NyAlAy
အချိန်ပေး၍ လာရောက်ဖတ်ရှုသူများကို ကျေးဇူး အထူးတင်ရှိပါတယ်။ နှစ်သစ်မှာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ....

Sep 8, 2009

မျိုးချစ်ဇာနည်

နတ်သုဒ္ဓါတမျှ ချိုစိမ့်လှသည့်
ဗန္ဓသရက် နွယ်ခါးယှက်၍
အသက်ဆုံးရှုံး မျိုးတုံးခဲ့ရ
ရှေးသာဓက ရှိခဲ့ကြ၏။

တို့အမျိုးဘာသာ သာသနာသည်
ကမ္ဘာ့အလယ် ဂုဏ်ယူဖွယ်တိ
ချီးမွမ်းသည့်အသံ မိုးထိယံမျှ
သင်းပျံ့လှ၏။

တို့အမျိုးဘာသာ ဓွန့်ရှည်ကြာရေး
နောင်လာရင်သွေး သင်... ဘာလေးမွေးမလဲ?

ဒေါ်လာမယား အဖော်ပြုထားပြီး
တိုက်ကားကြီးပေါ် မြူးရွှင်ပျော်ကာ
အနှစ်မပါ အချစ်ညာတဲ့
နွယ်ခါးယဇ်ခွေ မျိုးဖျက်တွေကို
သမီး... ဘယ်လိုစဉ်းစားမလဲ?

တောလှဲသဲကြီး မြည်ဟီးပြီးလျင်
မြေကြီးကွဲအက် ငလျင်စနက်ကြောင့်
ရာထောင်မက ရှိခဲ့ကြလည်း
အမျိုးမပြုတ် အငုတ်အရင်း
မျိုးဆက်ဆင်းကာ အမျိုးဘာသာ
သာသနာကြီး ဆက်လက်ပြီးလျင်
ရှင်သန်ဝံ့ကြွား မျိုးဆက်များမှ
ထိန်းထားနိုင်၏။

သို့ပေသိလည်း
မြေမျိုသော် အမျိုးမပြုတ်
လူမျိုသော် အငုတ်မကျန်
အမျိုးပြုတ်ရန်အရေးမို့
ကလေးတို့ရေ....
ဝတ်ချင်တဲ့ဆန္ဒ
လှချင်တဲ့မာနနဲ့
အချောင်ရတယ်ဆိုပြီး
ဘ၀ကြီးတစ်ခုလုံး ပုံအပ်
မိုက်ဇာတ်တော့ မခင်းလိုက်ကြပါနဲ့..
ထမင်းငတ်ပြီး သေတဲ့မသာ
တို့မြန်မာပြည်မှာ မရှိပါဘူး။

အလှယစ်မူး ချစ်ရည်လူးပြီး
ရာဂကြူးတဲ့ ဘီလူးလက်အောက်
အမျိုးပျောက်ရန် ဘယ်သောခါမှ
မကြံကြနှင့်။

ငွေကြေးဥစ္စာ ဆင်းရဲပါလည်း
မမွဲစိတ်ဓါတ် အကျင့်မြတ်ကြောင်း
ကမ္ဘာအပေါင်းမှ ချီးကျူးကြအောင်
လူမျိုးချင်းယှက် အမျိုးဂုဏ်ဆောင်ရင်း
မျိုးဆင်းသက်မှ ဆက်လက်ခိုင်မာ
တို့သာသနာကြီး
ဘုန်း နေ လ မီး ထိန်ထိန်ငြီးစွာ
အဓွန့်ရှည်ကြာ တည်တံ့မှာမို့
သမီးတို့ရေ....
နောင်လာရင်သွေး
မျိုးဆက်သစ်လေးများ
မွေးဖွားပေးနိုင်ကြပါစေ....။

