NyAlAy
အချိန်ပေး၍ လာရောက်ဖတ်ရှုသူများကို ကျေးဇူး အထူးတင်ရှိပါတယ်။ နှစ်သစ်မှာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ....

Mar 30, 2007

ခြေရာ

သောင်ပြင်ဖွေးဖွေး
လေညှင်းအေးမြ
ကမ်းစပ်ဘေးနား
တူယှဉ်လက်တွဲ
လျှောက်ခဲ့ဖူးသည်။

သစ်ပင်အုပ်ဆိုင်း
ရစ်သိုင်းအုံဖွဲ့
မြေနီလမ်းထက်
တူယှဉ်လက်တွဲ
လျှောက်ခဲ့ဖူးသည်။

ဖူးပွင့်လှပ
စိမ်းမြမြက်ခင်း
ရနံ့ကြိုင်သင်း
ပန်းခင်းရဲ့အလယ်
တူယှဉ်လက်တွဲ
လျှောက်ခဲ့ဖူးသည်။

ရင်ခုန်လှိုက်မော
ကြည်နူးပျော်ရွှင်
လျှောက်ဖူးခဲ့သော
လမ်းများစွာတွင်
ထင်ကျန်ရစ်ခဲ့
ခြေရာများစွာ
ဖျောက်မရပါ။
*****

0 comments:

 
Looking for something? Try :::