NyAlAy
အချိန်ပေး၍ လာရောက်ဖတ်ရှုသူများကို ကျေးဇူး အထူးတင်ရှိပါတယ်။ နှစ်သစ်မှာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ....

Sep 8, 2009

မျိုးချစ်ဇာနည်

နတ်သုဒ္ဓါတမျှ ချိုစိမ့်လှသည့်
ဗန္ဓသရက် နွယ်ခါးယှက်၍
အသက်ဆုံးရှုံး မျိုးတုံးခဲ့ရ
ရှေးသာဓက ရှိခဲ့ကြ၏။

တို့အမျိုးဘာသာ သာသနာသည်
ကမ္ဘာ့အလယ် ဂုဏ်ယူဖွယ်တိ
ချီးမွမ်းသည့်အသံ မိုးထိယံမျှ
သင်းပျံ့လှ၏။

တို့အမျိုးဘာသာ ဓွန့်ရှည်ကြာရေး
နောင်လာရင်သွေး သင်... ဘာလေးမွေးမလဲ?

ဒေါ်လာမယား အဖော်ပြုထားပြီး
တိုက်ကားကြီးပေါ် မြူးရွှင်ပျော်ကာ
အနှစ်မပါ အချစ်ညာတဲ့
နွယ်ခါးယဇ်ခွေ မျိုးဖျက်တွေကို
သမီး... ဘယ်လိုစဉ်းစားမလဲ?

တောလှဲသဲကြီး မြည်ဟီးပြီးလျင်
မြေကြီးကွဲအက် ငလျင်စနက်ကြောင့်
ရာထောင်မက ရှိခဲ့ကြလည်း
အမျိုးမပြုတ် အငုတ်အရင်း
မျိုးဆက်ဆင်းကာ အမျိုးဘာသာ
သာသနာကြီး ဆက်လက်ပြီးလျင်
ရှင်သန်ဝံ့ကြွား မျိုးဆက်များမှ
ထိန်းထားနိုင်၏။

သို့ပေသိလည်း
မြေမျိုသော် အမျိုးမပြုတ်
လူမျိုသော် အငုတ်မကျန်
အမျိုးပြုတ်ရန်အရေးမို့
ကလေးတို့ရေ....
ဝတ်ချင်တဲ့ဆန္ဒ
လှချင်တဲ့မာနနဲ့
အချောင်ရတယ်ဆိုပြီး
ဘ၀ကြီးတစ်ခုလုံး ပုံအပ်
မိုက်ဇာတ်တော့ မခင်းလိုက်ကြပါနဲ့..
ထမင်းငတ်ပြီး သေတဲ့မသာ
တို့မြန်မာပြည်မှာ မရှိပါဘူး။

အလှယစ်မူး ချစ်ရည်လူးပြီး
ရာဂကြူးတဲ့ ဘီလူးလက်အောက်
အမျိုးပျောက်ရန် ဘယ်သောခါမှ
မကြံကြနှင့်။

ငွေကြေးဥစ္စာ ဆင်းရဲပါလည်း
မမွဲစိတ်ဓါတ် အကျင့်မြတ်ကြောင်း
ကမ္ဘာအပေါင်းမှ ချီးကျူးကြအောင်
လူမျိုးချင်းယှက် အမျိုးဂုဏ်ဆောင်ရင်း
မျိုးဆင်းသက်မှ ဆက်လက်ခိုင်မာ
တို့သာသနာကြီး
ဘုန်း နေ လ မီး ထိန်ထိန်ငြီးစွာ
အဓွန့်ရှည်ကြာ တည်တံ့မှာမို့
သမီးတို့ရေ....
နောင်လာရင်သွေး
မျိုးဆက်သစ်လေးများ
မွေးဖွားပေးနိုင်ကြပါစေ....။

တင်ထွန်း (G.T.I နှစ်တစ်ရာပြည့်မဂ္ဂဇင်း)
*****
ဒီကဗျာကို “အမျိုးပျောက်မှာစိုးကြောက်စရာ” ဆိုတဲ့ စာအုပ်ထဲက ကူးယူပြီး ပြန်လည် ဝေမျှပါတယ်နော်.. အားလုံးပဲ သတိရှိနိုင်ကြပါစေ။ ဒီစာအုပ်ကို ဖတ်ပြီး ခံစားရတယ်၊ သူများတကာ ဗုဒ္ဓနိုင်ငံတွေ ၀ါးမျိုခံခဲ့ရသလို မြန်မာပြည်ကြီးသာဆိုတဲ့ အတွေး ၀င်လာခဲ့ပါတယ်။ ဗုဒ္ဓသာသနာကြီး အဓွန့်ရှည်စေဖို့ အမျိုးကောင်းသမီးတွေ သူများဘာသာထဲ ၀င်ရောက်မသွားဖို့က အရေးကြီးဆုံးပါ။ သူတို့တွေဟာ ဗုဒ္ဓဘာသာနိုင်ငံတွေကို တစစ ၀ါးမြိုလာတာ များနေပါပြီ။ မြန်မာပြည်မှာလဲ လူမျိုးရောတွေ တအားများလာတာ သူတို့တွေကြောင့်ပါ။ ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတွေနဲ့ မြန်မာတိုင်းရင်းသူတွေကို ငွေပေးရင်ရတဲ့ ပြည့်တန်ဆာမတွေ ဖြစ်နေကြပြီလို့ သူတို့တွေက ပြောထားကြပါတယ်။ ဒီစာအုပ်ထဲက စာသားတွေက တစ်ချို့အတော်လေး မဲပြီး စာလုံးတွေ မနည်းဖတ်ယူရပါတယ်။ ညလေးသာ အချိန်ရခဲ့ရင် အစ အဆုံး ပြန်ရိုက်ပြီး စာအုပ်လုပ် အခမဲ့ လိုက်ဝေမိမှာပါ။
ဒီစာကိုရေးသားတာဟာ ဗုဒ္ဓဘာသာဝင်တို့ ကိုယ့် ဘာသာ သာသနာ ကို ချစ်တတ်ကြဖို့ တိုက်တွန်းတာပါ၊ ဒီ့ပြင် အကြောင်းအရာတွေ မပါဝင်ပါဘူး။ ကျမကလဲ ဗုဒ္ဓဘာသာဝင် ဖြစ်တဲ့အတွက်ကြောင့် ဗုဒ္ဓဘာသာဝင်တိုင်း တခြားဘာသာထဲ ကူးပြောင်းသွားမှာကို အမှန်တကယ် စိုးရိမ်မိပါတယ်။ တစ်ယောက်စ နှစ်ယောက်စကနေပြီး ကျယ်ပြန့်သွားတဲ့ခါ ဗုဒ္ဓဘာသာဆိုတာ ကမ္ဘာ့မြေပေါ်ကနေ လုံးဝ ကွယ်ပျောက်သွားပါလိမ့်မယ်။
ဒီစာအုပ်ကို လိုချင်ရင် Comment မှာ e-mail ထားခဲ့ပါနော်... ညလေး ပို့ပေးပါ့မယ်။
သူငယ်ချင်းများ ဗုဒ္ဓဘာသာ နဲ့ သာသနာ့အကျိုးကို ဆထက်တိုးပြီး ထမ်းဆောင်နိုင်ကြပါစေ....။
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Aug 31, 2009

WOT in firefox (Add-ons)