တင်ထွန်း (G.T.I နှစ်တစ်ရာပြည့်မဂ္ဂဇင်း)
*****
ဒီကဗျာကို “အမျိုးပျောက်မှာစိုးကြောက်စရာ” ဆိုတဲ့ စာအုပ်ထဲက ကူးယူပြီး ပြန်လည် ဝေမျှပါတယ်နော်.. အားလုံးပဲ သတိရှိနိုင်ကြပါစေ။ ဒီစာအုပ်ကို ဖတ်ပြီး ခံစားရတယ်၊ သူများတကာ ဗုဒ္ဓနိုင်ငံတွေ ၀ါးမျိုခံခဲ့ရသလို မြန်မာပြည်ကြီးသာဆိုတဲ့ အတွေး ၀င်လာခဲ့ပါတယ်။ ဗုဒ္ဓသာသနာကြီး အဓွန့်ရှည်စေဖို့ အမျိုးကောင်းသမီးတွေ သူများဘာသာထဲ ၀င်ရောက်မသွားဖို့က အရေးကြီးဆုံးပါ။ သူတို့တွေဟာ ဗုဒ္ဓဘာသာနိုင်ငံတွေကို တစစ ၀ါးမြိုလာတာ များနေပါပြီ။ မြန်မာပြည်မှာလဲ လူမျိုးရောတွေ တအားများလာတာ သူတို့တွေကြောင့်ပါ။ ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတွေနဲ့ မြန်မာတိုင်းရင်းသူတွေကို ငွေပေးရင်ရတဲ့ ပြည့်တန်ဆာမတွေ ဖြစ်နေကြပြီလို့ သူတို့တွေက ပြောထားကြပါတယ်။ ဒီစာအုပ်ထဲက စာသားတွေက တစ်ချို့အတော်လေး မဲပြီး စာလုံးတွေ မနည်းဖတ်ယူရပါတယ်။ ညလေးသာ အချိန်ရခဲ့ရင် အစ အဆုံး ပြန်ရိုက်ပြီး စာအုပ်လုပ် အခမဲ့ လိုက်ဝေမိမှာပါ။
ဒီစာကိုရေးသားတာဟာ ဗုဒ္ဓဘာသာဝင်တို့ ကိုယ့် ဘာသာ သာသနာ ကို ချစ်တတ်ကြဖို့ တိုက်တွန်းတာပါ၊ ဒီ့ပြင် အကြောင်းအရာတွေ မပါဝင်ပါဘူး။ ကျမကလဲ ဗုဒ္ဓဘာသာဝင် ဖြစ်တဲ့အတွက်ကြောင့် ဗုဒ္ဓဘာသာဝင်တိုင်း တခြားဘာသာထဲ ကူးပြောင်းသွားမှာကို အမှန်တကယ် စိုးရိမ်မိပါတယ်။ တစ်ယောက်စ နှစ်ယောက်စကနေပြီး ကျယ်ပြန့်သွားတဲ့ခါ ဗုဒ္ဓဘာသာဆိုတာ ကမ္ဘာ့မြေပေါ်ကနေ လုံးဝ ကွယ်ပျောက်သွားပါလိမ့်မယ်။
ဒီစာအုပ်ကို လိုချင်ရင် Comment မှာ e-mail ထားခဲ့ပါနော်... ညလေး ပို့ပေးပါ့မယ်။
သူငယ်ချင်းများ ဗုဒ္ဓဘာသာ နဲ့ သာသနာ့အကျိုးကို ဆထက်တိုးပြီး ထမ်းဆောင်နိုင်ကြပါစေ....။
*****

3 comments:

Unknown said...

အမ ညလေးရေ...

ဒီစာအုပ်လေး ဖတ်ဖူးတာတော့ ကြာပါပြီ ဟိုးမြန်မာပြည်မှာနေတုန်းကပေါ့....

အဲဒီတုန်းကတော့ သိပ်ပြီးတော့ မသိသေးဘူးလေ..
အခုလေ စဉ်းမိတိုင်း ရင်နာမိတယ်ဗျာ....

တနေ့တခြား အမျိုးတွေပျောက်နေလိုက်တာဗျာ...
တချို့တွေဆို ဗုဒ္ဓဘာသာ ဆိုတာဘာလည်းဆိုတာတောင်မသိတဲ့သူများနေပြီ...

အဲဒီစာအုပ်လေး လိုချင်တယ်ဗျာ...
တချက်လောက်ပို့ပေးပါကျေးဇူးပြုပြီးတော့ အီးမေးလ်က wawlay@gmail.com

ခင်တဲ့
ပြည့်စုံ (ဝေါသားလေး)

linmgmg said...

လာဖတ်သွားပါတယ် အစ်မ။ နောက်လဲ အမြဲလာဖတ်မှာပါ။

ခင်မင်စွာဖြင့်
လင်းလင်း (Asian Traveler)

lknt said...

ဒကာမကြီးညလေး ရေ
ကျေးဇူးပြု၍ ပို့ပေးစေလိုပါတယ်။

စိတ်ချမ်းသာပါစေ
ဦးလောကနာထ
lawkanartha@gmail.com

 
Looking for something? Try :::