NyAlAy
အချိန်ပေး၍ လာရောက်ဖတ်ရှုသူများကို ကျေးဇူး အထူးတင်ရှိပါတယ်။ နှစ်သစ်မှာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ....

Oct 15, 2009

ပုပ်အဲ့အဲ့ငါ

ငါ့အတွက်များဆို
မနက်စာတွေတောင်
ပုပ်သိုးနေခဲ့ပေါ့။

ဒီနေ့
ငါ့အနားမှာ
ယင်တစ်ကောင်
တ၀ဲဝဲလည်ပြီး
တ၀ီဝီအော်နေတယ်...

သွား မလာနဲ့
ငါ့ အနားမလာနဲ့
ဘယ်သူမှ မလိုဘူး
ငါတစ်ယောက်တည်း နေတတ်တယ်
အကြင်နာတွေ လာမပေးနဲ့။
စာနာတယ်လဲ လာမပြောနဲ့။
သိုးနေတဲ့ မနက်စာတွေ
နင့်အတွက်ဖယ်ထားတယ်လို့
ယင်ကောင်နဲ့ရန်ဖြစ်ရင်း.......

မနက်ဖြန်ကို ဖမ်းဆုပ်မယ့်
ငါ့လက်တွေတောင်
ပုပ်စော်နံနေခဲ့တယ်။
*****

2 comments:

sonata-cantata said...

သဘာဝတရားကြီးကိုး... တတ်နိုင်သလောက် ပြုပြင်နေကြတာပေါ့ကွာ...
ညလေးရေ ခံစားချက်ခြင်းတူနေလို့ အားပေးတာနော်
အားပေးသူ ကိုယ်တိုင်က သိပ်မလတ်ဆတ်လို့ ဆော်ရီး

Unknown said...

မနက်ဖြန်ကို ဖမ်းဆုပ်မယ့် ငါ့လက်တွေ
ပုပ်စော်နံနေခဲ့တယ်....

ခံစားမှုကို ပုံဖော်ထားတာ ကြိုက်တယ်ဗျာ...

ထပ်တူခံစားသွားပါတယ်...

ခင်မင်စွာဖြင့်
ပြည့်စုံ

 
Looking for something? Try :::