ညလေးက WOT ဆိုတဲ့ Firefox ရဲ့ Add-on လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ဒီ WOT ကို တစ်ချို့တွေ သိကြမှာဖြစ်သလို တစ်ချို့လဲ သုံးနေကြမှာပါ၊ တစ်ချို့တွေကတော့ သိလိမ့်မယ် မထင်ဘူး။ WOT ကို Browser မှာ တင်ပြီး အသုံးပြုထားရင် ကိုယ်ဝင်မယ့် ဆိုဒ်တွေကို စိတ်ချရလား စိတ်မချရဘူးလား ဆိုတာ သူက အစဉ်အမြဲ စောင့်ကြည့်ပြီး ပြောပြပေးပါတယ်။ Warning ပေးရင်တော့ လုံးဝကို မ၀င်ပါနဲ့ပေါ့နော်။ တစ်ချို့ဆိုဒ်တွေက ၀င်တာနဲ့ Virus ဒါမှမဟုတ် Trogen တွေ ကိုယ့်ရဲ့ ကွန်ပျူတာထဲကို ရောနှော ပါလာတတ်ပါတယ်။ ဒါ့ကြောင့် ညလေးက သူ့ကို Browser မှာ တင်ထားလိုက်ပါတယ်နော်.. Firefox ရဲ့ Add-ons ကို ထုံးလိုချေ ရေလိုနှောက်ထားတဲ့ သူတွေကတော့ သိကြမှာပါ။ သုံးလို့ရတဲ့ ကိုယ်နဲ့အသုံးတည့်တဲ့ Add-ons လေးတွေ အများကြီး ရှိနေပါတယ်။
ဘယ်လိုရှာရမလဲ... ဆိုရင်..............))))
အရင်ဆုံး ကိုယ့်ရဲ့ Browser Menu Bar က Tools ကိုရှာပြီး အထဲမှာရှိတဲ့ Add-ons ဆိုတာကို ရွေးပေးပါနော်...
ဒီလို Window Box လေးတစ်ခု ကျလာပါလိမ့်မယ်၊ အဲ့ဒီထဲက Get Add-ons ဆိုတဲ့ပုံလေးကို အရင်ရွေးပေးပါ၊ ပြီးရင် ညာဖက် အပေါ်ထောင့်နားမှာရှိတဲ့ Browse All Add-ons ဆိုတာကို Click နှိပ်လိုက်ပါနော်.. ဒါဆိုရင် Browser မှာ သူ့အလိုလို ရှာပေးပါလိမ့်မယ်။
ပြီးရင်တော့ ကိုယ့်ရဲ့ Browser မှာ ဒီလိုလာပေါ်မှာပါ၊ အဲ့ဒီမှာပဲ Find မှာ WOT လို့ ရိုက်ထည့်ပြီး ရှာပေးပါနော်.....
ဒါဆိုရင်တော့ သူရှာပြီးသွားပါပြီ။ အဲ့ဒီမှာမှ Add to firefox ဆိုတဲ့ အစိမ်းရောင် Button လေးကို Click ပြီး Install လုပ်လိုက်ရင် နောက်တစ်ခါ Browser အသစ်ပြန်သုံးတာနဲ့ အလုပ်လုပ်ပါလိမ့်မယ်။ သူက ကိုယ့်ကို ဘယ်လို ကူညီလဲ ဆိုရင်တော့.....
WOT ကို Install လုပ်ပြီးသွားရင်တော့ ကိုယ်ရှာချင်တဲ့ ကိုယ်ရှာဖွေတတ်တဲ့ ဆိုဒ်တိုင်းကို သူက ယုံကြည်စိတ်ချမှု ရှိ/မရှိ အစိမ်း၊ အ၀ါ၊ အနီ အရောင်လေးတွေနဲ့အတူ ချစ်စရာအ၀ိုင်းလေး အဖြစ်နဲ့ လာပြောပြပေးပါတယ်။ အထက်က ပုံအတိုင်းပေါ့... ဒါပဲလားဆိုတော့ ကျန်သေးတယ်... wink
ကိုယ့်ရဲ့ အီးမေးလ်ထဲမှာ ပါလာတတ်တဲ့ Link တွေ (ဒါမှမဟုတ်) ကိုယ့်ဘလော့ဂ်ရဲ့ စီဘောက်စ် (သို့) Comment တွေမှာ ထားပေးသွားတတ်တဲ့ Link တွေကို Click လိုက်တိုင်းမှာ ၀င်လို့ရရင် Direct ၀င်ပေးသွားပြီး စိတ်မချရရင်တော့ အထက်က ပုံအတိုင်း WARNING Page လာပေးတတ်ပါတယ်... မဟုတ်ကဟုတ်က ဆိုဒ်တွေကတော့ ၀င်မရဆုံး ဖြစ်ကြမှာပါ။
ဒါ့ကြောင့်မို့ ဒီ WOT က ကိုယ့်ရဲ့ ကွန်ပျူတာထဲ တော်တန်ယုံ Virus မ၀င်နိုင်အောင် သတိပေးပါလိမ့်မယ်နော်... အပြောနောက်ကျလိုက်တာလို့တော့ အပြစ်မတင်ကြနဲ့ဦးနော်.... biggrin
VIRUS မကိုက်အောင် WOT ကိုဆောင်.... ပေါ့နော...
*****
ဒီပို့စ်ကို ရေးဖို့ စိတ်ကူးရသွားတာကတော့ ဒီနေ့ ညလေးရဲ့စီဘောက်စ်ထဲမှာ လာပေးသွားတဲ့ အိပ်မက်ခြေရာ ဘလော့ဂ်ကို ၀င်ကြည့်လိုက်တော့ Warning ကြီးနဲ့ တိုးနေလို့ တစ်ချို့တွေ ယူသုံးတတ်ကြတဲ့ လိပ်စာတွေက စိတ်မချရဘူး ဆိုတာကို အသိပေးရင်းနဲ့... အားလုံး VIRUS ရန်က အနည်းငယ် ကင်းလွတ်ခွင့် ရကြပါစေလို့... (((ခိခိ)))
အားလုံးပဲ ပျော်ရွှင်ကြပါစေဗျာ။
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Aug 20, 2009

