NyAlAy
အချိန်ပေး၍ လာရောက်ဖတ်ရှုသူများကို ကျေးဇူး အထူးတင်ရှိပါတယ်။ နှစ်သစ်မှာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ....

Mar 11, 2009

တိတ်တိတ်နေပေးပါ

တစ်ချို့တွေပေါ့
ကိုယ့်ဘ၀နဲ့ကိုယ်
အေးအေးနေတာတောင်
ဖိအားလာပေးနေကြတယ်။

ဘာတွေဖြစ်ခဲ့လဲ
ဘာတွေဖြစ်နေလဲ
ကိုယ့်အကြောင်းကိုယ် အသိဆုံးပါ
တစ်ပါးသူ မသိခဲ့ရင်တောင်
မြတ်စွာဘုရားကတော့ သိနေတာပဲ
လိမ်လို့မရဘူးမှတ်။

အကြွေးရှိရင်လဲ
ဒီဘ၀ပြီးအောင်ဆပ်ရင်ဆပ်
မကျေလို့ကတော့
နောင်ဘ၀မှာ ကျွန်ခံနေရဦးမယ်
ဒါကို ရှောင်လွှဲလို့မရဘူး။

ဒီ့ပြင် ဒီ့ပြင်
ပြောချင်နေတာတွေ
ပါးစပ်ထဲပြည့်လျံနေတယ်
ပြောထွက်သွားအောင် လာမဆွနဲ့
အရှက်ကွဲတော့မှ နောင်တရနေမယ်။

ပြောချင်နေတာတွေ
ထွက်မသွားရအောင်
ခဏတော့
ငါ့ပါးစပ်ကို ဇစ်ဆွဲပြီး
ပိတ်ထားလိုက်ဦးမယ်။
*****

0 comments:

 
Looking for something? Try :::