သမီးတို့ရေ....
နောင်လာရင်သွေး
မျိုးဆက်သစ်လေးများ
မွေးဖွားပေးနိုင်ကြပါစေ....။

တင်ထွန်း (G.T.I နှစ်တစ်ရာပြည့်မဂ္ဂဇင်း)
*****
ဒီကဗျာကို “အမျိုးပျောက်မှာစိုးကြောက်စရာ” ဆိုတဲ့ စာအုပ်ထဲက ကူးယူပြီး ပြန်လည် ဝေမျှပါတယ်နော်.. အားလုံးပဲ သတိရှိနိုင်ကြပါစေ။ ဒီစာအုပ်ကို ဖတ်ပြီး ခံစားရတယ်၊ သူများတကာ ဗုဒ္ဓနိုင်ငံတွေ ၀ါးမျိုခံခဲ့ရသလို မြန်မာပြည်ကြီးသာဆိုတဲ့ အတွေး ၀င်လာခဲ့ပါတယ်။ ဗုဒ္ဓသာသနာကြီး အဓွန့်ရှည်စေဖို့ အမျိုးကောင်းသမီးတွေ သူများဘာသာထဲ ၀င်ရောက်မသွားဖို့က အရေးကြီးဆုံးပါ။ သူတို့တွေဟာ ဗုဒ္ဓဘာသာနိုင်ငံတွေကို တစစ ၀ါးမြိုလာတာ များနေပါပြီ။ မြန်မာပြည်မှာလဲ လူမျိုးရောတွေ တအားများလာတာ သူတို့တွေကြောင့်ပါ။ ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတွေနဲ့ မြန်မာတိုင်းရင်းသူတွေကို ငွေပေးရင်ရတဲ့ ပြည့်တန်ဆာမတွေ ဖြစ်နေကြပြီလို့ သူတို့တွေက ပြောထားကြပါတယ်။ ဒီစာအုပ်ထဲက စာသားတွေက တစ်ချို့အတော်လေး မဲပြီး စာလုံးတွေ မနည်းဖတ်ယူရပါတယ်။ ညလေးသာ အချိန်ရခဲ့ရင် အစ အဆုံး ပြန်ရိုက်ပြီး စာအုပ်လုပ် အခမဲ့ လိုက်ဝေမိမှာပါ။
ဒီစာကိုရေးသားတာဟာ ဗုဒ္ဓဘာသာဝင်တို့ ကိုယ့် ဘာသာ သာသနာ ကို ချစ်တတ်ကြဖို့ တိုက်တွန်းတာပါ၊ ဒီ့ပြင် အကြောင်းအရာတွေ မပါဝင်ပါဘူး။ ကျမကလဲ ဗုဒ္ဓဘာသာဝင် ဖြစ်တဲ့အတွက်ကြောင့် ဗုဒ္ဓဘာသာဝင်တိုင်း တခြားဘာသာထဲ ကူးပြောင်းသွားမှာကို အမှန်တကယ် စိုးရိမ်မိပါတယ်။ တစ်ယောက်စ နှစ်ယောက်စကနေပြီး ကျယ်ပြန့်သွားတဲ့ခါ ဗုဒ္ဓဘာသာဆိုတာ ကမ္ဘာ့မြေပေါ်ကနေ လုံးဝ ကွယ်ပျောက်သွားပါလိမ့်မယ်။
ဒီစာအုပ်ကို လိုချင်ရင် Comment မှာ e-mail ထားခဲ့ပါနော်... ညလေး ပို့ပေးပါ့မယ်။
သူငယ်ချင်းများ ဗုဒ္ဓဘာသာ နဲ့ သာသနာ့အကျိုးကို ဆထက်တိုးပြီး ထမ်းဆောင်နိုင်ကြပါစေ....။
*****

ဆက်လက်ဖတ်ရှုရန်...>>>>

 
Looking for something? Try :::