Post တွေကို Mail ကနေ လက်ခံကြမယ်

မိမိတို့ရဲ့ဘလော့ဂ်မှာ နေ့စဉ်တင်နေကြတဲ့ ပို့စ်တွေကို တစ်ပါးသူတွေက စိတ်ဝင်စားပြီး ကိုယ့်ဘလော့ဂ်ကို လာစရာမလိုပဲ Mail ကနေတဆင့် လက်ခံလို့ရအောင် Mail Box လေးတစ်ခု ကိုယ့်ဘလော့ဂ်ပေါ်မှာ တင်ချင်ကြတဲ့ ကိုကို၊ မမ၊ ညီမလေး နဲ့ မောင်လေးများအတွက် ကူညီပါရစေနော...
ဘာတွေလုပ်ရမလဲ ဆိုတာတွေတော့ တစ်ဆင့်ချင်း ပြောပြပါမယ်.. သို့သော် နားလည် မလည်တော့ ညလေး ပြောတတ်ဘူး၊ လိုက်လုပ်ကြည့်ကြပေါ့နော.. စိတ်ရှည်ရှည်ထားပြီးလဲ ဖတ်ကြနော်.. ပို့စ်ကတော့ နည်းနည်းရှည်တယ်... ခိခိ
*****
ပထမဆုံး ဒီလင့်ခ် ထဲကို ၀င်လိုက်ပါနော်.. ပြီးရင် တဆင့်ချင်း တတ်သလို ၀င်သွားလိုက် ပြီးရင် “Publicize” ကိုရအောင်ရှာ “Email Subscriptions” ကို “Activate” လုပ်လိုက်ပါ၊ ပြီးရင် အဲ့ထဲမှာပဲ “Subscription Management” ထဲဝင် အဲ့ဒီမှာ Email Box Coding လေးရှိတယ် အဲ့ဒါကို ကူးပြီး ကိုယ့်ရဲ့ Blog Sidebar မှာ ထည့်လိုက် ဒါပဲပေါ့... (ဟဲဟဲ အဲ့လိုမျိုး အတိုချုံးပြီး ရှင်းရင် ၀ိုင်းပြီး မေတ္တာပို့ကြမယ် မဟုတ်လား...) ဒီလိုဆိုရင်ဖြင့် မကျေနပ်သေးရင်လဲ ဆက်ရှင်းရတာပေါ့လေ.. ဟတ်ဟတ်။
လင့်ခ်ထဲဝင်ပြီးရင် ဒီပုံပေါ်လာလိမ့်မယ် (ထင်ပါတယ်)။ ဂျီမေးလ်ကို Sign In ၀င်ပြီးသားဆိုရင်တော့ အောက်ကပုံတိုင်း မြင်ရမှာပါ၊ မ၀င်ရသေးရင် Account ၀င်လိုက်ပါနော်....
Sign In ၀င်ပြီးရင် မြင်ရမယ့်ပုံပါ၊ ခုမှ စမယ့်သူတွေကတော့ ညလေးလိုမျိုး Feed က (၂)ခုရှိနေမှာ မဟုတ်ပါဘူး။ အဲ့ဒီမှာ ကိုယ့်ရဲ့ ဘလော့ဂ်လိပ်စာကို ထည့်ပေးပါ၊ ပြီးရင် “Check Box” လေးကို အမှန်ခြစ်၊ ပြီးရင်တော့ “Next” ပေါ့နော်...
“Next” ပြီးရင် ဒီအပေါ်ကပုံကို မြင်ရမှာပါ၊ သူကတော့ ကိုယ့်ရဲ့ Feed ကို “RSS” နဲ့လိုချင်တာလား၊ “Atom” နဲ့လိုချင်လားလို့ ရွေးခိုင်းတာပါနော်.. ဒီလင့်ခ်က ကိုယ့်ဘလော့ဂ်ရဲ့ “Template” ထဲမှာ သွားထည့်ပေးရမယ့် Link ပါ.. မှတ်ထားပါနော်.. ပြီးရင်လဲ ထပ် “Next” လိုက်ပါဦး။
ဒီအဆင့်ကတော့ ကိုယ့်ရဲ့ဘလော့ဂ်ကို Feed ကနေတစ်ဆင့် ဖတ်တဲ့သူတွေကို မြင်စေရမယ့် Title နဲ့ Direct Feed Link ပါနော်.. ကြိုက်သလိုပေးနိုင်ပါတယ်။ ပြီးရင် ဒီ Feed Address ကိုလဲ ဘလော့ဂ်ရဲ့ Setting ထဲက Site Feed ထဲမှာ “Post Feed Redirect URL” နေရာမှာ သွားဖြည့်ပေးရမှာပါ။ ပြီးရင်တော့ “Next” ပါနော်။
ဟုတ်ကဲ့ ပြီးရင်တော့ သူက Congrats! ပါ၊ ဘာညာနဲ့ လာရွှီးပါလိမ့်မယ်နော်... ဒါတွေကို သိချင်လို့ ဖတ်ချင်လဲဖတ် မဖတ်လဲ ကျော်သွားပေါ့.. စိတ်ကြိုက်ပါနော်.. ဖတ်တော့ ဘာတွေလုပ်လို့ရနိုင်မလဲ သိရတာပေါ့.. ပြီးရင်တော့ “Next” ပါဦး...။
ဒီအဆင့်ကတော့ ထည့်ပေးချင်လဲပေး မပေးချင်လဲ နေပါနော်... ဒါက သီချင်းလင့်ခ်အတွက်ပါ၊ ညလေးကတော့ မြန်မြန်ပြီး ပြီးရောဆိုပြီး ကျော်ပြစ်တာများပါတယ်။ ပြီးရင်တော့ ထုံးစံအတိုင်း “Next” လိုက်ပါ။
ဒါကတော့ ကိုယ့်ဆိုဒ်ရဲ့ Traffic အတွက်ပါ.. Check Box လေးတွေကို Click ခဲ့ပါနော်.. အားလုံးက English လိုဖတ်တတ်ကြမယ် ထင်ပါတယ်။ ပြောတော့ဘူးနော၊ ညလေးပြောရင် ရှုပ်ကုန်မှာ (အဲ့လို ယုံကြည်တာ)။ ပြီးရင်တော့ ဇာတ်လိုက်ကျော် “Next” ပဲပေါ့။
ဒီအဆင့် ရောက်သွားရင်တော့ အောင်မြင်သွားပြီပေါ့နော်.. ဒီမှာ ဘယ်ဆိုဒ်တွေမှာ သုံးလို့ရသလဲ နဲ့ သူ့ဆီမှာပါတဲ့ အပိုင်းတွေက ဘာအတွက် အသုံးပြုနိုင်လဲဆိုတာတွေ ပြောပြထားပါတယ်။ ပြီးရင် “Analyze” ကိုဝင်ပါနော်..၊ ဒီတစ်ခါတော့ “Next” စရာမလိုတော့ဘူး ကုန်သွားပြီ။ သူလဲ မနိုင်တော့ဘူး ထင်ပါတယ်.. ခိခိ
ဒါဆို ကိုယ့်ရဲ့ဘလော့ဂ်ကို လူတွေက RSS နဲ့ ဖတ်ချင်လဲ ဖတ်လို့ရသွားပါပြီပေါ့နော်.. စစချင်းတော့ ကိုယ့်ဘလော့ဂ်က အသစ်စက်စက်လေး ဖြစ်နေသေးတယ်လို့ လာပြောပါတယ်။ ဒီထဲမှာတော့ ဘယ်နှစ်ယောက်က ၀င်ပြီးပြီလဲ Traffic တွေ ပြပါတယ်နော်။ ပြီးရင် “Optimize” ကို သွားလိုက်ပါဦး။
ညလေး အနီနဲ့ ၀ိုင်းပြထားတဲ့ Your Feed ဆိုတာ ကိုယ့်ဘလော့ဂ်ပါနော်..၊ အောက်မှာ XML Source နဲ့ လိုချင်လဲ ရပါတယ်။ ပြီးရင် အောက်မှာ ပါလာတဲ့ “BrowserFriendly, SmartCast, SmartFeed & etc.,” တွေကိုလဲ ၀င်ပြီး ကြိုက်သလိုလုပ်လို့ ရပါတယ်နော်။
ဒီမှာ ၀ိုင်းပြထားတဲ့ “FeedFlare” ကတော့ ကိုယ့်ဘလော့ဂ်က စာတွေအောက်မှာ ပါသလိုမျိုး “Email this, Comment” ဆိုတာတွေပါနော်၊ ကြိုက်နှစ်သက်ရာကို Check Box လေး Click လုပ်ပြီး ထည့်သွင်းနိုင်ပါတယ်။ ပြီးသွားရင်တော့ “Save” ကိုနှိပ်ပေးပါ။ ပြီးရင် “Publicize” ကိုရွေးလိုက်ပါ။
ဒီထဲမှာမှ လိုချင်တဲ့ Email Link လေး ရမှာပါ။ အဲ့ဒီမှာ အနီနဲ့ ၀ိုင်းပြထားတဲ့ Email Subscription ဆိုတာ ရှိပါတယ်။ အဲ့ဒါလေး ရွေးပေးပါ၊ ပြီးရင် “Activate” လုပ်ပေးပါနော်။ ပြီးရင် သူ့အောက်က “Subscription Management” ကို သွားပါနော်။
Activate လုပ်ပြီးရင် အပေါ်ဆုံးမှာ နောက်ပို့စ်အသစ်တင်ရင် အလုပ်စလုပ်ပါလိမ့်မယ် ဆိုတာ ပြောထားပါတယ်။ Email Subscription ဘေးမှာ အမှန်ခြစ်လေး တက်လာပါတယ်။ ဒီထဲမှာ ကူးရေးရမယ့် Coding ပါပါတယ်၊ အောက်မှာတော့ ဘယ်ကနေ ပေးပို့ပါတယ်ဆိုပြီး ပြောမှာပါ၊ အဲ့ဒါကိုလဲ ပြင်လို့ရပါတယ်နော်။ ပြင်ပြီးရင်တော့ သိမ်းပေးပါနော်.. ပြီးမှ Coding ကို ပြန်ကူးထားပါ၊ မဟုတ်ရင်တော့ ပြင်မထားတဲ့ Coding ပဲ ပါလာပါလိမ့်မယ်။ အားလုံးပြီးသွားရင် အဲ့ဒီ Coding ကို Blog ရဲ့ Side Bar မှာ ကူးထည့်ပေးပါနော်။ အောက်က “Communication Preferences” ကို သွားလိုက်ပါဦး။
ဒီထဲက From Address မှာ ကိုယ့်ရဲ့ e-mail ကို ထည့်သွင်းပေးလိုက်ပါ၊ Email Subject ကိုလဲ ပြင်လို့ရပါတယ်၊ Email body မှာပေးထားတဲ့ လင့်ခ်ကိုလဲ ပြန်ချိတ်ပေးလိုက်ပါ၊ ပြီးရင်တော့ သိမ်းလိုက်ဦးပေါ့။
ဒီ Delivery Option ကတော့ ဘယ်အချိန်မှာ ရောက်ပါစေဆိုပြီး ပြောထားလို့ရပါတယ်၊ ကိုယ်ပေးထားတဲ့အချိန် မရောက်မချင်း ပို့စ်အသစ် တင်ပေမယ့်လဲ ပို့မပေးသေးပဲ ထိန်းပေးထားပါတယ်၊ ပြင်ပြီးရင်တော့ သိမ်းလိုက်ပါဦးနော်။ ဒါဆိုရင် ပြီးသွားပါပြီနော်။ အောက်က Feed Count ကို သွားလိုက်ပါဦး။
ဒီထဲမှာတော့ ကိုယ့်ဘလော့ဂ်ကို ဘယ်နှဦးက Reader နဲ့ ယူဖတ်နေသလဲဆိုတာ ပြပေးထားမှာပါ။ ဒါလေးကို စိတ်ကြိုက် Color ယူပြီး ပြင်လို့ရပါတယ်၊ ပြီးရင် “Activate” လုပ်လိုက်ပါနော်။
ပြီးရင်တော့ သူက ပုံထဲကလို အပေါ်မှာ Coding လာပေးပါတယ်၊ ဒါကိုလဲ ခုနက Email Link အပေါ်မှာပဲဖြစ်ဖြစ် ဘလော့ဂ်ရဲ့ Side Bar မှာ ကိုယ့်စိတ်ကြိုက် ထည့်သွင်းနိုင်ပါတယ်။ ဒါဆိုရင် ကိုယ့်ဘလော့ဂ်ပေါ်မှာလဲ လူဘယ်နှစ်ဦးက ဆွဲယူ ဖတ်ရှုနေလဲဆိုတာကို Update လုပ်ပေးသွားပါလိမ့်မယ်။ အရောင်တွေ ပြောင်းပြီးတိုင်း သိမ်းဖို့မမေ့ပါနဲ့ သိမ်းပြီးရင်လဲ ဘလော့ဂ်ပေါ်က Coding ကို အစားပြန်ထိုးပေးဖို့ မမေ့နဲ့ပေါ့။ ဒါဆိုရင် လှပတဲ့ ကိုယ့်စိတ်ကြိုက် Feed Counter လေး ရမှာပါနော်။ ပြီးရင် အပေါ်ဆုံးက ကိုယ့်ရဲ့ Title အောက်နားမှာရှိတဲ့ “Edit Feed Detail” ဆိုတာကို သွားကြည့်လိုက်ပါဦး။
ဒါကတော့ စစဦးချင်း ကိုယ်ပေးခဲ့တဲ့ Feed Link ပေါ့နော်.. အဲ့ဒါကို မကြိုက်သေးရင်လဲ ထပ်ပြောင်းလို့ရပါသေးတယ်။ ပြီးရင်တော့...... ဒီ Feed ကို မကြိုက်ရင်လဲ ပြန်ဖျက်လို့ရပါတယ်...
ပုံထဲမှာ ပြထားတဲ့အတိုင်းပဲ Blog ထဲက Setting ထဲက Site Feed ထဲဝင်ပြီး အဲ့ဒီလင့်ခ်လေး ထည့်ပေးပြီး သိမ်းပေးလိုက်ပါ။ ဒါဆိုရင် ကိုယ့်ရဲ့ဘလော့ဂ်ကို သူက Update လုပ်ပေးသွားပါလိမ့်မယ်။
ကိုယ့်ရဲ့ Feed Link ကို ခေါ်ကြည့်ရင် ဒီပုံအတိုင်း မြင်တွေ့ကြရမှာပါနော်... အဲ့ဒီမှာ အနီနဲ့ ၀ိုင်းပြထားတဲ့ Link က ညလေး ခုနက ဘလော့ဂ် Setting မှာ ထည့်ခိုင်းတဲ့ Link ပါနော်... မမှတ်မိတော့ရင် ပြန်ကြည့်လို့ရပါတယ်။
သူငယ်ချင်းများ အားလုံးပဲ ကိုယ့်စိတ်ကြိုက် သုံးစွဲပြီး အဆင်ပြေ ပျော်ရွှင်နိုင်ကြပါစေ... မပြေကြရင်လဲ Comment မှာ မေးခဲ့ကြပေါ့နော်..
*****
ဒီပို့စ်ကို ရေးပေးဖို့ တိုက်တွန်းလာတဲ့ ကိုမိုးသွေးငယ်(ကိုလတ်) ကို ကျေးဇူးတင်ပါတယ်။ သူကတော့ တောင်းပန်ရှာပါတယ် “ညီမလေးရယ် ရေးပေးပါနော်၊ မအားရင်လဲ ပုံတွေနဲ့ စာကြမ်းတွေ သူ့ကိုပေးပါ၊ သူအချောရိုက်ပေးပါမယ်” တဲ့လေ ခိခိ၊ ကိုလတ်က ညလေးရဲ့ အစ်ကိုတစ်ယောက်လိုပဲ ခင်ဖို့ကောင်းတယ် မလေးမြေဘလော့ဂ် ကို ဖျက်ဆီးခွင့် (အဲလေ) ပြင်ဆင်ခွင့် အပြည့် ပေးထားတယ် ဟဲဟဲ။ ညလေးက အပျင်း အရမ်းထူတာ၊ ခုဆို ဘယ်မှကို မသွားဖြစ်တော့သလို ဘယ်ဘလော့ဂ်အိမ်ကိုမှ မရောက်ဖြစ်တော့ဘူး၊ Facebook လဲ မ၀င်ချင်တော့ဘူး ဖြစ်နေပါတယ်။ ပို့စ်တွေကိုတော့ Reader နဲ့ပဲ ဖတ်ဖြစ်နေတယ်၊ ဒါ့ကြောင့် ဒီပို့စ်လေးနဲ့ သူငယ်ချင်းများကို တောင်းပန်ပါတယ်နော်... လာရောက်ဖြစ်ကြတဲ့ ကိုကို၊ မမ၊ မောင်လေး၊ ညီမလေးများကို အားနာလှပါတယ်။ အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ....
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Aug 8, 2009

