NyAlAy
အချိန်ပေး၍ လာရောက်ဖတ်ရှုသူများကို ကျေးဇူး အထူးတင်ရှိပါတယ်။ နှစ်သစ်မှာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ....

Oct 30, 2009

မာန

မြေစမ်းခရမ်းပျိုးဖို့ မကြိုးစားနဲ့။
စာနာခြင်းမြေသြဇာတွေ လာမကြဲနဲ့။
လူချစ်လူခင်များအောင်လဲ မနေတတ်ဘူး။
နတ်ကွန်းမဟုတ်လို့ အမွှေးတိုင်လဲ မထွန်းမိဘူး။

ငါပုပ်ပွချင်ပွမယ်
ဘယ်သူ့မှ အပုပ်မချဘူး။
ငါစုတ်ပြတ်ချင်ပြတ်မယ်
ဘယ်သူ့မှ မယုတ်ပတ်ဘူး။
ငါချော်လဲချင်လဲမယ်
ဘယ်သူ့ကိုမှ အော်အော်ဆဲမနေဘူး။

နင်တို့ အထက်တန်းလွှာတွေ လာပေါင်းမှ
ငါ့ရဲ့မနက်ဖန်တွေ
တစ်စစီကျိုးပဲ့ကုန်မယ်.....

ထပ်ပြောလိုက်မယ်

သေချာနားထောင်သွား

ငါ့ကို
ဘယ်တော့မှ ကိုင်းလာမကူးနဲ့........

ဘယ်သူမှမသတ်ခင်
ငါအရင်သေနှင့်မယ်။
*****

4 comments:

Unknown said...

ငါပုပ်ပွချင်ပွမယ်
ဘယ်သူ့မှ အပုပ်မချဘူး။
ငါစုတ်ပြတ်ချင်ပြတ်မယ်
ဘယ်သူ့မှ မယုတ်ပတ်ဘူး။
ငါချော်လဲချင်လဲမယ်
ဘယ်သူ့ကိုမှ အော်အော်ဆဲမနေဘူး။

အဲ့တာမှ လူပီသတဲ့ လူစစ်စစ်

An Asian Tour Operator said...

တယ်ပြင်းထန်လှချည်လား...။

မြစ်ကျိုးအင်း said...

ဘာတွေများဖြစ်လို့ပါလိမ့်

စာသားတွေက အားမာန်အပြည့်နဲ့

အဆင်ပြေပါစေဗျာ

ခင်မင်သောအားဖြင့်....

Than Lay Tun said...

မင်္ဂလာပါညလေးေ၇
ဒီကဗျာလေးကိုအရမ်းကြိုက်လို့ ကဗျာလေးကကျွန်တော်တို့ရဲ့အားမာန်တွေကိုဖြေ့ပေးတဲ့အတွက်ကျေးဇူးပါ။

 
Looking for something? Try :::