NyAlAy
အချိန်ပေး၍ လာရောက်ဖတ်ရှုသူများကို ကျေးဇူး အထူးတင်ရှိပါတယ်။ နှစ်သစ်မှာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ....

Oct 12, 2009

ခေါင်းစဉ်မရှိ

ကဗျာဆိုတာ
သံစဉ်နဲ့ အရောင်မပါတဲ့
ရင်ထဲကလာတဲ့ စာသားတွေပါတဲ့....

ဒီစာတွေကပဲ
ဖတ်ရသူရင်ကို
ကာလာစုံတွေ ခြယ်မှုန်ပေးတယ်
သုတ၊ ရသစုံအောင် ခံစားစေတယ်လေ....

ခံစားချက်ရှိမှ
ကဗျာဆိုတာ ဖြစ်လာပြီး
နူးညံ့စွာ ခံစားတတ်သူတိုင်း
ကဗျာရေးတတ်ကြတယ်တဲ့...

ဟုတ်ပါ့မလားးးးးးးးး

ဒါဆိုရင်....
နှလုံးသားက ဗလာ
ခံစားချက်က နတ္ထိ
အချစ်ဆိုတာ မသိတဲ့
ငါ့ရင်ထဲက ထွက်လာတဲ့
စာသားတွေကိုကျ
ဘာခေါင်းစဉ်တပ်ရမလဲ???????
*****

2 comments:

sonata-cantata said...

ညလေး ရင်ထဲက ထွက်လာတဲ့ စာသားတွေ နှလုံးသားနဲ့ လာလာဖတ်ပါတယ်။
ခေါင်းစဉ်ကို ကျော်ဖတ်သွားရမလား...
မျက်စိလေး တဖက်မှိတ်ပြီး မမြင်ချင်ယောင်ဆောင်ပေးရမလား ပြေား)

တြိရတနာ said...

တိပ်ခွေ ၊ စီဒီပြားတွေပေါ်က ထွက်လာသလိုပေါ့ ဒါဆိုရင်ခေါင်းစဉ်က သံလိုက်မှုံ ထဲကအလွှမ်းပေါ့။

 
Looking for something? Try :::