Dhamma Garden Centre

မြန်မာပြည်မှာ ဆောက်လုပ်မယ့် Dhamma Garden Centre ကျောင်းကို သဒ္ဒါတတ်အားသရွေ့ လှူဒါန်းကြဖို့ တိုက်တွန်းထားတာပါ။ ညလေးတို့ တိုင်းပြည်မှာ ဒီလိုကျောင်းတွေ လိုအပ်နေတာတော့ အမှန်ပါပဲနော်။ ဆက်သွယ်လှူဒါန်း ချင်ကြတယ်ဆိုရင်............
*****
ကောင်းခြင်းသာဖို့ လှူကြစို့
နည်းချင်နည်း
ရဲရဲရင့် လှူဒါန်းပါ၊
လှူအပ်ရာမှန်သမျှ
ဉာဏ်အလှယှဉ် စေတနာလွှမ်း
လှူဒါန်းကောင်းစွာ။

စိတ်ကြည်လင် နည်းသည်မရှိ
မုနိရှင်တော် ဟောမိန့်မှာ
မနောသိမ့်စွာ ကုသိုလ်ပွား။

ဘ၀ါဘ၀အထက်တန်းကျ
မျက်နှာပန်းလှ စည်းစိမ်ဖြိုးလို့
ကောင်းကျိုးဝေ ချမ်းသာရလိမ့်
ဒါနစွမ်းအား။

စေတနာဖွေးဖြူ
ပေးလှူကာနေပါစို့၊
အန္တရာယ်ရန်စွယ်ကင်း
ကောင်းခြင်းသာဖို့။
*****
လှူဒါန်းနိုင်သည့် ပစ္စည်းများ
၁။ ကြွေပြား (၁)ဖာ (ယိုးဒယား) ၆၀၀၀ိ/-
၂။ ဘိလပ်မြေ (၁)အိတ် ၇၅၀၀ိ/-
၃။ သဲ (၁)ကျင်း ၁၇၀၀၀ိ/-
၎။ ကာလာအမိုးသွပ် (၁)ချပ် ၁၇၀၀၀ိ/-
၅။ ကျောက် (၁)ကျင်းခွဲ ၇၀၀၀၀ိ/-
၆။ စက်အုတ် (၁၀၀၀) ၁၀၀၀၀၀ိ/-
၇။ စတီးလက်ရန်း ၁၂၀၀၀၀ိ/-
အထက်ပါပစ္စည်းများကို မိမိစွမ်းအားရှိသမျှ တစ်ခုချင်းဖြစ်စေ၊ အစုလိုက်ဖြစ်စေ ထည့်ဝင်လှူဒါန်းနိုင်ပါသည်။
လှူဒါန်းနိုင်သည့်နေရာများ-
Dr. Ashin Indaka
Samnak Sambodhi (Kepong) Kyaung
19, Jalan 38, Desa Jaya Kepong, 52100
Kuala Lumpur, Malaysia.
Hp: 017-2743 655
အကျိုးတော်ဆောင်အဖွဲ့
Dhamma Garden Centre
ဗိုလ်ချုပ်ပြတိုက်အနီး၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်း။
ဖုန်း - ၀၉၅၀ ၆၅၅၅၉
*****
လူတိုင်း ကျောင်းဒကာဖြစ်စေချင်တယ်
သီရိလင်္ကာနိုင်ငံမှာ တစ်ချိန်တုန်းက မြန်မာပြည်မှာ နာမည်ကြီးခဲ့တဲ့ စိန်ပေါလ်ကျောင်းလိုမျိုး ကျောင်းတွေအများကြီး ရှိနေတုန်းပဲ။ အဲ့ဒီထဲက Aquinas College ကျောင်းဟာ နာမည်အတော်ကြီးတယ်။ ဈေးကလည်းသက်သာ၊ သွားရေးလာရေးကလည်း လွယ်ကူ၊ အဆင့်လည်းမီတဲ့ ကျောင်းပါ။ အင်္ဂလိပ်စာကို အဓိကသင်ကြားပေးပြီး ကျန်တဲ့ ပြင်သစ်၊ ဂျပန်ဘာသာ စကားတို့အပြင် ကွန်ပျူတာပညာလည်း သင်ကြားပေးတယ်။ အုပ်ချုပ်သူတွေကတော့ ခရစ်ယာန် Father ကြီးတွေပါ။
သီရိလင်္ကာနိုင်ငံ အတန်းပညာရေး စနစ်တွေထဲမှာ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ ဘာသာရပ်တစ်ခုကလည်း ကျောင်းသားတိုင် မတက်မနေရဆိုတော့ စနေ၊ တနင်္ဂနွေနေ့တွေမှာ ကျောင်းသူ ကျောင်းသားတွေဟာ ဘုန်းကြီးကျောင်းကိုသွားပြီး ဘာသာရေးသင်တန်း တက်ကြရတယ်။ ဒါ့ကြောင့် သူတို့နိုင်ငံက ကလေးတွေဟာ ဗုဒ္ဓဘာသာနဲ့ ပတ်သက်လာရင် ကောင်းကောင်း ကျွမ်းကျင်ကြတယ်။
မြန်မာနိုင်ငံမှာလည်း အဲ့ဒီ Aquinas College လိုကျောင်းမျိုးရှိရင် သိပ်ကောင်းမှာပဲလို့ စဉ်းစားမိပြီး ဒီ Dhamma Garden Centre ဆိုတဲ့ ကျောင်းကို တည်ထောင်တာပါ။ မြန်မာပြည်သူ/သားတွေ အားလုံး ဒီကျောင်းဒကာတွေ ဖြစ်စေချင်တယ်။ ကျောင်းရဲ့ ကုန်ကျစရိတ်ကတော့ ကျပ် သိန်း(၂၆၀၀)ခန့် ကုန်ကျမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိတို့တတ်စွမ်းနိုင်သမျှ လှူဒါန်းပြီး ကုသိုလ်ယူနိုင်ပါတယ်။
ဒေါက်တာအရှင်ဣန္ဒက
*****
Dhamma Garden Centre ဆောက်လုပ်ရန် တိုက်တွန်းနှိုးဆော်လွှာ
မြတ်ဗုဒ္ဓသာသနာ ကမ္ဘာ့နိုင်ငံအသီးသီးသို့ လျင်မြန်စွာ ထွန်းကား ပြန့်ပွား တိုးတက်စေရန်၊ မြန်မာရဟန်းတော်များနှင့် မြန်မာလူငယ်များ အင်္ဂလိပ်ဘာသာစကားနှင့် နိုင်ငံခြားဘာသာစကားများ၊ ကွန်ပျူတာပညာရပ်များ ကျွမ်းကျင်တတ်မြောက်စေရန် ရည်ရွယ်၍ Dhamma Garden Centre ကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် သီတင်းသုံးသော ဆရာတော် ဒေါက်တာအရှင်ဣန္ဒက ကိုယ်တိုင်ဦးစီး၍ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် အနီးတွင် တည်ထောင်ဖွင့်လှစ်မည် ဖြစ်ပါသည်။
ဤကျောင်းတော်တွင် ရဟန်၊ ရှင်၊ လူ မည်သူမဆို သတ်မှတ်ထားသည့် အရည်အချင်းစစ် စာမေးပွဲကို ၀င်ရောက်ဖြေဆိုပြီး မိမိနှင့်သင့်တော်သည့် အတန်းတွင် တက်ရောက် သင်ကြားနိုင်ပါသည်။ သင်တန်းပြီးဆုံး အောင်မြင်သည့် ကျောင်းသူ/သားများကို လုပ်ငန်းခွင်အသုံးပြု အောင်လက်မှတ်များ ပေးအပ်မည် ဖြစ်ပါသည်။
ဗုဒ္ဓဘာသာအကြောင်းလည်း ကောင်းကောင်းသိ၊ အင်္ဂလိပ်ဘာသာနှင့် အခြား ၀ါသနာပါရာ ဘာသာစကားများလည်း ကျွမ်းကျင်၊ ကွန်ပျူတာပညာလည်း ကောင်းကောင်းတတ်အောင် သင်ပေးနိုင်တဲ့ကျောင်းမျိုး လိုအပ်နေပါပြီ။ ဒါ့ကြောင့် စေတနာရှင် ဒါယကာ/ဒါယိကာမ များအနေဖြင့် မင်းကွန်းဆရာတော်ဘုရားကြီး၏ လူတိုင်းကျောင်းဒကာ ဖြစ်စေရေးဟူသော စကားတော်အတိုင်း အသက်ရှည်ကြောင်း ထာဝရကောင်းမှု အလှူရှင်စာရင်းတွင် ပါဝင် ကုသိုလ်ယူနိုင်ကြစေရန် အကျိုးမျှော်၍ နှိုးဆော် တိုက်တွန်းအပ်ပါသည်။
*****
ကိုယ့်သမိုင်းကိုယ် ရေးနိုင်ဖို့ Dhamma Garden Centre ဆောက်ကြစို့
ရှေးအစဉ်အလာနိုင်ငံတော်မှာ သမိုင်းဝင်ကျောင်းတိုက်ကြီးများ တည်ဆောက်တိုင်း တိုင်းသူပြည်သား ဆင်းရဲသားများ ကျောင်းဒကာ မဖြစ်ခဲ့ရဘူး။ ရှင်ဘုရင်များ၊ မိဘုရားများ နှင့် ၀န်ကြီး၊ ၀န်လေးများကသာ ကျောင်းဒကာ ဖြစ်ခဲ့ကြတယ်။
အခု ဓမ္မဂါးဒင်းစင်တာဟာ နောင်တစ်ချိန်မှာ မြန်မာ့သမိုင်းမှာ သမိုင်းဝင် ကျောင်းတစ်ကျောင်း ဖြစ်လာမှာ အမှန်ပါပဲ။ ဒါ့ကြောင် ကိုယ့်သမိုင်းကို ဒီကျောင်းတိုက်မှာ ရေးထိုးနိုင်ဖို့ ဒီကျောင်းတိုက် ဆောက်လုပ်တဲ့အခါ ဆင်းရဲ၊ ချမ်းသာမရွေး တစ်ကျပ်တစ်ပြား လှူဒါန်းနိုင်သူကအစ တစ်ပြည်လုံးက ကျောင်းဒကာ ဖြစ်စေချင်တယ်။
ဒေါက်တာအရှင်ဣန္ဒက
*****
ကျောင်းလှူအကျိုးများ
“သင်သည် ဤ မြက်မိုးကျောင်းကလေး လှူခဲ့သည့် ကုသိုလ်စေတနာကြောင့် ဘ၀သံသရာမှာ-
သိကြားမင်းကြီးအဖြစ်က (၃၆)ကြိမ်
စင်္ကြာဝတေးမင်းအဖြစ်က (၃၄)ကြိမ်
ခံစား စံစားပြီး နောက်ဆုံးဘ၀၌ ရတနကုဋိ အမည်ရှိသော ပစ္စေကဗုဒ္ဓါ ဖြစ်ပါလိမ့်မည်” ဟု မြတ်ဗုဒ္ဓ ဗျာဒိတ်စကား မိန့်ကြားတော်မူသည်။
(ပဏ်၊ ၂၊ ဋ္ဌ၊ ၁၈)

