NyAlAy
အချိန်ပေး၍ လာရောက်ဖတ်ရှုသူများကို ကျေးဇူး အထူးတင်ရှိပါတယ်။ နှစ်သစ်မှာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ....

Aug 19, 2007

သံသရာ

တစ်ခါတစ်ခါ
စိတ်နဲ့ကိုယ်မကပ်ပဲ
မလုပ်ချင် မကိုင်ချင်
ဒီလောက က ထွက်ပြေး
အရှုံးပေးတာတော့ မဟုတ်ဘူး
ဒါပေမယ့်...
ဘယ်သူမှ မရှိမယ့်နေရာမှာ
တစ်ယောက်တည်း နေချင်မိတယ်...

မဖြစ်သေးဘူး မဟုတ်လား
ဝဋ်ကြွေးတွေကများ
ပေးဆပ်စရာတွေ
ကျန်နေသေးလို့
င့ါစိတ်ကိုပြန်တင်း
ဒီလောကထဲ ပြန်လာလိုက်တယ်
အတ္တတွေနဲ့လေ....

ဒီလိုနဲ့....

ထွက်ပြေးလိုက် ပြန်လာလိုက်
လောက သံသရာထဲလည်နေရင်း......
သြော်..........
ငါတောင် အသက်ကြီးလာပြီပဲ။
*****

0 comments:

 
Looking for something? Try :::