NyAlAy
အချိန်ပေး၍ လာရောက်ဖတ်ရှုသူများကို ကျေးဇူး အထူးတင်ရှိပါတယ်။ နှစ်သစ်မှာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ....

Mar 11, 2009

အရူးတစ်ယောက်ရဲ့ကဗျာ

“အရူးတစ်ယောက်ရဲ့ကဗျာ”

ငါဟာ အတ္တသားကောင်ပေါ့(အဲလေ)
အတ္တသမားဆို ပိုမှန်မယ်
ဘယ်သူနဲ့ယှဉ်ယှဉ်
ကိုယ်ကချည်းအမှန်လေ
သိတယ်ဟုတ်?
ကိုယ့်ဖက်လဲကိုယ်ယက်တတ်သေး

ဘယ်သူမှ ငါနဲ့ယှဉ်လို့မရဘူး
ငါသာလျင် အတော်ဆုံး
ငါသာလျင် အတတ်ဆုံး
ငါသာလျင် အကောင်းဆုံး
အဲ့လို ငါဆွဲ ဆွဲပြီး
ကျန်လူတွေကို လူလို့ကိုမထင်တာ

အဆိုးဆုံးကတော့
မိန်းမတွေကိုပေါ့
ငါပြောသလိုသာ လုပ်
ငါလုပ်သလိုတော့ လိုက်မလုပ်နဲ့

မိန်းမဆိုတာ ယောက်ျားရဲ့နောက်က
ဘယ်တော့မှ ငါနဲ့ ပုခုံးချင်းလာမယှဉ်နဲ့
လမ်းလျောက်ရင်တောင် နောက်ကပဲလိုက်
ဘေးချင်းယှဉ်ရင်တော့ ခြေရာတိုင်းတယ်ပေါ့

ဟားဟားးဟားးးးး
စကားပြောလို့
လေသံမာလာရင်
ငါ့ကို ပမာမခန့်လုပ်ချင်လို့ပဲ
မိန်းမဆိုတာမျိုးက
မီးဖိုချောင်ထဲနေရမယ့်ဥစ္စာ

ဖြောင်းးးဖြောင်းးးး
ဘာသံလဲ သိချင်တယ်လား
လက်ပြန်နှစ်ချက် ဆက်ပေးလိုက်တာပေါ့
ဘာရမလဲ

ငါက ယောက်ျားတစ်ယောက်လေ
ငါ့ကို လာမထိနဲ့
ငါ့ကို လာမကြောနဲ့
ငါ့ဒေါသကို လာမဆွနဲ့
ငါက အရှင်
ငါက သခင်ပဲ
သေသွားမယ်မှတ်။
ညလေးရဲ့ ခံစားချက်လေးပါ၊ ခံစားကြည့်ပါဦးနော်။
*****

0 comments:

 
Looking for something? Try :::