ယောက်ျားပေါင်း အသောင်းတို့၏ ခံတွင်းပါးစပ်ပေါင်း အသောင်းတို့ဖြင့်သော်လည်း ဤကျောင်းအလှူ ဒါန၏ အကျိုးအာနိသင်ကို ကုန်စင်အောင် ပြောဆိုခြင်းငှာ မတတ်စွမ်းနိုင်ပါ။
(ဗုဒ္ဓ၀ံသအဋ္ဌကထာ)
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Aug 6, 2009

လတ်တလော

လူက အပျင်းထူတဲ့နေရာမှာ တစ်ဖြစ်နေပြီး ဘာမှမရေးချင် ဖြစ်နေတယ်၊ ပြီးတော့လဲ Facebook ကိုသွားစမိတာ ပြန်မဖြတ်နိုင်ဖြစ်နေပြန်တယ်... အထဲမှာ လယ်စိုက်လိုက်၊ အကောင်မွေးလိုက်၊ စစ်တိုက်လိုက်၊ ဘိန်းရောင်းလိုက်နဲ့ ဟုတ်နေတာပဲ တစ်နေ့ကို ရတဲ့အချိန် သုံးနာရီလောက်လေးမှာ အဲ့ဒီထဲမှာပဲ လည်နေတာနဲ့ အချိန်ဆိုတာ ကုန်သွားမှန်းတောင် မသိတော့ဘူး... အဲ့လောက်ကို ဖြစ်နေတာ၊ သူက ဘလော့ဂ်ထက် စွဲတယ် ပြောရမယ်၊ ဂိမ်းကစားနေကြ အဆော့မက်တဲ့ ညလေးတို့လိုလူတွေ ဘယ်လက်လွှတ်လိမ့်မလဲ။
ရေးရမှာ ပျင်းလာတော့ အစတောင် ထွက်မလာတော့ဘူး ဘာမှမရေးဖြစ်တာ အဲ့ဒီ Facebook ကြောင့်ပါ.. (ဟိ လွှဲချတာ)
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Aug 2, 2009

Laila Khan (a) စန္ဒာဝင်း

မလေးရှားမှာ အပတ်စဉ်ထုတ်ဝေတဲ့ ဟဲလိုမြန်မာဂျာနယ်ထဲမှာပါတဲ့ သတင်းတစ်ပိုဒ်ကို ဝေမျှပါတယ်နော်... အောက်ကပုံလေးတွေ ကြည့်ပါဦး သူ့ကိုသိကြလားလို့...???

အပေါ်ပုံကတော့ တကယ့် အိန္ဒိယမင်းသမီးပါပဲ...
သူကတော့ မြန်မာပြည်မှာ မွေးပြီး အိန္ဒိယမှာ သရုပ်ဆောင်အလုပ်ကို လုပ်နေတဲ့ Bollywood ရဲ့ ရုပ်ရှင်မင်းသမီးပါ။ ဂျာနယ်ထဲမှာတော့ သူတို့ပေးတဲ့အ၀တ်အစားတွေ ၀တ်ပြီး သရုပ်ဆောင်ရတာ ရှက်ရွံ့ပေမယ့် မတတ်နိုင်ကြောင်း၊ အိန္ဒိယအကကို သင်ယူရကြောင်း၊ မြန်မာတစ်ယောက်ဖြစ်ပေမယ့် ရုပ်ရှင်မင်းသမီး ဖြစ်နေတဲ့အတွက် အစားသောင်းကျန်းလို့ မရကြောင်း၊ ၀ိတ်မတတ်အောင် ဆရာဝန်က အမြဲစစ်ဆေးပေးကြောင်း နဲ့ မြန်မာပြည်ကို ချစ်ပြီး မြန်မာပရိတ်သတ်ကလဲ သူ့ကိုဆုတောင်းပေးကြပါ လက်ခံ ကြိုဆိုကြပါ ဆိုတဲ့အကြောင်း ရေးထားပါတယ်။ သူကတော့ အကယ်ဒမီ ဦးခင်စိုးရဲ့ တူမလို့ သိရပါတယ်။ သူ့အကြောင်းကို ဒီမှာလဲ ဖတ်လို့ရပါတယ်။ စိတ်ဝင်စားရင်တော့ Google မှာရှာကြည့်ပေါ့။ ပြင်ဆင်ထားတာတော့ ကုလားမင်းသမီးတွေ အတိုင်းပါပဲ။ ပထမဆုံးရုပ်ရှင်ကား Kool Nahi Hot Hai Hum သူ့ရဲ့စကားပြောသံဟာ ကုလားသံမပေါက်ပဲ English သံပေါက်နေလို့ အသံနောက်ခံ အစားထိုးရပြီး နောက်ကားများကိုတော့ သူ့ရဲ့မူလအသံဖြင့်သာ သရုပ်ဆောင်ထားပါတယ်။ နောက်ထပ်လဲ ကားတွေ ဆက်ရိုက်လျက်ရှိပြီး နိုင်ငံတကာကိုလဲ သွားရောက် ရိုက်ကူးဦးမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။ ခုမြန်မာပြည်ကိုရောက်နေတယ်တဲ့....(မေ့သွားလို့ အတိအကျ ပြန်ဖတ်ပြီး ပြန်တင်ပေးမယ်) :P
*****
မြန်မာလူမျိုးတွေ ဘာလို့မဖြစ်နိုင်ရမှာလဲ ဟုတ်လားးးးး??? :)
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Jul 20, 2009

သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ (သည်းခံခြင်း)

