NyAlAy
အချိန်ပေး၍ လာရောက်ဖတ်ရှုသူများကို ကျေးဇူး အထူးတင်ရှိပါတယ်။ နှစ်သစ်မှာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ....

Mar 29, 2009

ချစ်တယ်ဆိုရင်

ချစ်တယ်ဆိုရင်
မညာချင်ဘူး
ယုံချင်လဲယုံ
မယုံရင်နေ
ရင်ထဲရှိတာ
အို... ဘာဖြစ်ဖြစ်
ပြောပြစ်လိုက်မယ်။

သိတယ်မဟုတ်လား
တို့တွေကတော့
ရင်ထဲမချန်
ဟန်လဲမလုပ်
ဒါတွေရှုပ်တယ်။

သိနေတယ်လေ
တွေဝေနေရင်
အချိန်တွေကြာတယ်
ဘာလုပ်မှာလဲ
ဖူးစာဆိုတာ
ဦးရာလူပါ
ချစ်သူသိရင်
ကျေနပ်တယ်။
*****
ဒီကဗျာလေးက ဟိုးးးး ငယ်ငယ် ကျောင်းတုန်းတည်းက စာအုပ်တွေမှာ ရေးကြရင်းနဲ့ ပါးစပ်ထဲမှာ ခုထိတိုင် အလွတ်ရနေတဲ့ ကဗျာလေး တစ်ပုဒ်ပါ အမှတ်တရအနေနဲ့ ပြန်တင်ထားလိုက်ပါတယ်။
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Mar 11, 2009

တိတ်တိတ်နေပေးပါ

တစ်ချို့တွေပေါ့
ကိုယ့်ဘ၀နဲ့ကိုယ်
အေးအေးနေတာတောင်
ဖိအားလာပေးနေကြတယ်။

ဘာတွေဖြစ်ခဲ့လဲ
ဘာတွေဖြစ်နေလဲ
ကိုယ့်အကြောင်းကိုယ် အသိဆုံးပါ
တစ်ပါးသူ မသိခဲ့ရင်တောင်
မြတ်စွာဘုရားကတော့ သိနေတာပဲ
လိမ်လို့မရဘူးမှတ်။

အကြွေးရှိရင်လဲ
ဒီဘ၀ပြီးအောင်ဆပ်ရင်ဆပ်
မကျေလို့ကတော့
နောင်ဘ၀မှာ ကျွန်ခံနေရဦးမယ်
ဒါကို ရှောင်လွှဲလို့မရဘူး။

ဒီ့ပြင် ဒီ့ပြင်
ပြောချင်နေတာတွေ
ပါးစပ်ထဲပြည့်လျံနေတယ်
ပြောထွက်သွားအောင် လာမဆွနဲ့
အရှက်ကွဲတော့မှ နောင်တရနေမယ်။

ပြောချင်နေတာတွေ
ထွက်မသွားရအောင်
ခဏတော့
ငါ့ပါးစပ်ကို ဇစ်ဆွဲပြီး
ပိတ်ထားလိုက်ဦးမယ်။
*****

ဆက်လက်ဖတ်ရှုရန်...>>>>

အရူးတစ်ယောက်ရဲ့ကဗျာ

“အရူးတစ်ယောက်ရဲ့ကဗျာ”

ငါဟာ အတ္တသားကောင်ပေါ့(အဲလေ)
အတ္တသမားဆို ပိုမှန်မယ်
ဘယ်သူနဲ့ယှဉ်ယှဉ်
ကိုယ်ကချည်းအမှန်လေ
သိတယ်ဟုတ်?
ကိုယ့်ဖက်လဲကိုယ်ယက်တတ်သေး

ဘယ်သူမှ ငါနဲ့ယှဉ်လို့မရဘူး
ငါသာလျင် အတော်ဆုံး
ငါသာလျင် အတတ်ဆုံး
ငါသာလျင် အကောင်းဆုံး
အဲ့လို ငါဆွဲ ဆွဲပြီး
ကျန်လူတွေကို လူလို့ကိုမထင်တာ

အဆိုးဆုံးကတော့
မိန်းမတွေကိုပေါ့
ငါပြောသလိုသာ လုပ်
ငါလုပ်သလိုတော့ လိုက်မလုပ်နဲ့

မိန်းမဆိုတာ ယောက်ျားရဲ့နောက်က
ဘယ်တော့မှ ငါနဲ့ ပုခုံးချင်းလာမယှဉ်နဲ့
လမ်းလျောက်ရင်တောင် နောက်ကပဲလိုက်
ဘေးချင်းယှဉ်ရင်တော့ ခြေရာတိုင်းတယ်ပေါ့

ဟားဟားးဟားးးးး
စကားပြောလို့
လေသံမာလာရင်
ငါ့ကို ပမာမခန့်လုပ်ချင်လို့ပဲ
မိန်းမဆိုတာမျိုးက
မီးဖိုချောင်ထဲနေရမယ့်ဥစ္စာ

ဖြောင်းးးဖြောင်းးးး
ဘာသံလဲ သိချင်တယ်လား
လက်ပြန်နှစ်ချက် ဆက်ပေးလိုက်တာပေါ့
ဘာရမလဲ

ငါက ယောက်ျားတစ်ယောက်လေ
ငါ့ကို လာမထိနဲ့
ငါ့ကို လာမကြောနဲ့
ငါ့ဒေါသကို လာမဆွနဲ့
ငါက အရှင်
ငါက သခင်ပဲ
သေသွားမယ်မှတ်။
ညလေးရဲ့ ခံစားချက်လေးပါ၊ ခံစားကြည့်ပါဦးနော်။
*****

ဆက်လက်ဖတ်ရှုရန်...>>>>

 
Looking for something? Try :::