အာဘွားယဉ်ကျေးမှုကို ဘယ်သူစလိုက်တာလဲ မသိဘူး ခုတော့ ဘလော့ဂါတွေ မတွေ့လိုက်နဲ့ တွေ့တာနဲ့ အာဘွားပေးတော့တာပဲ။ အစကောက်ကြည့်ရင်တော့ “ဘာညာ့” ဆီက စတာလို့ ယူဆရပါတယ်။ သူက တွေ့သမျှလူကို အာဘွား အာဘွားနဲ့ လိုက်လိုက် ပေးနေတာလေ။ အဲ့ဒီ ဘာညာ့ကို ညလေးက ဒီကနေပဲ မေးလိုက်တော့မယ် အပြင်မှာတွေ့ရင်ရော ဂယ်ပေးလားဟင် ???? သိချင်လို့ပါ ဘာညာလေးရယ် ဖြေဦးနော။
“မြလွှာ” ကတော့ ညလေးကို အပြင်မှာတွေ့ရင်လဲ ဂယ်ပေးမယ်ဆိုပဲ၊ ရင်ခုန်တာပေါ့နော်။ သူပြောတာနဲ့တင် သူ့ကို ပြေးတွေ့ချင်စိတ်တောင် ပေါက်သွားတယ်။ ချစ်စရာ မြလွှာလေး။
*****
အရင်ဆုံး ဘာညာနဲ့တွေ့ဖူးတဲ့ “မယ်လိုဒီ” ကိုရော အာဘွားပေးရဲ့လား၊ ပေးရင်ရော ဘယ်လိုပေးလဲ၊ ပေးတဲ့ခါမှာ နဖူးကိုပေးလား၊ ပါးကိုပေးလား၊ ဟိ ဖြေရင်ဖြေ မဖြေရင်တော့လား။ မယ်လိုဒီကရော ဘာညာ အဲ့လိုပေးတဲ့ခါမှာ ငြိမ်နေလား၊ ရင်ခုန်နေလား။ ဘာညာက နက်ပေါ်မှာပဲလိုက်ပေးပြီး အပြင်မှာ ဂယ်ပေးဘူးလား???? ဒါဆိုရင်တော့ ကောင်းဘူးလေ နက်ပေါ်ပေးရင် အပြင်မှာလဲ တွေ့တိုင်း အာဘွားပေးမှ အပြောနဲ့ အလုပ် ညီမှာပေါ့ ဟုတ်ဘူးလား။
ဘာပဲဖြစ်ဖြစ် အာဘွားဆိုတာ ချစ်ခင်ရင်းနှီးမှုကို ဖေါ်ပြတဲ့ အသုံးအနှုန်းလို့ ယူဆပါတယ်။ ဒါပြောတာက ဘာကိုမှ ရည်ညွှန်းတာလဲ မဟုတ်ပဲ သူငယ်ချင်းတွေ အချင်းချင်း ရင်းနှီးတဲ့ အသုံးအနှုန်းဖြစ်တယ်လို့ နားလည် လက်ခံပါတယ်။
*****
ဟိုးအရင်တုန်းကလဲ ချက်တင်တွေ ထိုင်ကြတုန်းက ချက်တင်ရွမ်းထဲမှာတော့ မတွေ့လိုက်နဲ့ ၀င်တဲ့သူကို အရင်ဆုံး “မင်္ဂလာပါ” လို့ နှုတ်ဆက်ကြတယ်။ တကယ်လဲ အပြင်မှာ တွေ့ကြရော အဲ့ဒီ “မင်္ဂလာပါ” ဆိုတဲ့စကား တစ်ယောက်မှ မပြောကြဘူး၊ နှုတ်မဆက်ကြဘူး။ ဒီစကားက ဆဲဆိုနေတာမှ မဟုတ်ပဲ ပြောကောင်းပါတယ်၊ ဘာလို့များ မျက်နှာမမြင်ရမှ ပြောတတ်ကြတာလဲ။ ဒီလိုဆို “မျက်နှာမမြင်ယဉ်ကျေးမှု” ဖြစ်နေမှာပေါ့။
လူတိုင်းသာ ဆုံတွေ့ကြရတဲ့ အခိုက်အတန့်ကာလလေးမှာ “မင်္ဂလာပါ” လို့ နှုတ်ဆက်ကြရင် ရန်တွေလဲ ငြိမ်းပြီး အပြုံးတွေဝေနေကြမှာပါ။ မြန်မာစကားက ကြွယ်ဝတော့ နှုတ်ဆက်စရာ စကားလုံးတွေလဲ ပေါများပါတယ်။ ဒါပေမယ့် ဒီ “မင်္ဂလာပါ” ဆိုတာကတော့ အယဉ်ကျေးဆုံးပါပဲ။ တစ်ယောက်ကစလို့ “မင်္ဂလာပါ” ပြောရင် နောက်တစ်ယောက်လဲ “မင်္ဂလာပါ” လို့ လိုက်ပြောကြမှာ။ ဒီလိုနဲ့ တစ်ယောက် တစ်ယောက် လက်ဆင့်ကမ်းသွားရင် ပြောနေကြ စကားလိုဖြစ်ပြီး ပြောရတာ တစ်မျိုးကြီးဖြစ်မနေ၊ ကြောင်မနေတော့ဘူးပေါ့။ တစ်ယောက်ယောက်က စဖို့ပဲလိုပါတယ်။
ကဲ.... ဒီတော့..... ညလေးတို့တွေလဲ ယဉ်ကျေးတဲ့ အသုံးအနှုန်းလေးတွေကို လက်ဆင့် ကမ်းလိုက်ကြရအောင်လား?????
အားလုံးကို အာဘွားးးးးးးး အခါ တစ်သိန်းးးးးးးးးးးးး ဟိ ဟိ
*****“မြလွှာ” ကတော့ ညလေးကို အပြင်မှာတွေ့ရင်လဲ ဂယ်ပေးမယ်ဆိုပဲ၊ ရင်ခုန်တာပေါ့နော်။ သူပြောတာနဲ့တင် သူ့ကို ပြေးတွေ့ချင်စိတ်တောင် ပေါက်သွားတယ်။ ချစ်စရာ မြလွှာလေး။

0 comments:
Post a Comment