၃၈ ဖြာ မင်္ဂလာ တွေနဲ့ပတ်သတ်ပြီး "ဖိုးချမ်း" က ရေးခိုင်းလာတဲ့ ခါမှာ ကျမ ဘာကစလို့ ရေးရမှန်းမသိခဲ့ဘူး။ မအားတာက တစ်ကြောင်းကြောင့်လဲ ရေးပေးရမယ့် ရက်ထက် ကျော်သွားခဲ့ပါတယ်။ မမေ့မလျော့ Tag ပေးတဲ့ ဖိုးချမ်းကို အားနာပါတယ် ကျမကို တကူးတက ဖိတ်ခေါ်ရေးခိုင်းလာရင် အရမ်းဝမ်းသာတယ်။ ပြီးတော့ တတ်နိုင်သလောက် ပြန်ရေးပေးချင်တာ ကျမဆန္ဒပါ။ မအားတဲ့အတွက်ကြောင့်ရယ် အလုပ်လေး ခဏပြီးချိန် ညပိုင်း တစ်နာရီလောက် ရတဲ့အချိန်လေးကို တင်ချင်တဲ့ပို့စ် ခေါင်းထဲက ထွက်လာတဲ့ပို့စ်ကို အမြန် အပြေးအလွှား ရိုက်ယူနေရတဲ့ ကျမကို နားလည်ပေးနိုင်ကြမယ် ထင်ပါတယ်။ တော်နေကြာ Tag သာထားရတယ် ပြန်လဲ အရေးမလုပ်ဘူးလို့ ထင်နေကြဦးမယ် နောက် ဘယ်သူမှ လာမရေးခိုင်းရင် ဘယ့်နှယ့်လုပ်ရ။
*****
၃၈ ဖြာ မင်္ဂလာတရားတော်တွေက ကျမတို့တွေ ငယ်စဉ်ခါက ဆရာမတွေ နှုတ်တိုက်ရအောင် တတွတ်တွတ် ရွတ်ခိုင်းခဲ့တယ်။ ဘာ့ကြောင့်လဲဆိုတော့ လိမ္မာယဉ်ကျေးအောင်ပါ။ အဓိပ္ပါယ်တွေကိုလဲ ကလေးငယ်လေးတွေ နားလည်လာအောင် နားလည်လွယ်အောင် ရှင်းပြခဲ့သေးတယ်လေ။ ဘာကိုမှ မသိတတ်သေး နားမလည်နိုင်လောက်တဲ့ အချိန်တုန်းကတောင် ရွတ်ကောင်းလို့လဲ ရွတ်ခဲ့ကြသေးတယ်။ အသက်ကြီးလာတော့ တဖြည်းဖြည်း ပိုသိလာတယ်၊ ပိုနားလည်လာတယ်လေ။ အင်း ကိုယ့်ဖာသာ တတ်သိ နားလည်နေပေမယ့် တစ်ခါမှတော့ သူများနားလည်အောင် ပြန်မရှင်းပြတတ်ဘူး။ ၃၈ ဖြာ မင်္ဂလာတရားတော်ကို ပြန်လည် ဖတ်ရှုချင်ကြရင်တော့ "တေးအေးရိပ်" မှာ သွားရောက် ဖတ်ရှုလို့ရပါတယ်။

၁။ အသေ၀နာစ
လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့ ၊ မမှီဝဲ နဲ့ ကင်းအောင်နေ။
ပညာရှိကို အရှည်တွဲလို့ ။ မှီဝဲဆည်းကပ် နည်းယူစေ။
သုံးပါးရတနာ မိဘများနှင့် ၊ ဆရာသမားကို ပူဇော်လေ။
ချမ်းသာကိုပေး ဆက်ဆံရေး ၊ မြော်တွေးသုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။


ပထမဆုံးအပိုဒ်မှာ ပါဝင်တဲ့ အထက်က စာပိုဒ်လေးထဲမှာ "လူမိုက်ဆိုလျှင် ရှောင်သေလွဲလို့၊ မမှီဝဲနဲ့ ကင်းအောင်နေ" တဲ့ လူတိုင်းတော့ လူမိုက်နဲ့ အပေါင်းအသင်း လုပ်ချင်ကြမယ် မထင်ဘူး။ မသိလို့ ပေါင်းမိတာ ချည်းပါပဲ။ ဒါပေမယ့် အချိန်ကြာလာတာနဲ့ အမျှ သူက ကိုယ့်အပေါ် ကောင်းကျိုးပေးနေလား၊ သူ့ကြောင့် ဆိုးကျိုးတွေချည်း ရနေလား ခွဲခြားသိလာရင်တော့ အမြန်ဆုံး ဖယ်ခွါကြရမယ်တဲ့။

ကျမ ဘလော့ဂ်ပေါ်မှာ တင်ထားတဲ့ အရှင်တိဿ ရဲ့

"သဒ္ဒါတရားလည်း မရှိ
သီလလည်း မရှိ
ရှက်ကြောက်ခြင်းလည်း မရှိ
ထိတ်လန့်ခြင်းလည်း မရှိ
ရိုသေခြင်းလည်း ကင်းသောသူသည်
မိမိအကျိုးစီးပွါးကို ဖျက်ဆီးသူမည်၏။"

ဆိုတဲ့ ဆောင်ပုဒ်လေးလိုပဲ လူတစ်ယောက်နဲ့ ပေါင်းသင်းဆက်ဆံတာ ကြာလာတဲ့ခါမှာ သူ့သဘောကို အနည်းငယ် နားလည်လာပါတယ်။ သူဘယ်လိုလူမျိုးလဲ နေထိုင်၊ စားသောက်နေတာ ဘယ်လိုရှိလဲ၊ မိမိစိတ်နဲ့ ဝေဖန် ပိုင်းခြားလာနိုင်တယ်။ ဒီမှာပဲ ကောင်းတဲ့သူလား ဆိုးတဲ့သူလား သိလာတဲ့ခါ ရှောင်ကြဉ်ကြဖို့ ဆုံးမစကားလေးပါ။ အားလုံးလည်း တတ်နိုင်သလောက်တော့ လိုက်နာနေထိုင်နိုင်ကြမှာပါ။ လူ့လောကမှာ နေနေသရွေ့တော့ လူမိုက်ဆိုတာတွေနဲ့ တွေ့ထိဆက်ဆံနေကြရမှာပါပဲ။ ကိုယ်က အလိမ္မာသုံးပြီး ရှောင်နိုင်ရင် အကောင်းဆုံးပေါ့။ လူမိုက်ကို နင်က မိုက်လှချည်လား ဟိုဟာ ဒီဟာ ဖြစ်တယ်လို့ သွားပြောနေမယ့်အစား သည်းခံနိုင်ရင် သည်းခံပြီး သည်းမခံနိုင်ရင်တော့ ရှောင်သွားတာ အကောင်းဆုံးပါပဲ။

ကျမတို့ရဲ့ မြတ်စွာဘုရားရှင်ကတော့--
"အခါတစ်ပါး၌ ဘာရဒွါဇပုဏ္ဏားကြီးသည် ဗုဒ္ဓမြတ်စွာထံ၌ ရဟန်းပြုတော်မူ၏။ ညီဖြစ်သူ အက္ကောသဘာရဒွါဇ ပုဏ္ဏားက ဗုဒ္ဓမြတ်စွာအား ဆဲရေးလေသည်။ ဗုဒ္ဓမြတ်စွာသည် စိတ်ဆိုးတော်မမူပဲ သည်းခံ၏။
ဗုဒ္ဓမြတ်စွာက
"အို ပုဏ္ဏား... သင့်အိမ်သို့ မိတ်ဆွေများ၊ ဆွေမျိုးသားချင်းများ အလည်လာလျှင် စားသောက်ဖွယ်ရာများ တည်ခင်းကျွေးမွေးပါ၏လော" ဟု မေးတော်မူ၏။
"ကျွေးမွေးပါသည် အရှင်ဂေါတမ"
"အကယ်၍ ဆွေမျိုး မိတ်ဆွေများက မစားမသောက် လက်မခံကြလျှင် စားသောက်ဖွယ်ရာများသည် မည်သည့်ဥစ္စာ ဖြစ်၍ ကျန်သနည်း"
"စားသောက်ဖွယ်ရာများသည် ကျွန်ုပ်၏ဥစ္စာသာ ဖြစ်ပါသည်"
"ပုဏ္ဏား ဤဥပမာအတိုင်းပင် ဖြစ်၏။ ငါ့ကို သင် ဆဲရေး၏။ သင်၏ ဆဲရေးခြင်းကို ငါတို့သည် တုံ့ပြန်ခြင်းဖြင့် မခံယူကုန်။ ထိုသို့ မခံယူသဖြင့် သင်၏ ဆဲရေးခြင်းသည် သင့်အဖို့သာလျှင်ဖြစ်၏" ဟု ဗုဒ္ဓမြတ်စွာက မိန့်တော်မူသည်။
နောက်ဆုံးတွင် အက္ကောသဘာရဒွါဇ ပုဏ္ဏားသည် ဗုဒ္ဓမြတ်စွာကို ကြည်ညို ဆည်းကပ် ကိုးကွယ်သော ဥပါသကာတစ်ဦး ဖြစ်သွား၏၊ ရဟန္တာလည်း ဖြစ်လာတော်မူ၏။

ဒါ့ကြောင့် "သည်းခံခြင်းသည် အမျိုးမျိုးသော ကိစ္စရပ်တို့ကို အောင်မြင်နိုင်၏" လို့ ကျမကတော့ ယုံကြည်ပါတယ်။ ဒီနေ့ထိလည်း ဘယ်သူ့ကိုမှ မကဲ့ရဲ့သလို ဘယ်သူ့ကိုမှလဲ ဝေဖန်ခြင်းမပြုပါဘူး။ ဒီလိုပဲ ကျမကို ကဲ့ရဲ့လာခြင်း၊ ဆဲဆိုလာခြင်း၊ မဟုတ်မမှန် ပြောဆိုလာခြင်းတွေကို တုံ့ပြန်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကျမကို ပြောဆိုလာသော သူမှန်သမျှတို့က သူတို့ကိုယ်တိုင်ပဲ ပြန်ခံရကြမှာပါ။
*****
သူငယ်ချင်းအားလုံးလဲ ဒီပို့စ်လေး ဖတ်ပြီးရင် အထိုက်အလျောက် သည်းခံစိတ်များ မွေးမြူနိုင်ကြပါစေ.....

