ဒီပို့စ်ကတော့ လူတိုင်း လူတိုင်း စေ့စပ်လက်စွပ်ကို ဘာ့ကြောင့် လက်သူကြွယ်မှာ ၀တ်ဆင်ကြလဲဆိုတာကို ပြောပြထားတဲ့ တရုတ်သတင်းစာထဲပါတဲ့ စာပိုဒ်လေးကို ညလေးက တတ်သလောက်လေး ပြန်ပြောပြမှာပါ။ မှားတာရှိလဲ သည်းခံကြပေါ့၊ မဟုတ်ရင်လဲ မဟုတ်ဘူးသာပြောသွား (ရတယ်)၊ မမှန်လို့ရှိရင် ထိပ်သာခေါက်သွားကြ.. ဒါပဲ နားထောင်ချင်ထောင် (အဲလေ) ဖတ်ချင်ဖတ် မဖတ်ချင်နေ (ခပ်ပြတ်ပြတ်ပဲ) လကားစတာ... နားမလည်ရင် ပြန်မေးပေါ့ (စကားများတယ်လို့တော့ မပြောပါဘူး)
။
*****
အရင်ဆုံး မိမိတို့ရဲ့ လက်ဖ၀ါး နှစ်ဖက်မှာရှိတဲ့ လက်ချောင်းတွေကို လက်ခလယ်ချင်း အဆစ်တွေ ကွေးပြီး ထိလိုက်ပါ၊ ပြီးရင် ကျန် လက်ချောင်းတွေ ဖြစ်တဲ့ လက်မ၊ လက်ညှိုး၊ လက်သူကြွယ်နဲ့ လက်သန်း တို့ကို ပူးထားပေးပါတဲ့။ ခက်တာက ပုံသဏ္ဏာန်ပြဖို့ ညလေးရဲ့ လက်ကို အဲ့လိုလုပ်ပြီး ဓါတ်ပုံရိုက်တော့ လက်က နှစ်ဖက်ထဲရှိတယ်လေ ဒါ့ကြောင့် ဘယ်လိုမှ ရိုက်မရတော့တာနဲ့ သတင်းစာကိုပဲ အားရပါးရ ရိုက်ထဲ့ လိုက်တော့တယ် (ဖုန်းကင်မရာနဲ့ပါ)။ ရှုစားကြပါနော.. ဟဲ အောက်က ပုံအတိုင်းပေါ့..။
ပုံပါအတိုင်း လုပ်ပြီး သွားကြရင်တော့ အရင်ဦးဆုံး လက်မနှစ်ချောင်းကို ပူးထားရာကနေ ခွာလိုက်ပါတဲ့ ကျန်လက်တွေတော့ ပူးထားရက်ပဲနော်၊ အလွယ်တကူ ကွာသွားတာ တွေ့ပါလိမ့်မယ်။ လက်မနှစ်ချောင်းက မိဘတွေကို ကိုယ်စားပြုပါတယ်၊ လူဆိုတာ အိုမယ် နာမယ် သေဆုံးမယ် မဟုတ်လား မိဘတွေကလဲ တစ်ချိန်မှာ ကိုယ့်ကို ခွဲသွားမှာပါ၊ ကိုယ်ကလဲ မိဘတွေကို တစ်နေ့မှာ ခွဲရမှာပဲလေ။
လက်မပြန်ပူးပြီး လက်ညှိုးကိုလဲ ခွာကြည့်ပါဦးတဲ့ လက်ညှိုးကလဲ အလွယ်တကူ ကွာသွားတာကို တွေ့မှာပါ။ လက်ညှိုးကတော့ မောင်နှမသားချင်းတွေကို ကိုယ်စားပြုပါတယ်၊ မောင်နှမတွေကလဲ အသီးသီး အိမ်ထောင်ပြု ကိုယ့်အိုး ကိုယ့်အိမ် ထူကြရင် (ဒါမှမဟုတ်) ကိုယ့်ရည်ရွယ်ချက်နဲ့ ကိုယ်စိတ်သန်ရာ လုပ်ကြပြီး ခွဲသွားကြမှာပဲလေ။