*****

ဆက်လက်ဖတ်ရှုရန်...>>>>

3 column template

အသစ်မတင်တာက မအားလို့ပါ (ဒီစကားလဲ ဘလော့ဂါတွေရဲ့ လက်သုံးဖြစ်တော့မယ်) အသစ်တင်မထားရင် သွားမမေးနဲ့ မေးရင် "မအားလို့ပါ" ဆိုတာတော့ ပြန်ပြောမှာပါ စိတ်ချ။ ညလေးလဲ ဒီလိုပဲ အချိန်လေး နည်းနည်းရတာနဲ့ မကလိတာ ကြာပြီဖြစ်တဲ့ ဘလော့ဂ်လေးကို ဒီဇိုင်းပြောင်းဖို့ စဉ်းစားရင်း ဒီနေ့ ပြောင်းဖြစ်ပါတယ်။ ၃ ကော်လံက လိုချင်နေတာ ကြာလှပြီလေ၊ လုပ်ချင်နေတာလဲ ကြာပြီပေါ့၊ ဖတ်ထားတာလဲ ကြာနေပြီ (အင်း ကြာ၃ကြာ ပေါင်းသွားလို့) ဒီနေ့တော့ ရအောင် တင်မယ်ဆိုပြီး စမ်းကြည့်တာ ရသွားတာပါပဲ။ နားလည်လွယ်အောင် ပြောပြထားတဲ့ "ဦးချစ်သူ" ကို ကျေးဇူးတင်ပါတယ်။ အရင်တုန်းကလဲ ရှင်းပြထားကြတဲ့ သူတွေ ရှိပါတယ်။ စိတ်မ၀င်စား အားသေးလို့ လုပ်မကြည့်ဖြစ်ဘူး ဒီတစ်ခေါက်တော့ မရရအောင် လုပ်မယ်လို့ ဆုံးဖြတ်ထားလို့ လုပ်ဖြစ်ရင်း ရသွားတာပါ။ ညလေး ထပ်ရှင်းပြရင်လဲ စိတ်မဆိုးကြဘူးဟုတ်။ မလှ လှအောင်၊ မညီ ညီအောင် ညှိ လုပ်တာတော့ ညလေးက ဖြစ်ပါတယ်။
*****
စစချင်းမှာ Expand Widget Templates ကို အမှန်လေးခြစ်ဖို့ မမေ့နဲ့နော်၊ မခြစ်လဲ ရပါတယ် ။ ပြီးရင်တော့ <div id='sidebar-wrapper'> ဆိုတာကို တွေ့အောင်ရှာပါ။ ပြီးရင် အောက်မှာ ဆက်ကြည့်နော် ပြင်စရာရှိတာတွေကို အနီရောင် နဲ့ ပြထားပါမယ် ထပ်ဖြည့်လိုက်ပါ။

<div id='right-sidebar-wrapper'>
<b:section class='sidebar' id='right-sidebar' preferred='yes'>
********* ဒီကြားထဲက Coding တွေ ပြောင်းစရာ မလိုပါဘူး။
*********
*********
</b:section>
</div>

ဒါက နဂိုရှိနေတဲ့ sidebar ကို ဘယ်၊ ညာ ခွဲပေးလိုက်တာပါ။ ညာဘက်ရှိသူများ right နဲ့ ဘယ်ဘက်မှာ ရှိနေသူများ left လို့ပေးလိုက်ပါ။ ဒီအဆင့်ထိ ပြီးသွားရင် တဆက်တည်း အောက်မှာ ရေးထားတဲ့ Coding တွေကို <div id='main-wrapper'> ရဲ့ အပေါ်မှာ ကူးရေးလိုက်ပါ။ <div id='main-wrapper'> ရဲ့ အပေါ်မှာ ရှိနေတဲ့သူများကတော့ အောက်မှာ ကူးပေါ့၊ လွယ်လွယ်လေး

<div id='left-sidebar-wrapper'>
<b:section class='sidebar' id='left-sidebar' preferred='yes'>
</b:section>
<div>


ဒီအဆင့်ထိ ပြီးသွားရင်တော့ Template အပေါ်ဆုံးကို သွားပြီး ပထမရှိနေတဲ့ #sidebar-wrapper { ဆိုတာကို #right-sidebar-wrapper { အဖြစ် ပြောင်းပေးလိုက်ပါဦး။ ပြီးသွားရင် #main-wrapper { ရဲ့အပေါ်မှာ #left-sidebar-wrapper { ကို အသစ်ရေးလိုက်ပါ။ ပထမ sidebar နဲ့ တူတူပဲ ပြန်ကူးပြီး left အဖြစ် ပြောင်းပေးလိုက်ယုံပါပဲ။ အောက်မှာတော့ ညလေးရဲ့ Coding ကို နမူနာပြထားတယ်။

(((ဒီတိုင်း ကူးရမယ်မပြောဘူးနော်။ ကိုယ့်ရဲ့ Template နဲ့ တိုက်ကြည့်ခိုင်းတာပါ။ width ကတော့ လိုသလောက်ပေါ့။)))

#left-sidebar-wrapper {
width: 300px;
float: left;
margin: auto;
font:normal 100% 'Zawgyi-One', Comic Sans MS, Arial,Verdana, Sens-Serif, Zawgyi1;
word-wrap: break-word; /* fix for long text breaking sidebar float in IE */
overflow: hidden; /* fix for long non-text content breaking IE sidebar float */
}

#main-wrapper {
width: 465px;
float: left;
font:normal 100% 'Zawgyi-One', Comic Sans MS, Arial,Verdana, Sens-Serif, Zawgyi1;
word-wrap: break-word; /* fix for long text breaking sidebar float in IE */
overflow: hidden; /* fix for long non-text content breaking IE sidebar float */
}

#right-sidebar-wrapper {
width: 300px;

float: right;
margin: auto;
font:normal 100% 'Zawgyi-One', Comic Sans MS, Arial,Verdana, Sens-Serif, Zawgyi1;
word-wrap: break-word; /* fix for long text breaking sidebar float in IE */
overflow: hidden; /* fix for long non-text content breaking IE sidebar float */
}

ဒါပဲလေ ပြီးရင် သိမ်းပြီး ကြည့်ကြည့်ပါဦး၊ မရသေးဘူး ဟုတ်။ ဘယ်ရဦးမလဲ Column က သုံးခုဆိုတော့ အရင်ပေးထားတဲ့ Width တွေက ကြီးနေမယ် ဒီတော့ width:***px; လေးတွေကို လိုသလို ချိန်ညှိကြပါ။ ဘလော့ဂ်ရဲ့ Screen size ကို ဘယ်လောက်ထိ ချဲ့လို့ရလဲဆိုရင် 1200 px ထိ ချဲ့လို့ ရပါတယ် (ဒါ ညလေး စမ်းချဲ့ကြည့်တာ အဆုံးပါပဲ၊ ဒီ့ထက်ရရင်လဲ ပြောကြပါ ) #outer-wrapper { မှာ width: 1150px; ဆိုတာကို ကြီးပေးလိုက်ပါ။

ကြည့်ကြည့်ပါဦး ပြီးပြီလားလို့၊ မပြီးသေးဘူး ဟုတ် ဘာဖြစ်နေလဲ။ Left sidebar နဲ့ Post နဲ့ ကြားထဲမှာ ဘယ်လောက်မှ မခြားပဲနဲ့ ကပ်နေကြတယ် ဟုတ် (အရမ်းချစ်နေတာလေ)။ ဒါကိုလဲ ဒီလိုလေး ပေးလိုက်ရင် အဆင်ပြေသွားမှာပါ။ သူ့ကို margin ပြန်ချိန်ပေးရပါတယ်။ ညလေးကတော့.....

#main-wrapper {
margin: 5px 40px 5px;
width: 465px;
float: left;
font:normal 100% 'Zawgyi-One', Comic Sans MS, Arial,Verdana, Sens-Serif, Zawgyi1;
word-wrap: break-word; /* fix for long text breaking sidebar float in IE */
overflow: hidden; /* fix for long non-text content breaking IE sidebar float */
}

ဒီလိုလေးထည့်လိုက်တာ အဆင်ပြေသွားရော။ တွေ့လား main-wrapper မှာ margin ထပ်ထည့်လိုက်တာ။ ကျန်တာများ ကိုယ့်ဖာသာ လိုသလို ကြည့်ပြီး ညှိလိုက်ကြပါတော့နော်။
*****
သြော် ပြောဖို့ မေ့နေလို့ ညလေးသုံးတဲ့ Template က Minima White ပါ။ ကျန်တဲ့ Template တွေ ရမရတော့ မပြောတတ်ဘူး။ ဒီ Template သုံးရင်တော့ ရကြမှာပါ။ နောက်မှပဲ ဘောင်လိုက်ရှာပြီး ဘယ်လိုကွပ်လဲ တင်တော့မယ်။ ခုတော့ အားလုံးပဲ တာ့တာ.....

ဘလော့ဂ်ကို ညလေးလိုပဲ ပျော်ရွှင်စွာ ကလိနိုင်ကြပါစေ........။
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Jul 19, 2009