နောက် ကျန်လက်တွေပူးပြီး လက်သန်းကိုလဲ ခွာကြည့်ပါဦး၊ သူလဲ အလွယ်တကူ ခွာလို့ရတယ် ဟုတ်။ လက်သန်းကတော့ သားသမီးတွေကို ကိုယ်စားပြုပါတယ်၊ သားသမီးတွေကလဲ အိမ်ထောင်ကျပြီးရင် သူ့လမ်းသူ သွားကြမှာပဲ မဟုတ်လား။
နောက်ဆုံး ကျန်နေတဲ့ လက်သူကြွယ်ကို ခွာကြည့်ပါဦး၊ ကျန်လက်တွေ ပူးကပ်ထားပါနော်။ အလွယ်တကူ ကွာသွားရဲ့လား ဘယ်လောက် အကွာအဝေးထိပဲ ကွာသွားပါလဲ။ အားအရမ်းစိုက်မှသာ အနည်းငယ် ကွာသွားတာကို ခံစားရပါတယ်။ လက်သူကြွယ်ကတော့ အိမ်ထောင်ဖက်ကို ကိုယ်စားပြုပါတယ်၊ ဒါ့ကြောင့် အိမ်ထောင်ဖက်က ကိုယ်နဲ့ ကောင်းတူ ဆိုးအတူ ကိုယ့်ဘ၀ တစ်လျှောက်လုံး သေသည်အထိ လက်တွဲသွားရမယ့်သူ ဖြစ်လို့ လက်သူကြွယ်မှာ ၀တ်ဆင်ကြတာပါလို့ ပြောသွားပါတယ်။
ညလေးက ထပ်ကွန့်ပြီး ဘာလို့ လက်ခလယ် မပါတာလဲလို့ အနားက သူငယ်ချင်းကိုမေးတော့ သူက ထည့်မတွက်ဘူးတဲ့။ ဘာ့ကြောင့်ပါလိမ့်ပေါ့ မရဘူး ထည့်ကိုထည့်ရမယ်၊ သူလဲ လက်ပဲမဟုတ်လား တွေးရင်းနဲ့ လက်ခလယ်ကိုကျ ညလေးဖာသာ အိမ်လို့ သတ်မှတ်လိုက်ပါကြောင်း။ ဘာ့ကြောင့်ဆိုတော့ စေ့စပ်ပြီးရင် လက်ထပ်လက်စွပ်ကို လက်ခလယ်မှာ စွပ်ကြတာ များတယ် မဟုတ်လား တစ်ခါတည်း အသေ အုတ်မြတ် ချလိုက်တာပေါ့။ ဟိ ညလေးကတော့ ဒီလိုပဲ တွေးမိပါကြောင်းးးး
*****
ဒီအကြောင်းအရာကို ညလေးက ခုမှ သိလို့ပါ သူငယ်ချင်းတို့ သိပြီးကြရင်လဲ နောက်တစ်ခေါက် ပြန်နွှေးတယ်လို့ သဘောထားပေါ့။ ဒါက ညလေးရဲ့ ပထမဆုံး တရုတ်လိုဖတ်ပြီး နားလည်သလို ပြန်ရေးထားတာပါ။ မူရင်းနဲ့တော့ အတော်လေး လွဲနေမှာ... ဟားးး ဟားးးး အားလုံးပဲ သည်းခံ ဖတ်ပေးကြပါလို့။
သူငယ်ချင်းတို့ရော ဘယ်လိုများ ထင်မြင်ကြလဲ၊ ကိုယ့်ယူဆချက် ထင်မြင်ချက်လေးတွေကို ပြောကြားပေးကြပါလား။ အားလုံးကလဲ ညလေးပြီးတော့ သူများတွေ ဘယ်လို မြင်ကြလဲ တွေးကြလဲ သိချင်ကြမှာပေါ့၊ နော်... ကျေးဇူးပြုပြီး။
**********