အာဇာနည်နေ့

“လူမှာ အရေးကြီးဆုံး နှစ်ခုပဲရှိတယ်၊ အဲ့ဒါက ကိုယ်ကျင့်တရားရယ်၊ အမှန်တရားကိုမြတ်နိုးမှု (Love of truth) ရယ် ဒါပဲဖြစ်တယ်။ ဘယ်နေရာမှာမဆို အမှန်ကို အမှန်အတိုင်းပြောရမယ်၊ ပြောဝံ့တဲ့ သတ္တိလဲရှိရမယ်။”
ဗိုလ်ချုပ်အောင်ဆန်း
“တိုင်းရင်းသား အချင်းချင်း ညီညွတ်ရေး၊ တိုင်းရင်းသားလူထု ညီညွတ်ရေး”
စားဖားသမားတွေ ညီညွတ်တာ ကျနော်မလိုချင်ပါဘူး တိုင်းရင်းသား အချင်းချင်း ညီညွတ်ရေး၊ တိုင်းသူပြည်သားလူထု ညီညွတ်ရေး၊ အဲ့ဒီ ညီညွတ်ရေးနှစ်ခု မရှိသမျှ ကာလပတ်လုံး ဒီတိုင်းပြည်ဟာ လွတ်လပ်ပင် လွတ်လပ်ငြားသော်လည်း ဘယ်ပါတီတက်တက် ဘယ်အစိုးရလုပ်လုပ် ဖာသည်တိုင်းပြည် ဖြစ်နေမှာပဲလို့ ကျနော်ပြောချင်တယ်၊ အဲ့ဒီတော့ကာ ဒီနှစ်ခုကို ခင်ဗျားတို့ မပျက်ပြားပါစေနဲ့၊ ဘယ်သူက ဘာလုပ်လုပ် မပျက်ပါစေနဲ့၊ အဲ့ဒါ အင်မတန် အရေးကြီး ဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း
ပြည်သူ့အစည်းအဝေးကြီး
၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၃)ရက်နေ့ မြို့တော်ခန်းမ
ဗမာတွေစိတ်ထဲမှာ ဗမာတွေဟာ စိတ်ဓာတ်ထက်တယ် ဘာညာနဲ့ တလွဲဆံပင်ကောင်းနေတယ် ဆိုတာနဲ့ အတူတူပဲ။ ဗမာတွေ စိတ်ဓာတ်က မဟုတ်တဲ့နေရာမှာ သွားပြီးကောင်းနေတယ်၊ တကယ့်နေရာတွေကျတော့ အသုံးမကျဘူး၊ ဗမာပြည်လွတ်လပ်ရေးရအောင် ဆိုတာမျိုးမှာ အသုံးမချတတ်ဘူး။ ဗမာ-ဗမာချင်း ချဖို့မှာ လုပ်ချင်ကြတယ်၊ အဲ့ဒါမျိုးတွေလုပ်ချင်တယ်။ အဲ့ဒါမျိုးတွေ လုပ်ချင်လို့ ဘယ်တော့မှ အကျိုးမရှိဘူး၊ ဒီတိုင်းပြည် ဘယ်တော့မှ ပြန်လည် မထူထောင်နိုင်ဘူး၊ ဒီတိုင်းပြည် ဘယ်တော့မှ မလွတ်လပ်နိုင်ဘူး၊ လွတ်လပ်ရင်လဲ ဘယ်တော့မှ ကျကျနန လွတ်လပ်ရေး မဖြစ်နိုင်ဘူး။
ဗိုလ်ချုပ်အောင်ဆန်း
ပြည်သူ့အစည်းအဝေးကြီး
၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၃)ရက်နေ့ မြို့တော်ခန်းမ
ကျနော်တို့အမြင်အရဆိုရင် တိုင်းပြည်ရဲ့ခေါင်းဆောင်မှုဟာ လူတစ်ဦးတည်းက ခေါင်းဆောင်မှုမျိုး မဟုတ်ပဲ အဖွဲ့နှင့်ခေါင်းဆောင်မှုမျိုး မဟုတ်ပဲ အဖွဲ့ရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ ခေါင်းဆောင်မှုမျိုး ဖြစ်ရမယ်။ လူမျိုးရေးတရားဟာလည်း ငါ့လူမျိုးမှ ငါ့လူမျိုး၊ တစ်ခြားလူမျိုးတွေဟာ ငါ့လောက်မမြတ်၊ ငါ့လူမျိုးသာ ကမ္ဘာကိုကြီးစိုးရမယ်ဆိုတဲ့ ကျဉ်းမြောင်းသေးသိမ်တဲ့ လူမျိုးရေးတရား မဟုတ်ပဲ၊ ကိုယ့်လူမျိုးကိုယ် ချစ်ခင်သော်လည်း တစ်ခြားလူမျိုးများကို မုန်းတီးခြင်း၊ အထင်သေးခြင်း မဖြစ်ပဲ ကမ္ဘာမှာ တိုင်းပြည်အချင်းချင်း သင့်မြတ်စွာ တစ်ဦးအကျိုး တစ်ဦးဖြစ်ပွားအောင် ဆောင်ရွက်တဲ့ လူမျိုးရေးတရားမျိုးသာ ဖြစ်ရမယ်။ ဂျပန်ပြည်မှာလို စစ်ဘက်က လက်ဝါးကြီးအုပ်ပြီး တိုင်းပြည်လွှတ်တော်က ဘာမှ အစိုးမရတဲ့ စစ်အာဏာရှင်ဝါဒမျိုး မရှိရအောင် စစ်ဘက်ကို တိုင်းပြည်လွှတ်တော်က အုပ်စိုးနိုင်ခွင့်ရှိရမယ်။
ဗိုလ်ချုပ်အောင်ဆန်း
စတုတ္ထအကြိမ်မြောက် နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေး
၁၉၄၅ ခုနှစ် သြဂုတ်လ
နိုင်ငံရေးဆိုတာ ခဏတဖြုတ်လုပ်တဲ့ဟာမျိုး မဟုတ်ဘူး၊ အမြဲတမ်းလုပ်ရမယ်၊ အမြဲတမ်းရှိနေတယ်။ နိုင်ငံရေးဆိုတာ တစ်ခါတစ်ရံမှ အစည်းအဝေးလုပ်ပြီးတော့ စင်မြင့်ပေါ်က ပြောတဲ့သူကပြော နားထောင်တဲ့သူက နားထောင်တဲ့ ကိစ္စမျိုးမဟုတ်ဘူး။ အမြဲတမ်းအားဖြင့် တတိုင်းပြည်လုံးမှာရှိတဲ့ တိုင်သူပြည်သားတွေဟာ မိမိတို့ရဲ့ ဆိုင်ရာဆိုင်ရာအကျိုးတွေကို ဆိုင်သလို ဖွဲ့စည်းပြီးတော့ကာ မိမိတို့ပြဿနာတွေကို လုပ်ပြီးတော့ကာ ဖြေရှင်းရန်အတွက် အမြဲတမ်းလုပ်နေတဲ့ကိစ္စ၊ ဒီတော့ကာ အားလုံး လူတွေရဲ့အကျိုးကိစ္စ လူတွေရဲ့နိုင်ငံရေး။ ဒီတော့ အဲ့ဒီလိုဖြစ်အောင် လုပ်နိုင်ဖို့ဆိုတော့ ဆိုင်ရာဆိုင်ရာအဖွဲ့တွေက ကြည့်ပြီး ထိန်းထားမှသာ လူတွေလည်း နိုင်ငံရေးမှာ စိတ်ပါဝင်စားပြီးတော့ တတိုင်းတပြည်လုံးပေါ်မှာရှိတဲ့ လူတွေဟာ နိုင်ငံရေးသမား ဖြစ်လာအောင် နိုင်ငံရေးစိတ်ဝင်စားလာအောင် ဒီလိုအဖွဲ့တွေ ရှိရမယ်။
ဗိုလ်ချုပ်အောင်ဆန်း
(ဖဆပလ) ပြည်လုံးကျွတ်ညီလာခံ
၁၉၄၆ ခုနှစ် ဇန္န၀ါရီလ (၂၃)ရက်နေ့ ရွှေတိဂုံဘုရားအလယ်ပစ္စယံ
ခပ်ရှင်းရှင်းပြောရရင် ယနေ့အထိ ကျနော်တို့တတွေရဲ့ လုပ်ပုံကိုင်ပုံတွေဟာ ဘာမှ ကျေနပ်စရာ မရှိသေးဘူး၊ အတိအကျဆုံးဖြတ်ဖို့ အရေးကြီးနေတဲ့အခါ ကျနော်တို့တတွေ တွေဝေနေကြတယ်၊ ပြတ်ပြတ်သားသား လုပ်စရာရှိတဲ့အခါ ချီတုံချတုံဖြစ်နေကြတယ်။ ဒါတွေထက်ဆိုးဝါးတာက မှန်တယ်ထင်ရာကို မလုပ်ရဲတာပဲ၊ ကိုယ့်စိတ်ထဲက အလုပ်တစ်ခုဟာ ဘယ်လောက်ပင်မှန်တယ်လို့ ထင်နေပါစေ ဘယ်သူက ဘယ်လိုထင်မလဲ ဘာပြောမလဲ ဆိုတာတွေ တွေးပြီး ကိုယ်ယုံတာကတစ်မျိုး လုပ်တာကတစ်မျိုး ဖြစ်ဖြစ်နေကြတယ်။ အဲ့ဒါတွေဟာ ခေါင်းဆောင်လုပ်ရမဲ့ လူတွေ အနေနဲ့တော့ ပြဒါးတစ်လမ်း သံတစ်လမ်းပဲ။ အဲ့ဒီတော့ ကျုပ်တို့ဟာ လူထုရဲ့ခေါင်းဆောင် လုပ်မယ်ဆိုရင် လူထုအကျိုးကို တကယ်တမ်းဆောင်ရွက်နိုင်အောင် ကြိုးပမ်းကြရပေလိမ့်မယ်၊ ပြတ်ပြတ်သားသား လုပ်ရဲကြရပေလိမ့်မယ်၊ ချီတုံချတုံအဖြစ်မျိုးကို စွန့်ပစ်ကြရလိမ့်မယ်၊ နိုင်ငံရေးဆောင်ရွက်တယ် ဆိုတာ ကြောက်-လွဲ ရဲ-မင်းဖြစ် ဆိုတဲ့အတိုင်း ရဲမှဖြစ်မယ်။
ဗိုလ်ချုပ်အောင်ဆန်း
ရန်ကုန်အသံလွှင့်ဌာနမှ တိုင်းပြည်သို့ ပြောကြားသည့်မိန့်ခွန်း
၁၉၄၇ ခုနှစ် ဧပြီလ (၅)ရက်နေ့ ညနေ(၆)နာရီ (၃၃)မိနစ်
*****
၁၉ ဂျူလိုင် မမေ့နိုင်ဘု
ဂျူလိုင် ၁၉ မမေ့နိုးနှင့်
အသည်းထဲဝယ် စွဲထင်မြဲတည့်...
*****

ဆက်လက်ဖတ်ရှုရန်...>>>>

 
Looking for something? Try :::